ထရမ့် အုပ်ချုပ်ရေးမှ တရုတ် အက်ပလီကေးရှင်း ရှစ်ခု အသုံးပြုမှုအား တားမြစ်လိုက်ခြင်း
ထုတ်ဝေသည့်ရက်: ၂၀၂၁ ဇန် ၆ · သတင်းခန်း · 1 မိနစ်ဖတ်ရန်

သမ္မတ ဒေါ်နယ်ထရမ့်သည် ယူအက်စ် နိုင်ငံလုံခြုံရေး နှင့် နိုင်ငံခြားစည်းမျဉ်းဥပဒေအပေါ် ခြိမ်းခြောက်ရန်ဆိုလာသည့် တရုတ် အက်ပလီကေးရှင်း ရှစ်ခု၏ အသုံးပြုမှုအား တားမြစ်ပိတ်ပင်သည့် အမှုဆောင်အမိန့်တစ်ရပ်အား လက်မှတ်ရေးထိုးခဲ့သည်။
၄၅ ရက်အတွင်း အကျိုးသက်ရောက်သည့် အမိန့်တွင် Alipay, CamScanner, QQ Wallet, SHAREit, Tencent QQ, VMate, WeChat Pay နှင့် WPS Office တို့ကို တားမြစ်ပိတ်ထားသည်။ ၎င်းမှ ဤမိုဘိုင်း အက်ပလီကေးရှင်းများသည် အသုံးပြုသူများထံမှ ပုဂ္ဂိုလ်ရေးရာ ခွဲခြားသတ်မှတ်နိုင်သည့် သတင်းအချက်အလက်များကို ရယူ၊ ခိုးယူနိုင်ကြောင်း အလေးပေးပြောဆိုထားသည်။
“စမတ်ဖုန်းများ၊ tablet များ နှင့် ကွန်ပျူတာများ အစရှိသည့် ကိုယ်ပိုင်အီလက်ထရောနစ်စက်ပစ္စည်းများအား ဝင်ရောက်ရယူခြင်းအားဖြင့် တရုတ်နှင့် ဆက်သွယ်ထားသည့် ဆော့ဖ်ဝဲ အက်ပလီကေးရှင်းများသည် လှို့ဝှက်ကိုယ်ရေးကိုယ်တာ ခွဲခြားနိုင်သော သတင်းအချက်အလက်များ နှင့် သီးသန့်သတင်းအချက်အလက်များ အပါအဝင် အသုံးပြုသူများထံမှ ကျယ်ပြောလှသော သတင်းအချက်အလက်များစွာတို့ကို ဝင်ရောက် ဖမ်းယူ ရယူနိုင်သည်” ဟု အမိန့်စာတွင် ပြောဆိုခဲ့သည်။ “ဤအချက်အလက်စုဆောင်းမှုသည် ဖယ်ဒရယ်ဝန်ထမ်းများ နှင့် စာချုပ်ချုပ်ဆိုထားသူများ၏ တည်နေရာများကို ခြေရာခံရန်နှင့် ပုဂ္ဂိုလ်ရေးရာ သတင်းအချက်အလက် မှတ်တမ်းများ တည်ဆောက်ရန် တရုတ်အား ခွင့်ပြုလိမ့်မည် ဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ (ပီအာစီ) နှင့် တရုတ်ကွန်မြူနစ်ပါတီ (စီစီပီ) တို့အား အမေရိကန်နိုင်ငံသားများ၏ ကိုယ်ပိုင်၊ ပုဂ္ဂိုလ်ရေးရာ သတင်းအချက်အလက်များအပေါ် ဝင်ရောက်ရယူခြင်းနှင့်အတူ ပေးရန် ခြိမ်းခြောက်နေသည်။”
အမိန့်စာသည် အသုံးပြုသူအချက်အလက်အား တရားမဝင် ဝင်ရောက်ရယူခြင်း နှင့် ထုတ်လွှင့်ခြင်း တို့ထံမှ ကာကွယ်ရန် အခြား ပြည်နယ်များမှ ယူမည့်အတိုင်းအတာများကိုလည်း အလေးပေးဖော်ပြထားသည်။ ပိုမိုတိကျစွာပြောရလျှင် အမိန့်စာတွင် “အိန္ဒိယနိုင်ငံအပြင်ဖက်ရှိ တည်နေရာများတွင်ရှိသည့် ဆာဗာများထံ တရားမဝင်လုပ်ရပ်တစ်ခုအတွင် အသုံးပြုသူများ၏ အချက်အလက်အား ခိုးယူခြင်း နှင့် လှို့ဝှက်စွာ ထုတ်လွှင့်ခြင်း” အတွက် အိန္ဒိယမှ တရုတ် အက်ပလီကေးရှင်းပေါင်း ၂၀၀ ကျော်အား တားမြစ်ပိတ်ခြင်းအပေါ် ရည်ညွှန်းထားသည်။
နိုင်ငံလုံခြုံရေးအပေါ် ခြိမ်းခြောက်မှုတစ်ရပ်၏ အဆိုရပ်များအား ဟက်လုပ်သည့် တရုတ်အဖွဲ့များမှ ပတ်သက်ပါဝင်ခဲ့သည့် ယခင် ဆိုက်ဘာတိုက်ခိုက်မှုများကို ရည်ညွှန်းခြင်းဖြင့်လည်း ထောက်ခံပေးထားသည်။
“ဥပမာ - ၂၀၁၄ ခုနှစ် ပုဂ္ဂိုလ်ရေးရာစီမံခန့်ခွဲမှုရုံး လုံခြုံရေး၏ ဆိုက်ဘာ ကျူးကျော်မှုများမှ လူ သန်းပေါင်း ၂၁ မီလီယံကျော်၏ မှတ်တမ်းများ ဖျောက်ဖျက်ခြင်းမှာ တရုတ် အေးဂျင့်များမှ ဦးစီးလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။” ဟု အမိန့်စာတွင် မှတ်သားထားသည်။ “၂၀၁၅ ခုနှစ်တွင် ဟက်လုပ်သည့် တရုတ်အဖွဲ့တစ်ဖွဲ့မှ အမေရိကန်နိုင်ငံသား ၇၈ မီလီယံကျော်အား ထိခိုက်စေခဲ့သည့် အမေရိကန် ကျန်းမာရေးအာမခံကုမ္ပဏီ Anthem အား သတင်းချိုးဖောက်မှုဖြစ်စေခဲ့သည်။ ပြီးလျှင် တရားရေးရာဌာနမှ တရုတ်စစ်တပ် အဖွဲ့ဝင်များအား အမေရိကန်နိုင်ငံသားအားလုံး၏ တဝက်နီးပါး ကိုယ်ပိုင်သတင်းအချက်အလက်များ အပေးအယူလုပ်ခြင်းခံရသည့် ၂၀၁၇ ခုနှစ် Equifax ဆိုက်ဘာ ကျူးကျော်မှုအတွက်လည်း စွဲချက်တင်ပြောဆိုခဲ့သည်။”
လူ ၄ ယောက်တွင် ၁ ယောက်မှာ အချက်အလက်ချိုးဖောက်မှုများ၏ ခံရသူတစ်ဦး ဖြစ်နိုင်ချေရှိသည်။ သင့်အနေနှင့် ဖော်ထုတ်ခံရဖူးပါသလား ? Bitdefender Total Security နှင့်အတူ လုံခြုံစွာ ရှိနေပါ။
ဤအရာမှာ ယူအက်စ်တွင် တရုတ်အက်ပလီကေးရှင်းများအား ကန့်သတ်ရန် ပထမဆုံးကြိုးပမ်းမှု မဟုတ်ပေ။ ယခင်နှစ်တွင် ဗီဒီယို-မျှဝေသည့် အက်ပလီကေးရှင်း TikTok ပိုင်ရှင်မှာ ယူအက်စ်ရှိ လုပ်ဆောင်ချက်များအား ပိတ်ချရန် အမိန့်ပေးခြင်းခံခဲ့ရသည်။ ထရမ့် အုပ်ချုပ်ရေးမှ တရားရုံးတွင် နိုင်ငံလုံခြုံရေး ခြိမ်းခြောက်မှု အပေါ် ဆက်လက် ထောက်ပြနေခဲ့သော်လည်း ဖယ်ဒရယ်တရားသူကြီးမှာ ယူအက်စ်မြေပေါ်တွင် ၎င်း၏ အသုံးပြုမှုအား တားမြစ်ရန် ကြိုးပမ်းမှုကို ပိတ်ဆို့ခြင်းဖြင့် လူမှုမီဒီယာ အက်ပလီကေးရှင်းအား အလေးပေး ဆုံးဖြတ်ချက်ချခဲ့သည်။
ဆက်စပ်ဆောင်းပါးများ

Scam Alert: Fraudsters Impersonate Bitdefender in Fake Job Interviews
ထုတ်ဝေသည့်ရက်: ၂၀၂၅ နို ၂၅
ဆောင်းပါးဖတ်ရန်
CyberSec Vietnam Conference 2024
ထုတ်ဝေသည့်ရက်: ၂၀၂၄ အောက် ၁၈
ဆောင်းပါးဖတ်ရန်
VPN အသုံးပြုခြင်း၏ အရေးကြီးမှု: ကိုယ်ပိုင်စရိတ္တနှင့် လုံခြုံမှုတိုးတက်အောင်အကောင်းမြင်ရန်
ထုတ်ဝေသည့်ရက်: ၂၀၂၄ ဩ ၂၀
ဆောင်းပါးဖတ်ရန်
Bitdefender သည် ဘန်ကောက်တွင် ကျင်းပသည့် SIS Technology Showcase 2024 တွင် ရောင်ပြန်လင်းနေသည်
ထုတ်ဝေသည့်ရက်: ၂၀၂၄ ဩ ၁၅
ဆောင်းပါးဖတ်ရန်