Telegram အားနည်းချက်များသည် တိုက်ခိုက်သူများအား အန္တရာယ်ရှိ ရုပ်လုံးကြွ စတစ်ကာများကို ပို့ခွင့်ပြုနိုင်ကြောင်း သုတေသနမှ ပြောဆိုထားခြင်း
ထုတ်ဝေသည့်ရက်: ၂၀၂၁ ဖေ ၁၈ · သတင်းခန်း · 1 မိနစ်ဖတ်ရန်

လုံခြုံရေးသုတေသီတစ်ဦးမှ Telegram တွင် တိုက်ခိုက်သူများမှ ခံရသူ၏ အချက်အလက်ကို ထုတ်ဖော်ပေးနိုင်သော မွမ်းမံပြုပြင်ထားသည့် ရုပ်လုံးကြွ စတစ်ကာများအား ပို့ခွင့်ပြုပေးနိုင်သည့် အားနည်းချက်များအတွဲလိုက်တစ်ခု ကို ရှာဖွေတွေ့ရှိထားသည်။
ပုံမှန် မက်ဆေ့ချ်ပို့သည့် အက်ပလီကေးရှင်းများတွင် တူညီသော အရာ တစ်ခုရှိသည် - အက်ပလီကေးရှင်း သို့မဟုတ် ဖုန်းအား ရပ်တန့်စေခြင်း သို့မဟုတ် တိုက်ခိုက်သူများအား ထိန်းချုပ်ခွင့်ပြုစေခြင်း စသည့် လုပ်ဆောင်မှုနှင့်အတူ ကြားဖြတ်နှောင့်ယှက်နိုင်သည့် အထူးမွမ်းမံထားသော မက်ဆေ့ချ် သို့မဟုတ် ရုပ်ပုံ အမျိုးအစားအချို့တို့အား လုံခြုံရေး သုတေသီများမှ အမြဲ တွေ့ရှိရသည်။ မည်သို့ဆိုစေ ပြဿနာမှာ အက်ပလီကေးရှင်းတစ်ခုတည်းကိုသာ ကန့်သတ်ထားသည် မဟုတ်။
Shielder မှ လုံခြုံရေး သုတေသီတစ်ဦးသည် Telegram ၏ Android, iOS နှင့် macOS ဗားရှင်းတို့မှ ရုပ်လုံးကြွ စတစ်ကာများအား မည်သို့ ကိုင်တွယ်ပုံအား စုံစမ်းစစ်ဆေးခဲ့သည်။ ၎င်းတို့မှ စကားဝှက်ပြုထား/မထားသည့် လူအများ အပြန်အလှန်စကားပြောခြင်းတွင် မျှဝေထားသော မီဒီယာဖိုင်များကို ၎င်းတို့အား ရယူခွင့်ပြုလိမ့်မည်ဖြစ်သည့် နည်းလမ်းတစ်ခုအား တဖြည်းဖြည်း ရှာဖွေတွေ့ရှိခဲ့သည်။
“ကျွန်တော် သုတေသနလုပ်စဉ်အတွင်း စုစုပေါင်း အားနည်းချက် ၁၃ ခုကို ဖော်ထုတ်သတ်မှတ်နိုင်ခဲ့တယ် - 1 heap out-of-bounds write, 1 stack out-of-bounds write, 1 stack out-of-bounds read, 2 heap out-of-bound read, 1 integer overflow leading to heap out-of-bounds read, 2 type confusions, 5 denial-of-service (null-ptr dereferences)” ဟု သုတေသီမှ ပြောဆိုထားသည်။
“ကျွန်တော်တွေ့ရှိခဲ့တဲ့ ပြဿနာအားလုံးကို Telegram ထံ တာဝန်သိစွာ အစီရင်ပို့ခဲ့ပြီး ၎င်းတို့ဖက်မှလည်း စက်တင်ဘာလနှင့် အောက်တိုဘာလ ၂၀၂၀ တွင် updates တွေနဲ့အတူ ထုတ်ပြန်ပေးခဲ့တယ်” ဟု ၎င်းမှ ရှင်းပြခဲ့သည်။ ဆိုလိုသည်မှာ အကယ်၍ သင်မှ Telegram အား လွန်ခဲ့သည့် လေးလပိုင်းမှသာ စတင်အသုံးပြုခဲ့လျှင် သင့်အတွက် စိုးရိမ်စရာ မရှိပေ။
မှတ်သားသင့်သည်မှာ ၎င်းသည် ဤလုံခြုံရေးပြဿနာအတွက်သာ တာဝန်ရှိသည့် တစ်ခုတည်းသောအားနည်းချက် မဟုတ်ဘဲ ဆိုလိုသည်မှာ ၎င်းသည် လက်တွေ့လောကတွင် ဖြန့်ကျက်ခြင်းခံရပုံ မပေါ်ချေ။ ၎င်းမှ ဆန်းပြားရှုပ်ထွေးသည့် ရာဇဝတ်အဖွဲ့များအတွက်သာလျှင် ရရှိစေရန် ပြုလုပ်ထားရင်း အဆင့်မြင့် နည်းပညာကျွမ်းကျင်မှုတစ်ခုကိုလည်း လိုအပ်သည်။
သုတေသနမှ သင့်စက်များ နှင့် ဆော့ဖ်ဝဲအားလုံး အား up to date ဖြစ်နေစေခြင်းမှာ အဘယ်အတွက်ကြောင့် ထိုက်တန်သည်ကိုလည်း ပြသထားသည် - ထုတ်လုပ်ရေးဆွဲသူများမှ အားနည်းချက်များကို လူအများ မသိစေခင်ကပင် ပြဿနာများအား မကြာခဏ ပြုပြင်ကြသည်။
ဆက်စပ်ဆောင်းပါးများ

Scam Alert: Fraudsters Impersonate Bitdefender in Fake Job Interviews
ထုတ်ဝေသည့်ရက်: ၂၀၂၅ နို ၂၅
ဆောင်းပါးဖတ်ရန်
CyberSec Vietnam Conference 2024
ထုတ်ဝေသည့်ရက်: ၂၀၂၄ အောက် ၁၈
ဆောင်းပါးဖတ်ရန်
VPN အသုံးပြုခြင်း၏ အရေးကြီးမှု: ကိုယ်ပိုင်စရိတ္တနှင့် လုံခြုံမှုတိုးတက်အောင်အကောင်းမြင်ရန်
ထုတ်ဝေသည့်ရက်: ၂၀၂၄ ဩ ၂၀
ဆောင်းပါးဖတ်ရန်
Bitdefender သည် ဘန်ကောက်တွင် ကျင်းပသည့် SIS Technology Showcase 2024 တွင် ရောင်ပြန်လင်းနေသည်
ထုတ်ဝေသည့်ရက်: ၂၀၂၄ ဩ ၁၅
ဆောင်းပါးဖတ်ရန်