ဆိုက်ဘာ တိုက်ခိုက်မှုများ၏ အရေအတွက်မှာ ငါးဆအထိ တိုးမြှင့်သွားခဲ့ကြောင်း WHO မှ အထောက်အထားများ သတင်းယိုစိမ့်ခြင်းအပေါ် ဝန်ခံခြင်း
ထုတ်ဝေသည့်ရက်: ၂၀၂၀ ဧ ၂၇ · သတင်းခန်း · 1 မိနစ်ဖတ်ရန်

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) မှ လွန်ခဲ့သောနှစ်အတိုင်းအတာနှင့်ယှဉ်၍ အဖွဲ့အစည်းအားဦးတည်ထားသော ဆိုက်ဘာတိုက်ခိုက်မှုများ၏ အရေအတွက်မှာ ငါးဆအထိ တိုးမြှင့်ခဲ့ကြောင်း မှတ်ချက်ချခဲ့ပြီး လွန်ခဲ့သောအပတ်မှာပင် အွန်လိုင်းပေါ်၌ လက်ရှိအသုံးပြုနေသော အထောက်အထားပေါင်း ၄၅၀ ဝန်းကျင်ခန့် သတင်းယိုစိမ့်မှုရှိခဲ့ကြောင်း ဝန်ခံခဲ့သည်။
The Gates ဖောင်ဒေးရှင်း အပါအဝင် ကိုဗစ်-၁၉ ကပ်ရောဂါဆိုးအား ဆန့်ကျင်တိုက်ထုတ်ရာတွင် ပါဝင်သည့် ထိပ်တန်း ကုမ္ပဏီကြီးများ နှင့် အဖွဲ့အစည်း တချို့တို့နှင့်အတူ WHO သည် အချက်အလက် သတင်းယိုစိမ့်မှု တစ်ခု၏ အကြောင်းအရာခေါင်းစဉ် ဖြစ်ခဲ့သည်။ အွန်လိုင်းပေါ်တွင် အထောက်အထားများစွာ သတင်းယိုစိမ့်ခဲ့ပြီး အချို့မှာ လက်ရှိအသုံးပြုနေသော WHO အကောင့်များနှင့် သက်ဆိုင်နေသည်။
လွန်ခဲ့သော အပတ်အနည်းငယ်ကပင် WHO မှ ၎င်း၏ဝန်ထမ်းများကို ဦးတည်သော phishing လှုံ့ဆောင်မှုတစ်ရပ်မှာ ပြန့်ကျက်နေခဲ့သော်လည်း အဖွဲ့အစည်းအပေါ် ထိုလုပ်ရပ်မှာ အန္တရာယ်မဖြစ်လောက်ကြောင်း နှင့် ၎င်းတို့အနေနှင့်လည်း ထိုကြိုးပမ်းမှုများကို သတိထားမိကြောင်း အစီရင်ခံခဲ့သည်။ Phishing လှုံ့ဆော်မှုမှာ အကျိုးသက်ရောက်မှု ရှိမရှိအပေါ် မသေချာခဲ့သော်လည်း ထိုအရာအပေါ် စိတ်ဝင်စားမှုရှိခဲ့သည်မှာ သိသာထင်ရှားသည်။
လှုံ့ဆောင်မှုများအပေါ် တရားဝင်ကြောင်း ခံစားချက်အတစ်ခုပေးနိုင်ရန် မျှော်လင့်ရင်း အီးမေးလ်များထဲတွင် WHO အား ထောက်ခံပေးချက်တစ်ခုအနေနှင့်အသုံးပြုနေသော spam တစ်စုမှာ ရှိနေခဲ့ပြီး ဖြစ်သည်။ လက်တွေ့တွင် Bitdefender ၏ telemetry သည် ဖေဖော်ဝါရီလ မှ မတ်လ အထိ spam အီးမေးလ်အရေအတွက်များမှာ ငါးဆတိုင် တိုးမြှင့်လာကြောင်း တွေ့ရှိခဲ့သည်။
“အထူးသဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါဆိုးကာလအတွင်း အဖွဲ့ဝင်နိုင်ငံများအတွက် ကျန်းမာရေးသတင်းအချက်အလက် လုံခြုံမှု နှင့် ကျွန်ုပ်တို့နှင့်ဆက်ဆံနေသော အသုံးပြုသူများ၏ လှို့ဝှက်ချက်များအပေါ် သေချာမှုရှိစေခြင်းမှာ WHO အတွက် အချိန်တိုင်း အဓိကဦးစားပေးတစ်ခု ဖြစ်သည်” ဟု WHO ၏ သတင်းအချက်အလက်ဆိုင်ရာ ဦးဆောင်ညွှန်ကြားရေးမှူး Bernardo Mariano မှ ပြောကြားခဲ့သည်။ "ကျွန်ုပ်တို့အနေနှင့် အဖွဲ့ဝင်နိုင်ငံများ နှင့် သီးသန့်ကဏ္ဍများမှ ရရှိသော သတိပေးချက်များတွက် အထူးကျေးဇူးတင်ရှိပါတယ်။ ကျွန်ုပ်တို့အားလုံး ဤတိုက်ထုတ်မှုမှာ အတူတကွပါဝင်နေကြတယ်။”
WHO ပြောကြားချက်အရ သတင်းယိုစိမ့်မှုဖြစ်ခဲ့သော လက်ရှိအသုံးပြုနေသည့် WHO အီးမေးလ်လိပ်စာများနှင့် လှို့ဝှက်ကုဒ်ပေါင်း ၄၅၀ မှာ ဝန်ထမ်းများ နှင့် လုပ်ငန်းဖော်များ အသုံးပြုနေကြသေးသည့် extranet စနစ်ဟောင်းတစ်ခုအပေါ် သက်ရောက်မှုရှိခဲ့သည်။ အဖွဲ့အစည်းမှ ထိခိုက်ခဲ့သောစနစ်များအား ပို၍လုံခြုံသော ဖွဲ့စည်းတည်ဆောက်ပုံတစ်ခုသို့ ပြောင်းရွှေ့မှုပြုလုပ်နေသည်။
WHO မှလည်း အများပြည်သူများအား ၎င်းတို့အဖွဲ့အစည်းမှလာဟန်ရှိသည့် အီးမေးလ်များအပေါ် သတိထားရန် သတိပေးနေပြီး အသုံးပြုသူများ ၎င်းတို့လိုအပ်သည့် သတင်းအချက်အလက်၏ တရားဝင်မူရင်းများကို သေချာစီစစ်ရန်လည်း အကြံပြုခဲ့သည်။
ဆက်စပ်ဆောင်းပါးများ

Scam Alert: Fraudsters Impersonate Bitdefender in Fake Job Interviews
ထုတ်ဝေသည့်ရက်: ၂၀၂၅ နို ၂၅
ဆောင်းပါးဖတ်ရန်
CyberSec Vietnam Conference 2024
ထုတ်ဝေသည့်ရက်: ၂၀၂၄ အောက် ၁၈
ဆောင်းပါးဖတ်ရန်
VPN အသုံးပြုခြင်း၏ အရေးကြီးမှု: ကိုယ်ပိုင်စရိတ္တနှင့် လုံခြုံမှုတိုးတက်အောင်အကောင်းမြင်ရန်
ထုတ်ဝေသည့်ရက်: ၂၀၂၄ ဩ ၂၀
ဆောင်းပါးဖတ်ရန်
Bitdefender သည် ဘန်ကောက်တွင် ကျင်းပသည့် SIS Technology Showcase 2024 တွင် ရောင်ပြန်လင်းနေသည်
ထုတ်ဝေသည့်ရက်: ၂၀၂၄ ဩ ၁၅
ဆောင်းပါးဖတ်ရန်