လုံခြုံရေး လစ်ဟာမှုများအား ဖွင့်ပေးသည့် ထိပ်တန်း Endpoint Misconfiguration ၅ ခု
ထုတ်ဝေသည့်ရက်: ၂၀၂၀ ဇွန် ၅ · သတင်းခန်း · 2 မိနစ်ဖတ်ရန်

Misconfiguration များသည် ဘုံ ဆိုက်ဘာလုံခြုံရေး လစ်ဟာမှုတစ်ခု ဖြစ်သည်။ Privilege များ၊ endpoint setting များ၊ မလိုအပ်ပဲ လုပ်ခွင့်ပေးထားသော အန္တရာယ်များသည့် ဝန်ဆောင်မှုများ၊ နှင့် ဆိုးရွားသော ထိန်းချုပ်မှုဝင်ရောက်ရယူခွင့် configuration များ ထဲမှ configuration အမှားများမှာ အထူးသဖြင့် managed service providers (MSPs) မှအကာအကွယ်ယူထားသည့် အရာများကဲ့သို့သော အသေးစား၊ အလယ်အလတ် စီးပွားရေး ပတ်ဝန်းကျင်များတွင် ဆိုက်ဘာလုံခြုံရေး ပြဿနာများ၏ အကြောင်းရင်းများဆီ ဦးတည်နေကြကြောင်း လုံခြုံရေး ကျွမ်းကျင်သူများက သဘောတူကြသည်။
Misconfiguration များသည် အချို့ကိစ္စရပ်များတွင် မသမာသူများမှ ရက်ပိုင်း၊ နာရီပိုင်း နှင့် မိနစ်ပိုင်းအတွင်း၌ပင် အိုင်တီစီမံအုပ်ချုပ်သူများ၏ ပေါ့ဆမှုများအပေါ် အနိုင်ကျင့်ရန် တတ်နိုင်ကြသည်။ အကယ်၍ စနစ် misconfiguration တစ်ခုအား ပြုပြင်ရန် ရက်တစ်ရက်ထက် ပိုကြာမည်ဆိုလျှင် တိုက်ခိုက်သူများသည် ပြီးပြည့်စုံသောတိုက်ခိုက်မှုတစ်ခုကို ဖြန့်ကျက်ရန် နှင့် အစပိုင်းတွင် အလွန်သေးငယ်သောအခွင့်အရေးတစ်ခုအဖြစ်သာပုံပေါ်သည့် ပစ်မှတ်ထားထားသော ဖွဲ့စည်းတည်ဆောက်ပုံအား ထိုးဖောက်ဝင်ရောက်ရန် ၎င်းတို့လိုအပ်သည့် အနေအထားကို ရသွားပေလိမ့်မည်။
လေးပုံတစ်ပုံထက်ပိုသည့် အဖွဲ့အစည်းများမှ configuration စီမံအုပ်ချုပ်မှုသည် endpoint စက်များ လုံခြုံစေခြင်းတွင် အကြီးမားဆုံးသော စိန်ခေါ်မှုများထဲမှတစ်ခု ဖြစ်ကြောင်း ညွှန်းဆိုထားကြသည်။အမှန်တွင် endpoint misconfiguration မှာ တိုက်ခိုက်သူများအားဖြင့် အမြတ်ထုတ်ခံရသည့် ခြိမ်းခြောက်မှု အဝင် အမှတ်များ၏ ၂၇% ကို ကိုယ်စားပြုသည်။
လုံခြုံရေးအဖွဲ့များသည် အားနည်းချက် စီမံထိန်းချုပ်မှု၊ အဖြစ်အပျက် triage နှင့် ပြန်လည်ပြင်ဆင်ခြင်း အစရှိသည့် ထပ်ခါထပ်ခါ လုပ်ရပ်များ နှင့်အတူ စိတ်ပင်ပန်းကြရသည်။ ထို့ကြောင့် လုံခြုံရေး misconfiguration များမှာ အမြတ်ရလွယ်သော တိုက်ခိုက်မှုနေရာတစ်ခု ဖြစ်သည် - မသမာသူများသည် အလိုအလျောက်လုပ်ဆောင်ခြင်း မရှိသော အိုင်တီအင်ဂျင်နီယာများမှာ အမြဲ ခြောက်လှန့်သတိပေးခံနေသည်ကို သိကြသည်။ လုံခြုံရေးအဖွဲ့များသည် အန္တရာယ် ခန့်မှန်းရန် နှင့် အိုင်တီစနစ်များအပေါ် အနှောင့်အယှက်ပေးခြင်းမပြုပဲ configuration ပြဿနာများကို လျင်မြန်စွာ ဖြေရှင်းရန် နည်းလမ်းများ လိုအပ်သည်။
“လုံခြုံရေး misconfiguration များမှာ အဘယ်ကြောင့် ဘုံ တိုက်ခိုက်မှု အားနည်းချက်တစ်ခု ဖြစ်ရတာလဲ။ ဘာကြောင့်လဲဆိုတော့ မသမာသူများက အလိုအလျောက်လုပ်ဆောင်ခြင်း မရှိသော အိုင်တီအင်ဂျင်နီယာများမှာ ရေယိုစိမ့်နေတဲ့လှေတစ်စီးထဲက ရေကိုခပ်ထုတ်နေကြရင်း အမြဲ ခြောက်လှန့်သတိပေးခံနေရတာကို သိနေကြတယ်” ဟု Bitdefender ၏ ခြိမ်းခြောက်မှု သုတေသနနှင့် အစီရင်ခံခြင်း ဒါရိုက်တာ Bogdan Botezatu မှ ပြောဆိုသည်။
Misconfiguration များမှာ အသေးစိတ်အဖြစ်အပျက်တစ်ခု ဖြစ်ပြီး ဆိုလိုသည်မှာ အိုင်တီတာဝန်ခံများသည် စဉ်ဆက်မပြတ် စိတ်ဒုက္ခရောက်ရကြသည်။ ဥပမာများမှာ အမြောက်အမြားပင်ရှိသည် - Default အထောက်အထားများသုံးထားသည့် မရည်ရွယ်သော default အကောင့်များ။ မလိုအပ်သည့် port များ ဖွင့်ခြင်း။ User Account Controls (UAC) လုံခြုံမှုမရှိ သို့မဟုတ် လုပ်ဆောင်ခွင့်ပိတ်ထားခြင်း။ အဆင့်မြင့်ကာကွယ်မှု လုပ်ဆောင်ခွင့်ပိတ်ထားခြင်း။ အလိုအလျောက် login မှာ အန္တရာယ်ရှိစွာ လုပ်ဆောင်ခွင့်ပြုထားခြင်း သို့မဟုတ် autorun မလုပ်သည့် setting များအား လုပ်ဆောင်ခွင့်ပိတ်ထားခြင်း။ မလုံခြုံသည့် အပြင်လူ logon လုပ်ဆောင်ခွင့်ပြုထားခြင်း နှင့် misconfigured ဖြစ်နေသည့် privilege များ များစွာတည်ရှိနေခြင်း။
လက်ရှိ telemetry အပေါ်အခြေခံ၍ MSP များအားဖြင့် လုပ်ဆောင်နေကြသူများ ကဲ့သို့သော အိုင်တီဌာနများမှ misconfiguration နှင့်ဆက်စပ်ပြီး အခက်ကြုံနေကြသည့် ထိပ်တန်း နယ်ပယ် ၅ ခုအပေါ် Bitdefender မှ အခမဲ့ အစီရင်ခံစာ တစ်စောင်အား ထုတ်ပြန်ပေးခဲ့သည်။ အဓိကအချက်များတွင် ပါဝင်သည်များမှာ -
- အန္တရာယ်ရှိသူများမှ endpoint misconfiguration အားဖြင့် ဝင်ရောက်မှုရရှိခြင်းမှာ ၂၇% ဖြစ်သည်။
- အကောင့်များ၊ လှို့ဝှက်ကုဒ် သိမ်းဆည်းမှု နှင့် လှို့ဝှက်ကုဒ် စီမံခြင်း နှင့် စပ်ဆိုင်သည့် misconfiguration များမှာ ဘုံအဖြစ်ဆုံး တစ်ဦးချင်း endpoint misconfiguration များ ဖြစ်ကြသည်။
- Endpoint misconfiguration များ၏ ဘုံအဖြစ်ဆုံးနယ်ပယ်များထဲမှ အမှားအများစုအား အင်တာနက် Settings ကဏ္ဍတွင် တွေ့ရသည်။
- Windows အဝေးထိန်း စီမံအုပ်ချုပ်မှု နှင့်ဆက်စပ်သည့် configuration အမှားများသည် Microsoft အစိတ်အပိုင်းများထဲရှိ misconfiguration များ၏စာရင်းတွင် ထိပ်ဆုံး၌ရှိသည်။
- Endpoint အန္တရာယ် ခွဲခြမ်းစိတ်ဖြာမှုသည် misconfiguration နှင့်ဆက်စပ်သည့် အန္တရာယ်များကို မြင်နိုင်စွမ်း ပေးစဉ် ဖြစ်နိုင်ချေ အပေးအယူ အပေါ် ကန့်သတ်ခြင်းဖြင့် စီမံအုပ်ချုပ်သူများအား တိုက်ခိုက်မှုမျက်နှာပြင် လျှော့ချရန် တတ်စွမ်းစေသည်။
အနည်းဆုံး အားထုတ်မှု နှင့် လုပ်ငန်းလည်ပတ်မှုများအပေါ် ထိခိုက်မှုမရှိပဲ ဤယိုပေါက်များကို ထိရောက်စွာ ဖာထေးရန် သင့် လုံခြုံရေးအဖွဲ့အား မည်သို့တတ်စွမ်းနိုင်စေဖို့ လေ့လာလိုက်ပါ။ ကျွန်ုပ်တို့၏ အခမဲ့ အစီရင်ခံစာ - : “လုံခြုံရေး လစ်ဟာမှုများအား ဖွင့်ပေးသည့် ထိပ်တန်း Endpoint Misconfiguration ၅ ခု” အား ဒေါင်းလုတ် လုပ်ပါ။
ဆက်စပ်ဆောင်းပါးများ

Scam Alert: Fraudsters Impersonate Bitdefender in Fake Job Interviews
ထုတ်ဝေသည့်ရက်: ၂၀၂၅ နို ၂၅
ဆောင်းပါးဖတ်ရန်
CyberSec Vietnam Conference 2024
ထုတ်ဝေသည့်ရက်: ၂၀၂၄ အောက် ၁၈
ဆောင်းပါးဖတ်ရန်
VPN အသုံးပြုခြင်း၏ အရေးကြီးမှု: ကိုယ်ပိုင်စရိတ္တနှင့် လုံခြုံမှုတိုးတက်အောင်အကောင်းမြင်ရန်
ထုတ်ဝေသည့်ရက်: ၂၀၂၄ ဩ ၂၀
ဆောင်းပါးဖတ်ရန်
Bitdefender သည် ဘန်ကောက်တွင် ကျင်းပသည့် SIS Technology Showcase 2024 တွင် ရောင်ပြန်လင်းနေသည်
ထုတ်ဝေသည့်ရက်: ၂၀၂၄ ဩ ၁၅
ဆောင်းပါးဖတ်ရန်