သင် သိရန်လိုသည့် အရာ - Text ‘bomb’ မှ အိုင်ဖုန်း များ၊ အိုင်ပတ် များ၊ Mac များ နှင့် Apple နာရီများကို ပျက်စေခြင်း
ထုတ်ဝေသည့်ရက်: ၂၀၂၀ ဧ ၂၆ · သတင်းခန်း · 1 မိနစ်ဖတ်ရန်

စင်ဒီဘာသာစကား၏ စာလုံးများပါသည့် အပြစ်မရှိသယောင် မက်ဆေ့ချ် တစ်စောင်မှ သတိပေးခြင်းမျိုးမရှိဘဲ သင့် အိုင်ဖုန်း, အိုင်ပတ်, Mac သို့မဟုတ် Apple နာရီ များကို ပျက်အောင်လုပ်နိုင်သည်။
ပြဿနာမှာ Apple operating စနစ်၏ နောက်ဆုံးပေါ် ထွက်ပေါ်လာသော ဗားရှင်းများမှနေ၍ ပါကစ္စတန်၏ တရားဝင်ဘာသာစကားတစ်ခုဖြစ်သော စင်ဒီ ဖြင့်ရေးထားသည့် အထူးစကားလုံးများကို ကိုယ်စားပြုသော ယူနီကုဒ် သင်္ကေတတစ်ခုအား မည်သို့ကိုင်တွယ်ရာတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။
ပြဿနာမှာ အသိပေးမက်ဆေ့ချ်တစ်စောင် ပြသရန် သင့်စက်မှ ကြိုးစားရာတွင် အလွန်စိတ်ရှုပ်စရာကောင်းစွာပင် ပေါ်ထွက်လာသည်။ အကယ်၍ သင်မှ သင့်အိုင်ဖုန်းအား ဥပမာ - အသိပေးမက်ဆေ့ချ်တစ်စောင်ဝင်လာလျှင် preview ဖြင့် ပြရန် configure လုပ်ခဲ့လျှင် iOS မှ ထိုစကားလုံးများအား စနစ်တကျပြပေးရန် မတတ်နိုင်ဘဲ မထင်မှတ်သည့်ရလဒ်များနှင့်အတူ ပျက်စေနိုင်သည်။
သင့်အနေနှင့် ပြဿနာဖြေရှင်းရန် တစ်ခုတည်းသောနည်းလမ်းမှာ သင့်စက်အား လုံးဝ reboot လုပ်ခြင်းဟု ဆိုနိုင်သော်လည်း သင့်အနေနှင့် အန္တရာယ်ပြုနိုင်သောအသိပေးစာအသစ်တစ်စောင် ထပ်မံရရှိနိုင်သည့် အန္တရာယ် အမြဲရှိနေသည်။
ပြဿနာမှာ အက်ပလီကေးရှင်းများအတွင်းတွင် ၎င်းကိုယ်တိုင်လည်း ရှိနေနိုင်သည်။ ဥပမာ - အချို့သော ဆိုးသွမ်းသည့် Twitter အသုံးပြုသူများသည် ထိခိုက်သည့်စကားလုံးများသုံးပြီး tweet ကြကာ အခြားအသုံးပြုသူများအပေါ် ထိုသူတို့၏စက်များကို ပျက်စေသည်။
Android အသုံးပြုသူများမှာ လက်ရှိတွင်တော့ ထိခိုက်မှုမရှိသေးဘဲ ဖြစ်ပျက်နေမှုများအပေါ် အံ့ဩနားမလည်စွာဖြင့်ပင် စောင့်ကြည့်နေနိုင်သည်။
အစောပိုင်း အစီရင်ခံချက်အချို့မှ စင်ဒီစကားလုံးများ အလုပ်လုပ်ရန် တိုက်ခိုက်မှုအတွက် အီတလီအလံ emoji တစ်ခုနှင့်အတူ တွဲဖက်အသုံးပြုရသည်ဟု အကြံပြုခဲ့သည်။ သို့သော် အခြားသူများမှ စက်များ ပျက်စေရန်အတွက် မက်ဆေ့ချ်ထဲတွင် အီတလီအလံတစ်ခုပါရန် မလိုအပ်ကြောင်းလည်း အဆိုပြုခဲ့သည်။
အထူးသဖြင့် အကယ်၍ သင်သည် text ‘bombs’ အပစ်ခံရခြင်းတစ်ခု ရရှိကြောင်း သင်ကိုယ်တိုင် ကြုံတွေ့မည်ဆိုလျှင် ထိုသို့သော အားနည်းချက်တစ်ခုမှ သိသာစွာပင် စိတ်အနှောင့်အယှက်ဖြစ်စေသည်။
အကယ်၍ ဤအရာအားလုံးက သင့်အတွက် ရင်းနှီးပြီးသားပြဿနာတစ်ခုဟု ထင်ရလျှင် ထိုအရာမှာ Apple မှ အရင်ကတည်းကပင် ၎င်း၏ operating စနစ်များသည် ယူနီကုဒ်စကားလုံးများဖြင့် ထိခိုက်ခံရခြင်းပြဿနာများ ရှိခဲ့သောကြောင့်ဖြစ်သည်။
ဥပမာ - ၂၀၁၃ ခုနှစ်၌ Mac များ နှင့် အိုင်ဖုန်းများသည် အာရပ် စကားလုံးများ၏ ရိုးရှင်းသော string တစ်ခုအားဖြင့် ပျက်ခဲ့ရကြောင်း တွေ့ရှိခဲ့ရသည်။
၂၀၁၅ ခုနှစ်တွင် “ထိရောက်သော ပါဝါ” ဟုခေါ်သည့် တိုက်ခိုက်မှုတစ်ခုသည် စနောက်သူများမှ iMessage အားဖြင့် စာလုံးအတွဲတစ်ခုကို ပို့စဉ် အိုင်ဖုန်းများ အဝေးထိန်းစနစ်ဖြင့် reboot လုပ်ခြင်းခံခဲ့ရကြောင်း တွေ့ခဲ့သည်။
ပြီးနောက် ၂၀၁၈ ခုနှစ်တွင် ကျွန်ုပ်တို့သည် Apple စက်များနှစ်မျိုးစလုံး အိန္ဒိယတောင်ပိုင်းဘာသာစကားဖြစ်သော တလကူ မှ စာလုံးများကို ပြနိုင်ရန် ကြိုးစားစဉ် ပျက်သွားကြောင်းတွေ့ခဲ့ရပြီး chaiOS bug ဆိုသည့်အရာမှာ မက်ဆေ့ချ်စာတစ်စောင်တည်းဖြင့် iOS နှင့် macOS တို့အား ပျက်သွားအောင် လုပ်နိုင်ခဲ့သည်။
ဤအဖြစ်အပျက်များအားလုံး၏ အဖြေမှ Apple အတွက် ၎င်း၏ operating စနစ်များ ယူနီကုဒ်အမှတ်အသားကို ပိုမိုကောင်းမွန်စွာ ကိုင်တွယ်ရန် ပြုပြင်မှုတစ်ခု အားထုတ်ရန် ဖြစ်လာနေသည်။
သေချာသည်မှာ ထိုအရာသည် ယခုအချိန်တွင် ဖြစ်လာလိမ့်မည်။ ၎င်းအား စမ်းသပ်မှုပြုပြီးသူများအရ iOS ၏ နောက်ဆုံးပေါ် beta ဗားရှင်းသည် ပြဿနာအတွက် ပြုပြင်မှုတစ်ခု လုပ်ဆောင်ပြီးသွားပြီဖြစ်သောကြောင့် ကျွန်ုပ်တို့သည် ၎င်းအား ကျွန်ုပ်တို့၏ ပျက်စီးလွယ်သောစက်များထံ ပို့လွှတ်ပေးနိုင်မည့်အနေအထားမှ ရက်အနည်းငယ်သာ လိုတော့သည်။ တချိန်တည်းမှာပင် အကယ်၍ သင်မှ သင့်စက် ပျက်သွားမှုအပေါ်ဝမ်းမြောက်ဝမ်းသာြဖစ်မည့် မကောင်းမှုပြုသူတစ်ဦး၏ ပစ်မှတ်ထားခြင်းခံရနိုင်သည်ဟု စိတ်ပူပန် သို့မဟုတ် တွေးမိလျှင် သင့်အိုင်ဖုန်းတွင် မက်ဆေ့ချ် previews ပိတ်ထားရန်အမြော်အမြင်ရှိကောင်းရှိပေလိမ့်မည်။
ဆက်စပ်ဆောင်းပါးများ

Scam Alert: Fraudsters Impersonate Bitdefender in Fake Job Interviews
ထုတ်ဝေသည့်ရက်: ၂၀၂၅ နို ၂၅
ဆောင်းပါးဖတ်ရန်
CyberSec Vietnam Conference 2024
ထုတ်ဝေသည့်ရက်: ၂၀၂၄ အောက် ၁၈
ဆောင်းပါးဖတ်ရန်
VPN အသုံးပြုခြင်း၏ အရေးကြီးမှု: ကိုယ်ပိုင်စရိတ္တနှင့် လုံခြုံမှုတိုးတက်အောင်အကောင်းမြင်ရန်
ထုတ်ဝေသည့်ရက်: ၂၀၂၄ ဩ ၂၀
ဆောင်းပါးဖတ်ရန်
Bitdefender သည် ဘန်ကောက်တွင် ကျင်းပသည့် SIS Technology Showcase 2024 တွင် ရောင်ပြန်လင်းနေသည်
ထုတ်ဝေသည့်ရက်: ၂၀၂၄ ဩ ၁၅
ဆောင်းပါးဖတ်ရန်