Shade Ransomware အဖွဲ့များမှ လုပ်ဆောင်ချက်ကို အပြီးရပ်နားပြီး Key များ စကားဝှက်ဖြည်ခြင်းအား ထုတ်ပေးခြင်း
ထုတ်ဝေသည့်ရက်: ၂၀၂၀ ဧ ၂၉ · သတင်းခန်း · 1 မိနစ်ဖတ်ရန်

Shade ransomware နောက်ကွယ်မှ အဖွဲ့သည် ၎င်းတို့၏ malware အားဖြင့် ထိခိုက်ခံခဲ့ရသူအယောက်တိုင်းအား တောင်းပန်ခြင်းဖြင့် ဆိုင်အား အပြီးပိတ်ပြီး စကားဝှက်ဖြည်ခြင်း ဆော့ဖ်ဝဲလ်နှင့်အတူ စကားဝှက်ဖြည်ထားသော key ပေါင်း ၇၅၀,၀၀၀ ခန့် ဖြန့်ဝေခဲ့သည်။
ယနေ့ခေတ်တွင် အသုံးပြုနေသော ransomware အမျိုးအစားပေါင်း များစွာရှိသည့်အနက် Shade သည် ဆယ်စုနှစ်တစ်ခု၏ ထက်ဝက်ကျော်တိုင် ၎င်းတို့ထဲမှ တစ်ခုဖြစ်ခဲ့သည်။ Troldesh အမည်ဖြင့်လည်း လူသိများသည့်အပြင် ၎င်းသည် လွန်ခဲ့သော ၂၀၁၄ ခုနှစ်ကတည်းက ရှိနေခဲ့ပြီး ရုရှား၊ အမေရိကား၊ ဂျပန်၊ ဥရောပ အစိတ်အပိုင်းအချို့၊ ကနေဒါ နှင့် အခြားနိုင်ငံအချို့တို့တွင် အဓိက ဖြန့်ကျက်မှု ရှိခဲ့သည်။
Shade လုပ်ရပ်သည် လွန်ခဲ့သောနှစ်အနည်းငယ်အတွင်း စဉ်ဆက်မပြတ် ရှိခဲ့သော်လည်း ၎င်းသည် ၂၀၁၉ ခုနှစ်အကုန်ပိုင်းတွင် နှေးသွားခဲ့သည်။ ထင်မြင်ရသော အပြီးသတ်ရပ်ခြင်းအတွက် အကြောင်းရင်းမှာ မရှင်းလင်း သို့မဟုတ် ၎င်းမှာ စစ်မှန်ကြောင်း ဟုတ်မဟုတ် မသိရပေ။ အဖွဲ့တစ်ဖွဲ့မှ လုပ်ဆောင်ချက်တစ်ခုကို အပြီးရပ်နားလိုက်ခြင်းမှာ ပထမအကြိမ် ဟုတ်လိမ့်မည်မဟုတ်၊ မတူကွဲပြားသော နာမည်တစ်ခုအောက်တွင် အခြားတစ်ခုအား ဖွင့်ရန်သာ ဖြစ်လိမ့်မည်။
မက်ဆေ့ချ်တစ်ခု နှင့်အတူ GitHub ပေါ်တွင် စကားဝှက်ဖြည် key များ စုဆောင်းမှုကြီးတစ်ခုအား တင်ပေးခဲ့သည်။ “ကျွန်ုပ်တို့ ၎င်း၏ဖြန့်ဝေမှုအား ၂၀၁၉ ခုနှစ်အကုန်ပိုင်းတွင် ရပ်တန့်ခဲ့သည်” ဟု အဖွဲ့မှ ပြောဆိုသည်။
"ယခု ကျွန်ုပ်တို့အနေနှင့် ဤဇာတ်လမ်းအားအဆုံးသတ်ရန် နှင့် ကျွန်ုပ်တို့တွင်ရှိသော (၇၅၀,၀၀၀ ကျော်) စကားဝှက်ဖြည် key များအားလုံးအား ထုတ်ဝေရန် ဆုံးဖြတ်ချက်တစ်ခု ချခဲ့သည်။ ကျွန်ုပ်တို့မှ ကျွန်ုပ်တို့၏ စကားဝှက်ဖြည် ဆော့ဖ်ဝဲ ကိုလည်း ထုတ်ဝေပေးပြီး key များရှိခြင်းဖြင့် antivirus ကုမ္ပဏီများမှ ၎င်းတို့၏ကိုယ်ပိုင် ပိုမိုအသုံးပြုရလွယ်ကူသော စကားဝှက်ဖြည် tool များအား ထုတ်ပြန်ပေးလိမ့်မည်ဟုလည်း ကျွန်ုပ်တို့ မျှော်လင့်ပါသည်။”
ထိုသူတို့သည် malware ၏ မူရင်းကုဒ်အား ဖျက်ဆီးလိုက်ပြီးကြောင်းလည်း ဖွင့်ဆိုကာ ၎င်းတို့၏ trojan အားဖြင့် ထိခိုက်ခံခဲ့ရသူ အယောက်တိုင်းအား တောင်းပန်ခဲ့သည်။ ၎င်းမှာ ကောင်းမွန်သော သဘောထားတစ်ရပ်အနေဖြင့် ထင်ရပုံပေါ်သော်လည်း ၎င်းတို့၏ malware မှာ များစွာသော လုပ်ငန်းခွင်များနှင့် လူအများအပြားအား အချိန်အတော်ကြာ ကြီးမားသောဆုံးရှုံးမှုများ ဖြစ်စေခဲ့ကြောင်း မမေ့လိုက်ပါနှင့်။
စကားဝှက်ဖြည် ဆော့ဖ်ဝဲ ထုတ်ဝေခြင်းမှာ သတင်းကောင်းဖြစ်ပြီး ၎င်းသည် ထိခိုက်ခံရသော အဖွဲ့အစည်းများအတွက် ပျောက်ဆုံးအချက်အလက်ကို ပြန်လည်ရယူရန် ပိုမိုလွယ်ကူစေပြီး လုံခြုံရေးကုမ္ပဏီများအတွက် ပိုမိုအားကောင်းသော solution များ ပေးနိုင်စေသည်။
Shade မှ ထင်ရသော အပြီးသတ်အနားယူသွားခြင်း တစ်ဖက်တွင် ယခုလက်ရှိအချိန်၌ Sodinokibi သို့မဟုတ် Maze ကဲ့သို့သော အခြားလက်ရှိ အဖွဲ့အုပ်စုပေါင်း များစွာရှိနေသေးပြီး ထိုအရာသည် ခိုးယူခံရသောအချက်အလက်နှင့်အတူ blackmail ထည့်သွင်းရန် ၎င်းတို့၏ နည်းလမ်းကို ပြောင်းလဲလိုက်သည်။
ဆက်စပ်ဆောင်းပါးများ

Scam Alert: Fraudsters Impersonate Bitdefender in Fake Job Interviews
ထုတ်ဝေသည့်ရက်: ၂၀၂၅ နို ၂၅
ဆောင်းပါးဖတ်ရန်
CyberSec Vietnam Conference 2024
ထုတ်ဝေသည့်ရက်: ၂၀၂၄ အောက် ၁၈
ဆောင်းပါးဖတ်ရန်
VPN အသုံးပြုခြင်း၏ အရေးကြီးမှု: ကိုယ်ပိုင်စရိတ္တနှင့် လုံခြုံမှုတိုးတက်အောင်အကောင်းမြင်ရန်
ထုတ်ဝေသည့်ရက်: ၂၀၂၄ ဩ ၂၀
ဆောင်းပါးဖတ်ရန်
Bitdefender သည် ဘန်ကောက်တွင် ကျင်းပသည့် SIS Technology Showcase 2024 တွင် ရောင်ပြန်လင်းနေသည်
ထုတ်ဝေသည့်ရက်: ၂၀၂၄ ဩ ၁၅
ဆောင်းပါးဖတ်ရန်