Spam ပို့သူများမှ အသစ်သော Giveaway လိမ်ညာမှုကမ်ပိန်းတွင် ဘီလီယံနာ Mackenzie Scott အဖြစ် အယောင်ဆောင်ကြခြင်း
ထုတ်ဝေသည့်ရက်: ၂၀၂၁ ဇွန် ၂၄ · သတင်းခန်း · 1 မိနစ်ဖတ်ရန်

Bitdefender Antispam Lab သုတေသီများအရ ယမန်နေ့ညတွင် အမေဇုန်တည်ထောင်သူ Jeff Bezos ၏ ယခင်ဇနီးဖြစ်သူ Mackenzie Scott ထံမှ လာပုံပေါ်ဟန်ဆောင်ထားသည့် အလိမ်အညာအီးမေးလ်ပေါင်း ရာချီမှာ ယူအက်စ်ရှိ အသုံးပြုသူများ၏ စာအိတ်များအတွင်း ပျံ့နှံ့သွားလျက်ရှိသည်။
ယူကရိန်းမှ အစပြုလာသည့် လိမ်ညာမှုကမ်ပိန်းမှာ အစပိုင်းတွင် လက်ခံရရှိသူများအား လှည့်စားရန် အသုံးမဝင်သည့် ကြိုးပမ်းမှုတစ်ရပ်အသွင် ပုံပေါ်သည်။ သို့သော် အလှူအဒါန်းတွင် ဘီလီယံနာ၏ $၈ ဘီလီယံဝန်းကျင်အကြောင်း မီဒီယာမြှင့်မားမှုအပေါ် စဉ်းစားမိရင်း အချို့အသုံးပြုသူများမှာ ထောင်ချောက်အတွင်း ကျဆင်းသွားကြသည်။
လှည့်စားသူများမှာ အီးမေးလ်အား အန္တရာယ်ကင်းရှင်း ပုံပေါ်အောင် ပြုလုပ်ခြင်းဖြင့် လက်ခံရရှိသူများ၏ သတင်းအချက်အလက်ကို ခိုးယူရန် အန္တရာယ်ရှိ ပူးတွဲဖိုင်များ သို့မဟုတ် လင့်ခ်များအား အသုံးမပြုကြပေ။ ထိုသူတို့သည့် လက်ခံရရှိသူများ၏ ယုံလွယ်မှုနှင့် စူးစမ်းမှုပေါ်တွင်သာ လုံးဝ အားကိုးထားသည်။ အသုံးပြုသူများမှ $၂.၇ ဘီလီယံထိ ရောက်ရှိသွားသော မကြာသေးမှီက လှူဒါန်းမှုများအပေါ် သတိပြုမိခြင်း ရှိမရှိ အကြောင်းမဟုတ်ပေ။ အခြေခံ အင်တာနက် စုံစမ်းမှုတစ်ခုမှ ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီးများထဲမှ တစ်ယောက်ဖြစ်သော Ms. Scott မှာ သူမ၏ ကြွယ်ဝမှုအများစုအား ပရဟိတလုပ်ငန်းများနှင့် အဖွဲ့အစည်းများထံ လှူဒါန်းရန် ကတိကဝတ်ပြုလိုက်ကြောင်း အတည်ပြုပေးပေလိမ့်မည်။
“မင်္ဂလာပါ၊ ကျွန်မသည် အမေဇုန် တည်ထောင်သူ နှင့် စီအီးအို၏ ယခင်ဇနီး Mackenzie Scott ဖြစ်ပြီး ကိုဗစ်-၁၉ ကပ်ရောဂါဆိုးမှ စီးပွားရေး ကျဆင်းခံစားနေရသော သူများအား ချက်ချင်း ထောက်ပံ့မှု ပေးရန် Scott ဖောင်ဒေးရှင်းမှတဆင့် ကမ္ဘာအနှံ့ ပရဟိတလုပ်ငန်းများ၊ သီးခြားအဖွဲ့များ၊ ကောလိပ်များထံ $၄ ဘီလီယံ လှူဒါန်းနေပါသည်” ဟု အီးမေးလ်တွင် ဖတ်ရသည်။
“ပြီးလျှင် သင်သည် ကံကောင်းစွာ မဲပေါက်သူများထဲမှ တစ်ယောက်ဖြစ်ပြီး ကျွန်မမှ သင့်အတွက် $၁၀၀,၈၀၀,၀၀၀.၀၀ ဒေါ်လာ တန်ဖိုးရှိ လှူဒါန်းမှုတစ်ရပ် ပေးအပ်ရန်ရှိပါသောကြောင့် အကယ်၍ သင် စိတ်ဝင်စားလျှင် ထပ်မံသတင်းအချက်အလက်အတွက် သင် ကျွန်မထံ ဆက်သွယ်နိုင်ပါသည်”။
တဖန် အလိမ်အညာသမားများသည် ကမ္ယာတဝှမ်း လုပ်ငန်းများ နှင့် လူပေါင်း မီလီယံချီ ထိခိုက်နေရသော ကပ်ရောဂါဆိုး-ဆက်စပ်သည့် စီးပွားရေး ကျဆင်းမှုအပေါ် အမြတ်ထုတ်နေကြသည်။ သို့သော် ဒီတစ်ခါတွင် ထီပေါက်ခြင်းများ သို့မဟုတ် သင့် ငွေကြေးပြန်လည်ပတ်ရန် ကူညီမည့် နိုင်ဂျီးရီးယား မင်းသားများ ရှိမည်မဟုတ်ဘဲ ရာသီခွင်ကြယ်များမှာလည်း သင့်အား အလေးပေးနေသည် မဟုတ်ပေ။
ဤအီးမေးလ် သို့မဟုတ် အလားတူများအား လက်ခံရရှိသည့် အသုံးပြုသူများသည် ၎င်းအား ချက်ချင်း ဖျက်ပစ်သင့်သည်။ ထပ်ဆင့် တုံ့ပြန်မှုတွင် ပါဝင် မလုပ်ဆောင်ပါနှင့်။
များသောအားဖြင့် လှည့်စားသူများသည် သင့်အတွက် အဆိုပါ ငွေကြေးလွှဲပြောင်းမှု လက်ခံရန် ခရက်ဒစ်ကတ် သို့မဟုတ် ဘဏ်အကောင့်နံပါတ်များ အပါအဝင် ကိုယ်ရေးကိုယ်တာ သတ်မှတ်နိုင်သော သတင်းအချက်အလက်အတွက် သင့်အား မေးပေလိမ့်မည်။ အလိမ်အညာသမားများမှာ malware နှင့်အတူ သင့်စက်အား ကူးစက်စေနိုင်သည့် ပူးတွဲဖိုင်များကို ဒေါင်းလုတ်လုပ်ရန် တောင်းဆို သို့မဟုတ် အန္တရာယ်ရှိ လင့်ခ်များကိုပင် ပို့ကောင်းပို့နိုင်ပြီးနောက် သင့် အချက်အလက်များကို အပေးအယူပြုလုပ်ပေမည်။
ဤတစ်ခုကဲ့သို့သော စစ်မှန်ရန် ကောင်းလွန်းလှသည့် ပေးကမ်းမှုများမှာ အမြဲတမ်း လိမ်ညာမှုတစ်ရပ်ပင် ဖြစ်သည်။ သင့် အသိစိတ်ကို ယုံကြည်ပါ၊ ပြီးလျှင် သင့်ထံ အလွန်အမင်း အလွယ်တကူ ဦးတည်လာသည့် “အကျိုးဆောင်” လုပ်ရပ်များအပေါ် အမြဲတမ်း မေးခွန်းထုတ်စီစစ်ပါ။
မှတ်ချက်။ ဤစာစောင်သည် Bitdefender Antispam Lab ၏ ခွင့်ပြုချက် ပံ့ပိုးပေးထားသော နည်းပညာဆိုင်ရာ သတင်းအချက်အလက် ပေါ်တွင် အခြေခံထားသည်။
ဆက်စပ်ဆောင်းပါးများ

Scam Alert: Fraudsters Impersonate Bitdefender in Fake Job Interviews
ထုတ်ဝေသည့်ရက်: ၂၀၂၅ နို ၂၅
ဆောင်းပါးဖတ်ရန်
CyberSec Vietnam Conference 2024
ထုတ်ဝေသည့်ရက်: ၂၀၂၄ အောက် ၁၈
ဆောင်းပါးဖတ်ရန်
VPN အသုံးပြုခြင်း၏ အရေးကြီးမှု: ကိုယ်ပိုင်စရိတ္တနှင့် လုံခြုံမှုတိုးတက်အောင်အကောင်းမြင်ရန်
ထုတ်ဝေသည့်ရက်: ၂၀၂၄ ဩ ၂၀
ဆောင်းပါးဖတ်ရန်
Bitdefender သည် ဘန်ကောက်တွင် ကျင်းပသည့် SIS Technology Showcase 2024 တွင် ရောင်ပြန်လင်းနေသည်
ထုတ်ဝေသည့်ရက်: ၂၀၂၄ ဩ ၁၅
ဆောင်းပါးဖတ်ရန်