ကိုရိုနာဗိုင်းရပ်စ် ရုတ်တရက်ဖြစ်ပွားမှု အတွင်း Ransomware ကြောင့် ပြည်သူ့ကျန်းမာရေး အေဂျင်စီ ဖျက်သိမ်းခြင်းခံရ
ထုတ်ဝေသည့်ရက်: ၂၀၂၀ မတ် ၁၅ · သတင်းခန်း · 1 မိနစ်ဖတ်ရန်

ထောင်ပေါင်းများစွာသော အမေရိကန်နိုင်ငံသားများအား ကူညီဖြေရှင်းပေးနေသော အီလီနွိုက် ပြည်နယ်ရှိ The Champaign Urbana Public Health District (CHUPD) မှာ ransomeware လုပ်ရပ်များကြောင့် ၎င်း၏ တရားဝင်ဝက်ဘ်ဆိုဒ် ဖျက်ဆီးခြင်းခံခဲ့ရသည်။
CHUPD သည် အီလီနွိုက်တက္ကသိုလ်အပါအဝင် လူပေါင်း ၂၁၀,၀၀၀ အား ဇီဝပိုင်းဆိုင်ရာ ဗိုင်းရပ်စ်ရုတ်တရက်ဖြစ်ပွားမှု ဖြစ်သော COVID-19 နှင့်ပတ်သက်ပြီး အကြံဉာဏ် နှင့် သတင်းအချက်အလက်များပေးသည်။
The Register မှ အစီရီခံချက် အရ မတ်လ ၁၂ ရက်နေ့တွင် ၎င်း၏မူလဝက်ဘ်ဆိုဒ်အား ပိတ်သွားစေခဲ့သော ransomware infection တစ်ခုနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသောကြောင့် အေဂျင်စီမှာ အခြားဝက်ဘ်ဆိုဒ်တစ်ခုထပ်ဖွင့်ခဲ့ရကြောင်း ပြောလာသည်။ ၎င်း၏ ပိုမိုအဆင်ပြေသောနည်းလမ်းအဖြစ် ဖေ့စ်ဘုတ်စာမျက်နှာတစ်ခုကိုလည်း ဖွင့်ထားကြောင်း တင်ပြထားသည်။
CHUPD မှ “ကျွန်ုပ်တို့၏ဝက်ဘ်ဆိုဒ်အား ပြန်လည် အလုပ်လုပ်ဆောင်နိုင်စေရန် ဆောင်ရွက်နေ” ကြောင်း ပြောကြားခဲ့သည်။
ပြတ်တောက်မှုမှာ အင်္ဂါနေ့မနက်ခင်းမှစတင်ခဲ့ပြီး မကြာမီပင် MailTo ဟုခေါ်သော Netwalker ransomware ကြောင့်ဖြစ်ပွားရကြောင်း သတ်မှတ်ခဲ့ကြသည်။
Netwalker လုပ်ဆောင်သူများမှာ အစိုးရအေဂျင်စီများအပါအဝင် ကြီးမားသောအဖွဲ့အစည်းများအား အဓိကပစ်မှတ်ထားကြသည်။ သို့သော် ဤတိုက်ခိုက်မှုမှာ ပစ်မှတ်ထားလုပ်ဆောင်ခြင်းဖြစ်ပုံတော့ မပေါ်ပေ။ အမှန်မှာ malware မှ ထိုကျန်းမာရေးအေဂျင်စီ၏ ပေါ့လျော့သောလုံခြုံရေးများကြောင့်သာ အလွယ်တကူ ထိုးဖောက်ဝင်ရောက်နိုင်ခဲ့ခြင်းသာ ဖြစ်သည်။
ဤအဖြစ်မျိုးမှာ အမေရိကားနိုင်ငံတဝှမ်း အဖွဲ့အစည်းများအကြား အဖြစ်များနေပြီး ၂၀၁၉ ခုနှစ်တစ်လျှောက် နှင့် ၂၀၂၀ ခုနှစ်အတွင်းမှာပင် ပညာရေး၊ ကျန်းမာရေး နှင့် အစိုးရအဖွဲ့အစည်းများ အပေါ် ransomware infections ထိုးဖောက်မှုအသွင်ဖြင့် ထင်ရှားခဲ့သည်။
အီလီနွိုက်တက္ကသိုလ်မှာလည်း Netwalker ရုတ်တရက်ဖြစ်ပွားမှုကြောင့်လည်း ထိခိုက်မှုများကြုံရသည်။ ကျောင်းမှာ နွေရာသီအားလပ်ရက်ပြီးမှသာ အတန်းများအား ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း ပြောခဲ့သည်။
ဆက်စပ်ဆောင်းပါးများ

Scam Alert: Fraudsters Impersonate Bitdefender in Fake Job Interviews
ထုတ်ဝေသည့်ရက်: ၂၀၂၅ နို ၂၅
ဆောင်းပါးဖတ်ရန်
CyberSec Vietnam Conference 2024
ထုတ်ဝေသည့်ရက်: ၂၀၂၄ အောက် ၁၈
ဆောင်းပါးဖတ်ရန်
VPN အသုံးပြုခြင်း၏ အရေးကြီးမှု: ကိုယ်ပိုင်စရိတ္တနှင့် လုံခြုံမှုတိုးတက်အောင်အကောင်းမြင်ရန်
ထုတ်ဝေသည့်ရက်: ၂၀၂၄ ဩ ၂၀
ဆောင်းပါးဖတ်ရန်
Bitdefender သည် ဘန်ကောက်တွင် ကျင်းပသည့် SIS Technology Showcase 2024 တွင် ရောင်ပြန်လင်းနေသည်
ထုတ်ဝေသည့်ရက်: ၂၀၂၄ ဩ ၁၅
ဆောင်းပါးဖတ်ရန်