Pfizer နှင့် BioNTech ကိုဗစ်-၁၉ စာရွက်စာတမ်းများ EMA ဆိုက်ဘာတိုက်ခိုက်မှုတွင် ခိုးယူခံရခြင်း
ထုတ်ဝေသည့်ရက်: ၂၀၂၁ ဇန် ၁၅ · သတင်းခန်း · 1 မိနစ်ဖတ်ရန်

ကိုဗစ်-၁၉ ကာကွယ်ဆေးများ တိုးတက်မှုအပေါ် စောင့်ကြပ်ကြည့်ရှုခြင်း နှင့် အခွင့်ပေးခြင်းအတွက် တာဝန်ရှိသော ဥရောပဆေးဘက်ဆိုင်ရာအေဂျင်စီ (EMA)မှ ဒီဇင်ဘာလ အစောပိုင်းတွင် Pfizer နှင့် BioNTech ရေးဆွဲသူများထံမှ ဆိုက်ဘာဒုစရိုက်သမားများသည် ကိုဗစ်-၁၉ ကာကွယ်ဆေးအချက်အလက်အား ခိုးယူခဲ့ကြကြောင်း အတည်ပြုခဲ့သည်။
“တခြားသူများ ပိုင်ဆိုင်သည့် ကိုဗစ်-၁၉ ဆေးဝါးများ၊ ကာကွယ်ဆေးများနှင့် သက်ဆိုင်သော ဥပဒေနှင့်မလျော်ညီစွာ ဝင်ရောက်ရယူခဲ့သည့် စာရွက်စာတမ်းအချို့ အင်တာနက်ပေါ်တွင် ယိုစိမ့်ထွက်ခဲ့သည်” ဟု နောက်ဆုံးရ ဆိုက်ဘာတိုက်ခိုက်မှု သတင်းပေးချက်တွင် ဖတ်ရသည်။ “တရားဥပဒေစိုးမိုးရေး အာဏပိုင်များမှ လိုအပ်သည့်ဆောင်ရွက်မှု ပြုလုပ်ခဲ့ကြသည်။ အေဂျင်စီမှ အချက်အလက် ချိုးဖောက်မှု အပေါ် ဒုစရိုက်ပိုင်းဆိုင်ရာ စုံစမ်းစစ်ဆေးခြင်းနှင့် တရားမဝင် ရယူခံသည်ဟုထင်ရသည့် စာရွက်စာတမ်းများ နှင့် ကိုယ်ရေးကိုယ်တာအချက်အလက်တို့၏ မည်သည့်အဖွဲ့အစည်းများ၊ တစ်ဦးတစ်ယောက်စီအပေါ် အကြောင်းကြားရန် ဆက်လက် အပြည့်အဝ တာဝန်ယူသည်။”
နာမည်ကြီး ဟက်လုပ်သည့် ဖိုရမ်တစ်ခုပေါ်တွင် ဖော်ပြထားသည့် ယိုစိမ့်မှုများထဲမှ တစ်ခုကိုလည်း ရှာဖွေတွေ့ရှိခဲ့သည့် Bleeping Computer အရ ခိုးယူခံရသည့် အချက်အလက်များတွင် အီးမေးလ် screenshot များ၊ EMA ဝန်ထမ်းသုံးသပ်ချက် မှတ်ချက်များ၊ Word စာရွက်စာတမ်းများ၊ PDF များ နှင့် PowerPoint presentation တို့ ပါဝင်သည်။
ဆေးဝါးဆိုင်ရာ ကုမ္ပဏီကြီး နှစ်ခုမှ ထုတ်ခဲ့သည့် ပေါင်းစပ်ထုတ်ပြန်ချက်တစ်စောင်တွင် ဆိုက်ဘာတိုက်ခိုက်မှုအတွင်း ၎င်းတို့၏ အထူးလျှို့ဝှက်စာရွက်စာတမ်းအချို့သာလျှင် ရယူခြင်းခံခဲ့ရကြောင်း BNT162b2 COVID-19 ကာကွယ်ဆေး ဖော်စပ်သူများမှ ဖွင့်ဟပြောခဲ့သည်။
“ယနေ့တွင် ဥရောပဆေးဘက်ဆိုင်ရာအေဂျင်စီ (EMA) မှနေ၍ အေဂျင်စီသည် EMA ဆာဗာတစ်ခုပေါ်တွင် သိမ်းဆည်းထားသည့် Pfizer နှင့် BioNTech တို့၏ ကိုဗစ်-၁၉ ကာကွယ်ဆေး BNT162b2 အတွက် စည်းမျဉ်းတင်သွင်းခြင်းနှင့် ဆက်စပ်သည့် စာရွက်စာတမ်းအချို့မှာ တရားမဝင် ဝင်ရောက်ရယူခံခဲ့ရသည်ဆိုသည့် ဆိုက်ဘာတိုက်ခိုက်မှုတစ်ခုနှင့် ရင်ဆိုင်ခဲ့ရကြောင်း ကျွန်ုပ်တို့ထံ အကြောင်းကြားခဲ့သည်” ဟု စာနယ်ဇင်းထုတ်ပြန်ချက်တွင် ပြောဆိုခဲ့သည်။ “အရေးကြီးအနေနှင့် မှတ်သားရသည်မှာ မည်သည့် BioNTech သို့မဟုတ် Pfizer စနစ်များမှ ဤအဖြစ်အပျက်နှင့် ဆက်နွှယ်ပြီး ချိုးဖောက်မှု မရှိခဲ့ဘဲ ဝင်ရောက်ရယူခံရသည့် အချက်အလက်မှတဆင့် လေ့လာပါဝင်ပတ်သက်သူမည်သူမဆို ဖော်ထုတ်ခံရသည်ဟု ကျွန်ုပ်တို့မှ သတိမထားမိပေ။”
EMA မှ ၎င်း၏ ဆေးဘက်ဆိုင်ရာ စည်းမျဉ်းကွန်ယက်မှာ အပြည့်အဝ ဆောင်ရွက်လျက်ရှိပြီး ကိုရိုနာဗိုင်းရပ်စ် ဆေးဝါးများနှင့် ဆေးကုသခြင်းများ၏ ခွင့်ပြုချက်အတွက် ၎င်း၏ စီစစ်ခြင်းဆောင်ရွက်မှုမှာ ချိုးဖောက်မှုအားဖြင့် ထိခိုက်မှုမရှိခဲ့ကြောင်း ပြောဆိုခဲ့သည်။
၎င်းမှာ လက်ရှိလုပ်ဆောင်နေသည့် စုံစမ်းစစ်ဆေးခြင်းအပေါ် ဘက်လိုက်မှုရှိစေလိမ့်မည်ဟု ပြောဆိုရင်း အေဂျင်စီမှ အချက်အလက်ယိုစိမ့်မှုနှင့် စပ်လျဉ်း၍ ထပ်ဆင့်သတင်းအချက်အလက်အား ပေးခြင်းမရှိခဲ့ပေ။
“EMA မှ လက်ရှိလုပ်ဆောင်နေသည့် စုံစမ်းစစ်ဆေးခြင်းအပေါ် ၎င်း၏ တာဝန် ပေးအပ်ခံထားရသည်နှင့်အညီ တတ်နိုင်သမျှ အတိုင်းအတာအတွင်း သတင်းအချက်အလက်များအား ဆက်လက်ပေးသွားပါမည်” ဟု ဆိုက်ဘာတိုက်ခိုက်မှု နောက်ဆုံးရသတင်းတွင် အဆုံးသတ်ထားသည်။
ဆက်စပ်ဆောင်းပါးများ

Scam Alert: Fraudsters Impersonate Bitdefender in Fake Job Interviews
ထုတ်ဝေသည့်ရက်: ၂၀၂၅ နို ၂၅
ဆောင်းပါးဖတ်ရန်
CyberSec Vietnam Conference 2024
ထုတ်ဝေသည့်ရက်: ၂၀၂၄ အောက် ၁၈
ဆောင်းပါးဖတ်ရန်
VPN အသုံးပြုခြင်း၏ အရေးကြီးမှု: ကိုယ်ပိုင်စရိတ္တနှင့် လုံခြုံမှုတိုးတက်အောင်အကောင်းမြင်ရန်
ထုတ်ဝေသည့်ရက်: ၂၀၂၄ ဩ ၂၀
ဆောင်းပါးဖတ်ရန်
Bitdefender သည် ဘန်ကောက်တွင် ကျင်းပသည့် SIS Technology Showcase 2024 တွင် ရောင်ပြန်လင်းနေသည်
ထုတ်ဝေသည့်ရက်: ၂၀၂၄ ဩ ၁၅
ဆောင်းပါးဖတ်ရန်