Bitdefender အသစ် နှင့်အတူ အကောင်းဆုံးမှာ ပိုမိုကောင်းမွန်လာခြင်း
ထုတ်ဝေသည့်ရက်: ၂၀၂၀ ဇူ ၃၁ · သတင်းခန်း · 2 မိနစ်ဖတ်ရန်

ဆင့်ကဲပြောင်းလဲမှု နှင့် ဆန်းသစ်တီထွင်မှု တို့သည် ဆယ်စုနှစ် နှစ်စုကျော်တိုင် Bitdefender ၏ ဒီအန်အေ အစိတ်အပိုင်းတစ်ခု အဖြစ် ရှိနေခဲ့သည်။ ကျွန်ုပ်တို့၏ Bitdefender solutions အသစ် (Bitdefender Antivirus Plus, Bitdefender Internet Security, Bitdefender Total Security) တို့နှင့်အတူ အွန်လိုင်း ခြိမ်းခြောက်မှုများအား စုံစမ်းထောက်လှမ်းခြင်းတွင် အကောင်းဆုံးလုပ်ဆောင်မှုတစ်ခု ကို ပေးပြီးသားဖြစ်သည့်တိုင် စဉ်ဆက်မပြတ် တိုးတက်နေရမည်ဟူသည့် ကျွန်ုပ်တို့၏ကတိအား ဆက်လက်ပေးနေပါသည်။
ကျွန်ုပ်တို့၏ စမ်းသပ်ပြီးသော ကာကွယ်မှု၊ လုပ်ဆောင်မှု နည်းပညာရပ်များအပေါ် တိုးမြှင့်ခြင်း နှင့် သင့် အိမ်ပတ်ဝန်းကျင်တစ်ခုလုံး၊ IoT စက်များ အတွက် လုံခြုံရေး တိုးမြှင့်ခြင်း တို့ကို လုပ်ဆောင်ခြင်းအားဖြင့် ဆိုက်ဘာလုံခြုံရေးအပေါ်ထားရှိသည့် ကျွန်ုပ်တို့အမြင်အား ဖြန့်ကျက်ရာ၌ ယနေ့တွင် နောက်ထပ်ခြေလှမ်းအား မှတ်သားလေပြီ။ မှတ်ပုံတင်ပြီးသည့် လုံခြုံရေးနည်းပညာရပ်ပေါင်း ၈၀ ကျော် နှင့် သီးသန့် စစ်ဆေးမှုအဖွဲ့အစည်းများထံမှ ဆုတံဆိပ်များ၊ ပြီးမြောက်ခြင်း အသိအမှတ်ပြုမှတ်တမ်း တစ်ခု နှင့်အတူ ကျွန်ုပ်တို့သည် လုံခြုံရေးအတွက် အဆင့်အတန်းအား အဆက်မပြတ် သတ်မှတ်ပေးနေသည်။
ဘာတွေ အသစ်ထွက်လဲလို့ သင်မေးမယ်ဆိုရင် ?
လုံခြုံရေးအား ဝန်ဆောင်မှုတစ်ခုအနေဖြင့် ဟူသည့် သဘောတရားတစ်ခုအပေါ် မူတည်ပုံဖော်ထားပြီး ပြောင်းလဲမှုတစ်ခုမှသည် သင်အလိုအပ်ဆုံး သွင်ပြင်လက္ခဏာများကို ရှာဖွေရန် ပိုမိုလွယ်ကူ မြန်ဆန် ထိရောက် စေခြင်းဖြင့် စက်များ နှင့် ဆောင်ရွက်မှုစနစ်များအားလုံး တလျှောက် တစိုက်မတ်မတ်အတွေ့အကြုံတစ်ခုကို သင့်အားပေးသည့် ချောမွေ့သော user interface တစ်ခုအား ယူဆောင်လာပေးသည်။ သင်လိုအပ်သော အချက်အလက်ကာကွယ်ခြင်း နှင့် သီးသန့်လုံခြုံရေး သွင်ပြင်လက္ခဏာများကို ရှာဖွေခြင်း မှာ ဘယ်သောအခါမျှ လွယ်ကူခြင်းမရှိခဲ့ပေ။
သုံးစွဲသူအတွေ့အကြုံ နှင့်ဆက်စပ်၍ ပြောင်းလဲမှုအချို့ ဆင့်ကဲဖြစ်စဉ်တွင် အခြားသူများမှာ လုပ်ဆောင်မှု နှင့် ခြိမ်းခြောက်မှု စုံစမ်းထောက်လှမ်းခြင်းတို့ကို တိုးမြှင့်ရန်ဦးတည်သည့် စမ်းသပ်ပြီးသော နည်းပညာ ပိုမိုကောင်းမွန်ခြင်းများအား ထည့်သွင်းကြသည်။ ဥပမာ - ကျွန်ုပ်တို့မှ အသစ်သော နှင့် မသိသေးသော ခြိမ်းခြောက်မှုများကို တိကျစွာ ထောက်လှမ်းရှာဖွေရန် machine learning algorithm များ နှင့် အဓိက နည်းပညာရပ်များအပေါ် သိသိသာသာ တိုးမြှင့်မှုများ ပြုလုပ်ခဲ့ပြီးဖြစ်သည်။ အွန်လိုင်း ခြိမ်းခြောက်မှုများ နှင့် malware ဖြန့်ကျဲခြင်း ၁ ဘီလီယံ-နမူနာ မှတ်ကျောက် နှင့်အတူ ကျွန်ုပ်တို့၏ နည်းပညာရပ်များ နှင့် မှတ်ပုံတင်ပြီးသား machine learning algorithm များသည် ဤ အမြဲ-တိုးများနေသော ခြိမ်းခြောက်မှုများကို ကိုင်တွယ်ဖြေရှင်းနိုင်ပြီး ၎င်းတို့မှ သင့်စနစ်အား မဖျက်ဆီးမှီ ၎င်းတို့ကို တိကျစွာ စုံစမ်းထောက်လှမ်းနိုင်သည်။
လုပ်ဆောင်မှုအနေနှင့် ကျွန်ုပ်တို့၏ နည်းပညာရပ်များအား အနုစိတ်ဖန်တီးထားသည့်အတွက် သင့်အား အရေးပါသည့်အပေါ် အာရုံစိုက်၊ စိတ်ကျေနပ်မှုပေးခြင်းဖြင့် မည်သည့်စနစ်သက်ရောက်မှုမဆို အမြဲ သိသိသာသာနည်းစေသည်။ ယခုဆိုလျှင် ဆုတံဆိပ်ရ လုံခြုံရေး solution တစ်ခုမှ ကာကွယ်ပေးထားစဉ်အတွင်း သင့်အနေနှင့် ကစားနိုင်၊ အလုပ်လုပ်နိုင်ပြီး သင့်စနစ်၏ လုပ်ဆောင်မှုအပေါ် စိတ်ကျေနပ်မှုရနိုင်ပေမည်။
ထို့အပြင် တိုက်ခိုက်သူများမှာ ဘယ်သောအခါမျှ ရပ်သွားမည်မဟုတ်သည့်အတွက် သင့်အချက်အလက်များ အပေးအယူလုပ်ရန် သို့မဟုတ် ခြိမ်းခြောက်မှုများ install လုပ်ရန် သင့်စနစ်အပေါ် အားနည်းချက်များ နှင့် misconfiguration များဖြင့် အမြတ်ထုတ်ခြင်းတို့အတွက် ကျွန်ုပ်တို့မှ ကျွန်ုပ်တို့၏ Vulnerability Scanner အပေါ် တိုးမြှင့်မှု အချို့ ပြုလုပ်ခဲ့သည်။ တွေ့ရှိသော အားနည်းချက် သို့မဟုတ် misconfiguration တစ်ခုချင်းစီအပေါ် ပြင်ဆင်ခြင်းသည် တိုက်ခိုက်သူများမှ သင့်စနစ်အပေါ် မည်သည့် အပေးအယူလုပ်ခြင်းကို မတတ်နိုင်စေရန် ဖြစ်စေသည်။ ခြိမ်းခြောက်မှုများ နှင့် malware တို့ထံမှ ကာကွယ်ခြင်းသည် ၎င်းတို့အား တိကျစွာ စုံစမ်းထောက်လှမ်းခြင်း ထက် ပိုသည့်အပြင် သင့် ဖြစ်နိုင်ချေ အားနည်းချက်များ ကို သိခြင်းအရာလည်း ဖြစ်သည့်အတွက် သင်သည် သင့် လုံခြုံရေး အနေအထားအား တိုးမြှင့်နိုင်သည်။
ထပ်မံ၍ သင့် iOS စက်များအတွက် ယခုအခါတွင် သင်သည် အန္တရာယ်ရှိ၊ အလိမ်အညာ ဝက်ဘ်ဆိုဒ်များအား ကြောက်စရာမလိုဘဲ ဝက်ဘ် ရှာဖွေကြည့်နိုင်ပြီဖြစ်သည်။ Web Protection ဖွင့်ထားခြင်းဖြင့် သင်သည် အန္တရာယ်ရှိ သို့မဟုတ် အလိမ်အညာအကြောင်းအရာ ရယူရန် ကြိုးပမ်းသည့် မည်သည့် browser သို့မဟုတ် အက်ပလီကေးရှင်း မဆို သင့်အချက်အလက်အား အန္တရာယ်ဖြစ်စေသည့် traffic ကို စီစစ်ပေးခြင်းတတ်စွမ်းနိုင်သော iOS အတွက် တည်ဆောက်ထားသည့် Bitdefender မူပိုင် VPN solution တစ်ခုအပေါ် အားကိုးနေပေလိမ့်မည်။
သင့် လှို့ဝှက်ချက်က အရေးကြီးသည်
ကျွန်ုပ်တို့မှ သင့် လုံခြုံရေး နှင့် လှို့ဝှက်ချက်အား တန်ဖိုးထားသည့်အလျောက် ကျွန်ုပ်တို့၏ VPN solution ကိုလည်း တိုးမြှင့်မှုများ ပြုလုပ်ထားသည်။ ယခုအခါတွင် ကျွန်ုပ်တို့အများစုမှာ နေအိမ်မှ အလုပ်လုပ်ကြသည့်အတွက် စိတ်ချပြီး လုံခြုံသော VPN ချိတ်ဆက်မှုတစ်ခုအတွက် လိုအပ်ချက်မှာ “အသစ်သောပုံမှန်” ဖြစ်လာခဲ့သည်။
တိုးမြှင့်ထားသည့် အသစ်သော VPN သည် ယခုအခါတွင် ၂၅ ရာခိုင်နှုန်း ပိုမိုမြန်ဆန်ပြီး ၎င်းတွင် အကယ်၍ မတော်တဆ ချိတ်ဆက်မှု ကျသွားလျှင် traffic အား ဆိုင်းငံ့ပေးထားသည့် အင်တာနက် kill-switch တစ်ခု ရှိသည်။ ၎င်းတွင် သင့်အား ယခင် နယ်မြေကန့်သတ်ချက်ရှိသည့် မီဒီယာအကြောင်းအရာကိုပင် ဝင်ရောက်ရယူရန် တတ်စွမ်းပေးသည့် တိုးမြှင့်ထားသော media-streaming လုပ်ဆောင်နိုင်မှုများလည်း ပါဝင်လာသည်။
ကျွန်ုပ်တို့၏ ကန့်သတ်မဲ့ စကားဝှက်ပြု traffic နှင့်အတူ အထူး VPN solution မှာ သီးခြားထုတ်ကုန်တစ်ခုအဖြစ်ရှိစဉ် ၎င်းသည် ကျွန်ုပ်တို့၏ သုံးစွဲသူအတွက် ထုတ်ကုန်များထဲတွင်လည်း ပါဝင်နေသည်၊ သို့သော် စက်တစ်လုံးစီအတွက် တစ်ရက်လျှင် traffic 200 MB အထိသာ ကန့်သတ်ထားသည်။ ဤအရာမှာ ကန့်သတ်မဲ့ traffic၊ လုံးဝ အမည်ဝှက်ခြင်း၊ နှင့် မီဒီယာ အကြောင်းအရာအား လုံခြုံစွာ stream လုပ်နိုင်မှုတို့အတွက် မဆုံးဖြတ်မှီ ၎င်း၏ တတ်စွမ်းနိုင်မှုများ နှင့် နည်းပညာရပ်များကို စမ်းသပ်ခြင်းအတွက် အကောင်းဆုံးဖြစ်သည်။
ယခုအခါတွင် လက်ရှိအားလုံး နှင့် ပိုသော ကျွန်ုပ်တို့၏ မျိုးဆက်သစ် လုံခြုံရေးကို ရရှိနိုင်ခြင်းကြောင့် သင်သည် သင့်အချက်အလက်များနှင့် သင်၏ လှို့ဝှက်ချက်တို့အား ချောင်းမြောင်းနေသောမျက်လုံးများရန်မှ လုံခြုံစွာ ထိန်းသိမ်းနိုင်ပြီဖြစ်သည်။ သင်အသုံးပြုသော မည်သည့် လုပ်ဆောင်မှုစနစ်မဆို Windows, Mac OS, Android နှင့် iOS ပင်ဖြစ်စေ Bitdefender အသစ်ကို ဝယ်ယူအသုံးပြုကြည့်ပါ။
တရားဝင် subscription တစ်ခုရှိထားပြီးသားသူများအတွက်လည်း ဗားရှင်းအသစ်ကို စိတ်ချစွာ upgrade လုပ်နိုင်ပါသည် - သင်၏ ရှိပြီးသား လိုင်စင်သည် ထုတ်ကုန်အသစ်များအတွက်လည်း အကျုံးဝင်ပါသည်။
ဆက်စပ်ဆောင်းပါးများ

Protecting Your Family from the Terrifying "Crying Child" AI Scam
ထုတ်ဝေသည့်ရက်: ၂၀၂၆ ဇူ ၂၁
ဆောင်းပါးဖတ်ရန်
What is a Data Breach? And why is Bitdefender the ultimate secure solution?
ထုတ်ဝေသည့်ရက်: ၂၀၂၆ ဇူ ၁၉
ဆောင်းပါးဖတ်ရန်
Football Fever: Don’t Let Scammers Score Against Your Digital Security
ထုတ်ဝေသည့်ရက်: ၂၀၂၆ ဇွန် ၁၅
ဆောင်းပါးဖတ်ရန်
Android Users Must Watch! 3 Settings to Lock Your Phone and Protect Against Banking Apps Scams (Latest Update)
ထုတ်ဝေသည့်ရက်: ၂၀၂၆ ဇွန် ၁၂
ဆောင်းပါးဖတ်ရန်
Hackers Don't Just Target Big Companies - Your Business Is Next
ထုတ်ဝေသည့်ရက်: ၂၀၂၆ မေ ၂၉
ဆောင်းပါးဖတ်ရန်