ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်နေချိန် ဆန်းပြားသော ဆိုက်ဘာတိုက်ခိုက်မှု မှ Czech ဆေးရုံအား ရပ်တန့်သွားစေမှု
ထုတ်ဝေသည့်ရက်: ၂၀၂၀ မတ် ၁၇ · သတင်းခန်း · 1 မိနစ်ဖတ်ရန်

လွန်ခဲ့သောသောကြာနေ့က ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဆိုး ဖြစ်နေစဉ်အတွင်း Czech သမ္မတနိုင်ငံ၏ ဒုတိယအကြီးဆုံးဆေးရုံအား ဆိုက်ဘာတိုက်ခိုက်မှုတစ်ရပ် ပြုခဲ့သည်။ ဖြစ်စဉ်အား Czech အမျိုးသား ဆိုက်ဘာနှင့်သတင်းအချက်အလက်လုံခြုံရေးရုံး (NÚKIB) မှ အတည်ပြုခဲ့ပြီး ရဲ၊ ဆေးရုံဝန်ထမ်းများနှင့်လက်တွဲကာ ပျက်စီးမှုများအား ပြန်လည်ရယူရန်နှင့် ၎င်းတို့၏ network ကိုလုံခြုံစေရန် လုပ်ဆောင်လျက်ရှိသည်။
အစီရင်ခံချက်တွင် Brno တက္ကသိုလ်ဆေးရုံအပေါ် တိုက်ခိုက်မှုဖြစ်စဉ်ကို အသေးစိတ်မဖော်ပြထားသော်လည်း ဆေးဖက်ဆိုင်ရာစောင့်ရှောက်မှုဌာနမှာ ၎င်း၏ အိုင်တီ network ကိုပိတ်ပစ်ရန်လိုအပ်ခြင်းခံခဲ့ရသည်။
Czech မီဒီယာထံသို့ ပြောကြားချက်တစ်ရပ်တွင် အချို့သောစနစ်များမှာ အလုပ်လုပ်နေသေးသော်လည်း ၎င်း၏ ဌာနစနစ်များ နှင့် database အကြား အချက်အလက်များ သယ်ပို့လွှဲပြောင်းနိုင်မှုမှာ ထိခိုက်ခဲ့ရကြောင်း ဆေးရုံညွှန်ကြားရေးမှူးချုပ်မှ ပြောဆိုခဲ့သည်။
ဆေးဖက်ဆိုင်ရာဝန်ထမ်းများမှာလည်းဂရက်ရိုက်ခံရပြီး စီစဉ်ထားသောခွဲစိတ်မှုများအား ရွှေ့ဆိုင်းရန်နှင့် လူနာအချို့အား နီးစပ်ရာဆေးရုံတစ်ရုံသို့ ပြောင်းရွှေ့ရန် တွန်းအားပေးခံခဲ့ရသည်။ ဥရောပတွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် တိုက်ခိုက်မှုကို ပိုမိုအားပြင်းစေခဲ့ပြီး တာဝန်ရှိသူများမှာ စနစ်များအား အွန်လိုင်းပြန်ဖြစ်ရန် အချိန်ပြည့်လုပ်ဆောင်နေကြသည်။ ဆေးရုံမှာ နိုင်ငံ၏ အကြီးဆုံး ကိုရိုနာဗိုင်းရပ်စ် စစ်ပေးသော ဓါတ်ခွဲခန်းများထဲမှ တစ်ခုလည်းဖြစ်ပြီး မကြာသေးခင်က ဆိုက်ဘာတိုက်ခိုက်မှုမှာ ၎င်း၏ စမ်းသပ်လုပ်ဆောင်ချက်များကို အနှောင့်အယှက်ဖြစ်စေခဲ့သည်။
ကျွန်ုပ်တို့အနေနှင့် ပြည်သူ့ကျန်းမာရေးအခက်အခဲပြဿနာအပေါ် အမြတ်ထုတ်ရန်ကြိုးစားကြသော ဆိုက်ဘာရာဇဝတ်သားများ၏ မျက်နှာလွဲခဲပစ်လုပ်ရပ်အား တဖန်အာရုံစိုက်ရပြန်လေပြီ။ ခြိမ်းခြောက်သူများ၏အခွင့်အရေးယူတတ်သည့်သဘာဝက သူတို့၏စီမံချက်များတွင် မည်သူ့ကိုမှ အသက်ချမ်းသာခွင့်မပေးဘဲ ဤအခက်အခဲပြဿနာ၏အကြောင်းရင်းပင် ထိုသူတို့အား မတားမြစ်နိုင်ကြောင်း သက်သေပြနေသည်။
ဤကဲ့သို့ ထုံးစံမဟုတ်သောကမ္ဘာတဝှမ်းအဖြစ်အပျက်က ခြိမ်းခြောက်ခြင်းလုပ်ရပ်များအသွင်ပြောင်းလာခြင်းအပေါ် ၎င်း၏အမှတ်အသားကိုလည်း မြင်သာစေပြီး အခြား ကျန်းမာရေးအဖွဲ့အစည်းများနှင့် ဆေးရုံများသည် ဤအနှောင့်အယှက်ပေးသောအဖြစ်အပျက်အားဖြင့် ၎င်းတို့၏အသိအမြင်ကို တိုးမြှင့်သင့်သည်။
ဆိုက်ဘာတိုက်ခိုက်မှုတစ်ခုကြောင့် ဆေးရုံတစ်ရုံ၏ အိုင်တီဖွဲ့စည်းတည်ဆောက်မှုကို ပိတ်ချခံရခြင်းမှာ ဆေးဖက်ဆိုင်ရာစောင့်ရှောက်မှုကို နှောင့်နှေးစေနိုင်သည်သာမက ရောဂါအား ရှေ့တန်းတွင်တိုက်ခိုက်နေကြသော ဆရာဝန်များနှင့်သူနာပြုများအား ပိုမိုဒုက္ခပေးလာနိုင်သည်။
ဆက်စပ်ဆောင်းပါးများ

Scam Alert: Fraudsters Impersonate Bitdefender in Fake Job Interviews
ထုတ်ဝေသည့်ရက်: ၂၀၂၅ နို ၂၅
ဆောင်းပါးဖတ်ရန်
CyberSec Vietnam Conference 2024
ထုတ်ဝေသည့်ရက်: ၂၀၂၄ အောက် ၁၈
ဆောင်းပါးဖတ်ရန်
VPN အသုံးပြုခြင်း၏ အရေးကြီးမှု: ကိုယ်ပိုင်စရိတ္တနှင့် လုံခြုံမှုတိုးတက်အောင်အကောင်းမြင်ရန်
ထုတ်ဝေသည့်ရက်: ၂၀၂၄ ဩ ၂၀
ဆောင်းပါးဖတ်ရန်
Bitdefender သည် ဘန်ကောက်တွင် ကျင်းပသည့် SIS Technology Showcase 2024 တွင် ရောင်ပြန်လင်းနေသည်
ထုတ်ဝေသည့်ရက်: ၂၀၂၄ ဩ ၁၅
ဆောင်းပါးဖတ်ရန်