Password များ လုံ ခြုံရေးခွင့်ပြုချက်၏အဓိကနည်းလမ်း နှင့် Data ချိုးဖောက်မှုများ၏ ထိပ်တန်းအကြောင်းရင်း ဖြစ်နေသေးခြင်း
ထုတ်ဝေသည့်ရက်: ၂၀၂၀ မတ် ၁၂ · သတင်းခန်း · 1 မိနစ်ဖတ်ရန်

Username/password အတွဲမှာ လုပ်ငန်းသုံးစက်ပစ္စည်းများ၊ အက်ပလီကေးရှင်းများ နှင့် data များ သုံးစွဲရန် လုံခြုံရေးခွင့်ပြုချက် ရယူရာတွင် အဓိကနည်းလမ်းအဖြစ် ရှိနေသေးသည်။ အပြန်အလှန်အားဖြင့် သုတေသနပြုချက်အရ password သည် အဖွဲ့အစည်းအမျိုးစုံအတွက် ထိပ်တန်း တိုက်ခိုက်နည်းလမ်းကြောင်းအသွင်အဖြစ်လည်း တည်ရှိနေသည်။
Mobileriron မှ ပံ့ပိုးသော Enterprise Management Associates (EMA) ၏ သုေတသနျပဳခ်က္ အသစ်သည် အသုံးပြုနေကျ ရိုးရာpassword များကို အဆုံးသတ်ရန်အချိန်တန်ပြီဆိုသည့် အသိပေးချက်အား ထောက်ခံအားပေးထားသည်။ EMA စစ်တမ်းကောက်ချက်မှ တုံ့ပြန်သူများ၏ ၄၂% ဖြေကြားချက်မှာ ၎င်းတို့၏အဖွဲ့အစည်းများသည် user တစ်ဦး၏ password အား အပေးအယူသဘောလုပ်ဆောင်ခြင်း အကျိုးဆက်တစ်ရပ်အနေနှင့် ချိုးဖောက်နေကြသည် ဟုဆိုသည်။
ည့ံဖျင်းသော password ရှင်းလင်းမှုသည် data ချိုးဖောက်ခြင်းများ၏ ထိပ်တန်းအကြောင်းရင်းတစ်ရပ်ဖြစ်သည်။ အချို့သောတုံ့ပြန်သူ ၃၁% မှာ ၎င်းတို့၏အဖွဲ့အစည်းများသည် user ၏အထောက်အထားများကို တရားမဝင်သူတစ်ဦးအယောက်အား မျှဝေပေးခြင်းဖြင့် ချိုးဖောက်ကြသည် ဟု ဖော်ပြကြသည်။ ဤအရာကား အချက်အလက်ခိုးယူတိုက်ခိုက်မှုများ ပျ့ံနှ့ံခြင်းတွင် အရေးပါအရာရောက်သည်။ တုံ့ပြန်သူများ၏ ၂၈% က ၎င်းတို့၏အဖွဲ့အစည်းများသည် ဝန်ထမ်း၏အထောက်အထားများအား ခိုးယူရန်ဦးတည်ထားသော phishing email တစ်စောင်သုံးခြင်း၏ အကျိုးဆက်တစ်ရပ်အနေနှင့် ချိုးဖောက်ကြသည်ဟု ဖော်ပြသည်။
စီးပွားရေးလုပ်ငန်းစု လုံခြုံရေးခွင့်ပြုချက် အတွက် စာသားအလေးပေး password များအစား အခြားနည်းလမ်းများရှိနေသော်လည်း Bitdefender မှ သုတေသနပြုချက် အရ ဝန်ထမ်းများအား ဆိုက်ဘာလုံခြုံရေးသင်တန်းပေးခြင်းသည်သာလျှင် ဆိုက်ဘာတိုက်ခိုက်မှုတစ်ရပ် ကာကွယ်ရာတွင် အကောင်းဆုံးနည်းလမ်း ဖြစ်သည်ဟု ဖော်ဆိုထားသည်။ ဆိုက်ဘာသင်တန်းပေးခြင်းအပေါ် အလေးပေးသော အဖွဲ့အစည်းများသည် ဆိုက်ဘာတိုက်ခိုက်မှုအရှိန်မြင့်လာခြင်းအပေါ် တုံ့ပြန်ရာတွင် ပို၍ထိရောက်မှုလည်းရှိသည်။
အဖွဲ့အစည်းများအနေဖြင့် ဝန်ထမ်းများအား လှည့်စားသော phishing email တစ်စောင်အပေါ် သတိပြုမိရန် နှင့် ကနဦးကာကွယ်မှုတစ်ရပ်အဖြစ်လုပ်ဆောင်တတ်ရန် လေ့ကျင့်ပေးရမည်။ ပစ်မှတ်ထားခံရသူသည် အန္တရာယ်ရှိသည့် အီးမေးလ်ကို ဖွင့်မိသွားရန် လှည့်စားခံရလျှင် ဟက်ကာတစ်ယောက်သည် ထိုသူ၏ကွန်ပျူတာ၌ မည်သည့်ကာကွယ်မှုမျိုးကိုမဆို ရှောင်တိမ်းနိုင်လိမ့်မည်။ လူသားဟူသည် သဘာဝအရ ထိခိုက်လွယ်၊ ကာကွယ်အားနည်းသည့်အလျောက် အဖွဲ့အစည်းများအနေနှင့် ဤလစ်လပ်ချက်ကို ဖြည့်ပေးသော Network Traffic Analytics (သို့) Managed Endpoint Detection and Response Solution ကဲ့သို့သော နည်းပညာများအပေါ် ရင်းနှီးမြှုပ်နှံသင့်သည်။
ဆက်စပ်ဆောင်းပါးများ

Scam Alert: Fraudsters Impersonate Bitdefender in Fake Job Interviews
ထုတ်ဝေသည့်ရက်: ၂၀၂၅ နို ၂၅
ဆောင်းပါးဖတ်ရန်
CyberSec Vietnam Conference 2024
ထုတ်ဝေသည့်ရက်: ၂၀၂၄ အောက် ၁၈
ဆောင်းပါးဖတ်ရန်
VPN အသုံးပြုခြင်း၏ အရေးကြီးမှု: ကိုယ်ပိုင်စရိတ္တနှင့် လုံခြုံမှုတိုးတက်အောင်အကောင်းမြင်ရန်
ထုတ်ဝေသည့်ရက်: ၂၀၂၄ ဩ ၂၀
ဆောင်းပါးဖတ်ရန်
Bitdefender သည် ဘန်ကောက်တွင် ကျင်းပသည့် SIS Technology Showcase 2024 တွင် ရောင်ပြန်လင်းနေသည်
ထုတ်ဝေသည့်ရက်: ၂၀၂၄ ဩ ၁၅
ဆောင်းပါးဖတ်ရန်