မကြာသေးမှီကာလအတွင်း သင့် အချက်အလက်များအား backup သိမ်းဆည်းထားပြီးပါသလား ? ဧပြီအရူး တစ်ယောက် မဖြစ်ပါစေနှင့် - ကမ္ဘာလုံးဆိုင်ရာ Backup နေ့တွင် သင့်အချက်အလက်များအား backup လုပ်လိုက်ပါ
ထုတ်ဝေသည့်ရက်: ၂၀၂၁ မတ် ၃၁ · သတင်းခန်း · 1 မိနစ်ဖတ်ရန်

မာတိကာ
လော့ခ်ဒေါင်း ကန့်သတ်ချက်များကြောင့် တစ်ဦးချင်းစီသည် ဒစ်ဂျစ်တယ်ပိုင်းတွင် ယခင်ထက် ပိုမိုတက်ကြွပါဝင်လာသည်နှင့်အမျှ အချက်အလက် ဆုံးရှုံးမှု ဖြစ်နိုင်ချေမှာ တိုးမြှင့်လာသည်။
မတ်လ ၃၁ ရက်နေ့သည် ကမ္ဘာလုံးဆိုင်ရာ Backup နေ့ ဖြစ်ပြီး အချက်အလက်များ backup လုပ်ခြင်း၏ အရေးပါမှုကို အင်တာနက်သုံးစွဲသူ အယောက်တိုင်းအား သတိရစေသော နေ့ဖြစ်သည်။
သင်မှ ဘာကြောင့် အချက်အလက်များ backup သိမ်းဆည်းခြင်းကို ထည့်သွင်းစဉ်းစားသင့်သလဲ ?
Backup တစ်ခု၏ အဓိကရည်ရွယ်ချက်မှာ စက်များ အပေးအယူလုပ်ခံရခြင်း၊ အချက်အလက် ပျောက်ဆုံးခြင်း သို့မဟုတ် သူခိုးရန် အနေအထားတွင် သင့်ကို ဖိုင်များအား အလျင်အမြန် ပြန်လည်ရယူရာတွင် ကူညီပေးရန် ဖြစ်သည်။
အိမ်တွင်း မတော်တဆဖြစ်မှုများ၊ စက်သူခိုး၊ hard-drive ပျက်ဆီးသွားမှုများ သို့မဟုတ် အန္တရာယ်ရှိသော တိုက်ခိုက်မှုများ၊ အဖိုးတန် ဖိုင်များ၊ ဗီဒီယိုများ သို့မဟုတ် အလုပ်စာရွက်စာတမ်းများ ပျောက်ဆုံးခြင်း မှသည် အချိန်အတိုင်းအတာတစ်ခု အထိသာြဖစ်သည်။ မြောက်မြားစွာသော ဖြစ်ပျက်ပုံများသည် အချက်အလက် ဆုံးရှုံးမှုထံ ဦးတည်နိုင်ပြီး အဝေးမှ အလုပ်လုပ်ခြင်းထံ ရွှေ့ပြောင်းလာကြကတည်းက စက်ချို့ယွင်းမှုများ နှင့် အချက်အလက် စကားဝှက်ပြုခြင်း malware ကူးစက်ခြင်းများ၏ အခွင့်အလမ်းများမှာ အထူး တိုးမြှင့်လာနေသည်။
အန္တရာယ်ပြုသူများသည် ပြန်ရွေးခအတွက် အသုံးပြုသူ၏ အချက်အလက်များအား ခိုးယူရန် သို့မဟုတ် လက်ဝယ်ထားရှိရန် ရှိနေကြသည်။ အကယ်၍ သင်မှာ ဆိုက်ဘာ- ပါးနပ်သော အင်တာနက် အသုံးပြုသူများအကြားတွင် ရှိနေလျှင်ပင် အချက်အလက်များအား လုံခြုံစိတ်ချနေစေရန် အချိန်ယူခြင်းမှာ ထိုက်တန်မှုရှိနေသေးသည်။
၎င်းမှာ သင့်မိသားစု ဒစ်ဂျစ်တယ် ဗီဒီယိုများ နှင့် ဓါတ်ပုံများ၊ ကျောင်း စာတမ်းများ သို့မဟုတ် အလုပ်ပရောဂျက်များ ဖြစ်နေပါစေ၊ အကယ်၍ ၎င်းတို့ အခိုးခံရ သို့မဟုတ် ပျောက်ဆုံးခဲ့လျှင် သင် ၎င်းတို့အား အစားထိုး မရနိုင်ပေ။ ထို့ပြင် အရေးကြီး လုပ်ငန်း အချက်အလက်နှင့် စာချုပ်စာတမ်းများ ပျောက်ဆုံးခြင်းမှာ တရားရေးရာ ပြဿနာများ ဖြစ်ပွားနိုင်ပြီး သင့်ကုမ္ပဏီ၏ ဂုဏ်သတင်းကိုလည်း ထိခိုက်ဖျက်ဆီးနိုင်သည်။ သင့်အချက်အလက်များအား ပုံမှန် backup များပြုလုပ်ခြင်းသည် သင့်အား ဆိုးရွားသော အကျိုးဆက်များထံမှ ကာကွယ်ပေးနိုင်သည်။
သင့်အချက်အလက်များအား backup သိမ်းဆည်းရန် လွယ်ကူသောနည်းလမ်းများ
သင့်အချက်အလက်များ၏ backup တစ်ခု ဖန်တီးခြင်းမှာ အချိန်နှင့် အားစိုက်မှု လိုသည်။ သို့သော် စိတ်မပူပါနှင့်၊ သင် လုပ်နိုင်ပါလိမ့်မည်။ သင့်ကွန်ပျူတာထံ ပြင်ပ hard drive တစ်ခု သို့မဟုတ် USB flash drive တစ်ခုအား plug in ထိုးသွင်းခြင်းဖြင့် အစပြုနိုင်ပါသည်။ ဤအရာမှာ သယ်ယူရလွယ်ပြီး ရိုးရှင်းသည့် နည်းလမ်းတစ်ခု ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ပြင်ပ hard drive များနှင့် USB များမှာ အလွယ်တကူ ပျက်ဆီးနိုင်ပြီး အခိုးခံရ သို့မဟုတ် ပျောက်လွယ်နိုင်သည်။ ကောင်းမွန်သော စနစ်တစ်ခုအတွက် cloud backup ဝန်ဆောင်မှုတစ်ခု အသုံးပြုခြင်းအား ထည့်သွင်းစဉ်းစားပါ။ Cloud သိမ်းဆည်းမှု ဝန်ဆောင်ပေးသူများမှာ upload မြန်ဆန်မှု၊ သိမ်းဆည်းနိုင်စွမ်း နှင့် ထပ်ဆင့် သွင်ပြင်ရပ်များအပေါ် မူတည်၍ ကွဲပြားနိုင်သောကြောင့် သင့် သုတေသနကို လုပ်ကြည့်ပါ။
“ကျွန်ုပ်သည် ကျွန်ုပ်၏ အရေးကြီး စာရွက်စာတမ်းများ နှင့် အဖိုးတန် မှတ်တမ်းများကို backup သိမ်းဆည်းရန် မတ်လ ၃၁ ရက်နေ့တွင် လေးလေးနက်နက် တိုင်တည်သစ္စာပြုပါသည်။”
ကမ္ဘာလုံးဆိုင်ရာ Backup နေ့ ကတိသစ္စာ အား ယနေ့ပင် ရယူပြီး အချက်အလက်များအား ပုံမှန် backup သိမ်းဆည်းခြင်း၏ အရေးပါမှုအကြောင်း သင့်မိတ်ဆွေများ နှင့် မိသားစုထံ စကားပါးလိုက်ပါ။
သင်မှ အကောင်းဆုံး backup နည်းလမ်းအပေါ် ဆုံးဖြတ်ခြင်းဖြင့် အလုပ်ရှုပ်နေစဉ်အတွင်း အန္တရာယ်ရှိသော တိုက်ခိုက်မှုများ နှင့် ဆိုက်ဘာသူခိုးများထံမှ အဖိုးတန် အချက်အလက်များကို ကာကွယ်ရန် လုံခြုံရေး solution တစ်ခုကို ထည့်သွင်းလိုက်ပါ။
ဆက်စပ်ဆောင်းပါးများ

Scam Alert: Fraudsters Impersonate Bitdefender in Fake Job Interviews
ထုတ်ဝေသည့်ရက်: ၂၀၂၅ နို ၂၅
ဆောင်းပါးဖတ်ရန်
CyberSec Vietnam Conference 2024
ထုတ်ဝေသည့်ရက်: ၂၀၂၄ အောက် ၁၈
ဆောင်းပါးဖတ်ရန်
VPN အသုံးပြုခြင်း၏ အရေးကြီးမှု: ကိုယ်ပိုင်စရိတ္တနှင့် လုံခြုံမှုတိုးတက်အောင်အကောင်းမြင်ရန်
ထုတ်ဝေသည့်ရက်: ၂၀၂၄ ဩ ၂၀
ဆောင်းပါးဖတ်ရန်
Bitdefender သည် ဘန်ကောက်တွင် ကျင်းပသည့် SIS Technology Showcase 2024 တွင် ရောင်ပြန်လင်းနေသည်
ထုတ်ဝေသည့်ရက်: ၂၀၂၄ ဩ ၁၅
ဆောင်းပါးဖတ်ရန်