ကိုရိုနာဗိုင်းရပ်စ်အတွက် အံ့ဘွယ်ကုထုံးများ နှင့် မမှန်ကန်သောအကြံပြုချက်
ထုတ်ဝေသည့်ရက်: ၂၀၂၀ မတ် ၂၀ · သတင်းခန်း · 1 မိနစ်ဖတ်ရန်

ကိုဗစ်-၁၉ ကပ်ရောဂါဆိုးကြီးမှာ ကမ္ဘာတဝှမ်း ပျံ့နှံ့နေသည့်အလျောက် အလိမ်အညာသမားများမှာလည်း နေရာအနှံ့ စားသုံးသူများ၏အကြောက်တရားများအပေါ် လုယက်လာကြသည်။ မမှန်မကန်သတင်းများမှာ တောမီးကဲ့သို့ ပျံ့နှံ့နေပြီး တံဆိပ်မှား၊ တရားမဝင်ကုန်ပစ္စည်းများမှာလည်း ကိုဗစ်-၁၉ အား ကာကွယ်ပေးနိုင်သည့် ကုသနိုင်စွမ်းများရှိသည်ဟုဆိုကာ နေ့ချင်းညချင်းပင် ပွားများလာကြသည်။
စားသုံးသူများ၏ စိတ်ရောကိုယ်ပါမျှော်လင့်ထားချက်များအပေါ် ဤအတုအယောင်ထုတ်ကုန်များအတွက်ပေးလိုက်ရသော ၎င်းတို့၏ငွေကြေးများမှာ ထိုက်တန်မှုပင်ရှိလိမ့်မည်မဟုတ်ပေ။
Homeopathy ကုထုံး, Colloidal silver ဆေးနည်း နှင့် သွားတိုက်ဆေး
No! သင့်မျက်လုံးများက သင့်အားလှည့်စားနေခြင်းမဟုတ်ပါ။ အလိမ်အညာသမားများမှာ ငွေသွင်းလက်ဆေးဆပ်ပြာများ မှအစ သွားတိုက်ဆေးနှင့် အထူးဆီ ကုန်ပစ္စည်းများအပါအဝင် အသစ်သောကိုရိုနာဗိုင်းရပ်စ်အတွက် ကုသနည်းများအား အရောင်းမြှင့်တင်နေကြသည်။ ဤလက်ကားရောင်းချသူများမှာ ရောဂါကို ကာကွယ်၊ကုသရန်ဟုဆိုကာ ဖေ့စ်ဘွတ်ခ် စာမျက်နှာများနှင့် ဝက်ဘ်ဆိုဒ်များ ဖွင့်ပြီး အလွယ်တကူငွေရှာရန် စိတ်အားထက်သန်နေကြသည်။
ကျန်းမာရေးစောင့်ရှောက်မှု တာဝန်ရှိသူများမှာ စားသုံးသူများအား ထိုသူတို့၏မသမာလုပ်ရပ်များ၏ သားကောင်များအဖြစ်သို့ မကျရောက်မိစေရန် သတိပေးလျက်ရှိသည်။FTC နှင့် FDA တို့မှ ဤအလိမ်အညာလက်ကားရောင်းချသူများအပေါ် အရေးယူမှုများ လုပ်ဆောင်နေပြီး စားသုံးသူများကိုလည်း ၎င်းတို့ရရှိသည့် သံသယဖြစ်ဖွယ် မည်သည့်ကုန်ပစ္စည်းများ၊ ကြေငြာများကိုမဆို တိုင်ကြားမှုများလုပ်ရန် နှိုးဆော်ထားသည်။
ဆိုက်ဘာရာဇဝတ်သမားများမှာ လက်ရှိအဖြစ်အပျက်များအပေါ် အမြဲဆုပ်ကိုင်မှုရယူတတ်ကြသောကြောင့် ကိုရိုနာဗိုင်းရပ်စ် ရုတ်တရက်ဖြစ်ပွားမှုအပေါ် အလျင်အမြန်ပင် လက်နက်အဖြစ်အသုံးချကာ ရိုးရှင်းသော malware တိုက်ခိုက်မှုများထက်ပိုသောအရာများကို စေလွှတ်ကြသည်။ ၎င်းတို့မှာ သတင်းအချက်အလက်မှားယွင်းမှုများအပေါ် အလိုက်သင့် စီးမျောရင်း အံ့ဘွယ်ဆေးများကိုကြေငြာသော၊ ကြိုတင်ကာကွယ်နည်းများကိုပေးသော ၎င်းတို့၏ကိုယ်ပိုင် ဝက်ဘ်ဆိုဒ်အတုအယောင်များကို ဖွင့်နေကြသည်။
ထိုသူတို့သည် သင့်အား ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်များ နှင့် ငွေကြေးများ လွှဲမိစေရန် လှည့်စားရာတွင် ၎င်းတို့၏အလိမ်အညာများထဲ၌ အီးမေးလ်အတုများ၊ လူမှုကွန်ယက်မီဒီယာပို့စ်များ သို့မဟုတ် မက်ဆေ့ချ် ပို့စာများပင် သုံးနိုင်သည်။
သတိဝီရိယရှိပါ
ကိုရိုနာဗိုင်းရပ်စ် ရုတ်တရက်ဖြစ်ပွားစဉ်အတွင်း လိမ်ညာမှု၏သားကောင်ဖြစ်ခြင်းမှ ရှောင်ရှားရန် အလွယ်ကူဆုံးနည်းမှာ သာမန်အသိစိတ်ကိုသုံးပြီး အန္တရာယ်ကင်းသောအွန်လိုင်းသုံးနည်းများကို လိုက်နာကျင့်သုံးဖို့ရန်ပင်။ အရေးကြီးဆုံးအနေနှင့် အောက်ပါအချက်များကို အထူးသတိထားပါ -
-
မရင်းနှီးသော နေရာများမှလာသော သံသယဖြစ်ဖွယ် လင့်ခ်များ
-
ရောဂါ ထိန်းချုပ်၊ ကြိုတင်ကာကွယ်သည့် စင်တာများ နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) မှ လာသယောင်လုပ်ထားသော၊ ဗိုင်းရပ်စ်အား ကြိုတင်ကာကွယ်၊ကုသသည့် ကုထုံးများနှင့်အတုအယောင်ဆေးများကို ကြေငြာမြှင့်တင်ပေးသော အီးမေးလ်များ
-
ဖေ့စ်ဘွတ်ခ် နှင့် တွစ်တာ အစရှိသော လူမှုကွန်ယက်မီဒီယာများပေါ်တွင်မြင်ရသော မည်သည့်ကြေငြာအတုယောင်များကိုမဆို လစ်လျူရှုပြီး တိုင်ကြားပါ။
အမှတ်ရပါ... သင့်လုံခြုံရေးက အမြဲပထမဖြစ်နေရမည်။ သင့်အွန်လိုင်းလုပ်ဆောင်မှု နှင့်ရှာဖွေမှုပုံစံများ အပေါ် သတိလက်လွတ်မဖြစ်မိပါစေနှင့်။ သင့်မိတ်ဆွေအပေါင်းအသင်းများ နှင့် မိသားစုကိုလည်း ကောင်းသောအွန်လိုင်းအလေ့အကျင့်များလုပ်ဆောင်စေရန် နှင့် ယုံကြည်စိတ်ချရသော ဝက်ဘ်ဆိုဒ်များထံမှ ဗိုင်းရပ်စ်နှင့်ဆက်စပ်သော သုတေသနကို ဝီရိယရှိရှိလုပ်ဆောင်ရန် သေချာစေပါ။
အန္တရာယ်ကင်းစွာ နေကြပါ။
ဆက်စပ်ဆောင်းပါးများ

Scam Alert: Fraudsters Impersonate Bitdefender in Fake Job Interviews
ထုတ်ဝေသည့်ရက်: ၂၀၂၅ နို ၂၅
ဆောင်းပါးဖတ်ရန်
CyberSec Vietnam Conference 2024
ထုတ်ဝေသည့်ရက်: ၂၀၂၄ အောက် ၁၈
ဆောင်းပါးဖတ်ရန်
VPN အသုံးပြုခြင်း၏ အရေးကြီးမှု: ကိုယ်ပိုင်စရိတ္တနှင့် လုံခြုံမှုတိုးတက်အောင်အကောင်းမြင်ရန်
ထုတ်ဝေသည့်ရက်: ၂၀၂၄ ဩ ၂၀
ဆောင်းပါးဖတ်ရန်
Bitdefender သည် ဘန်ကောက်တွင် ကျင်းပသည့် SIS Technology Showcase 2024 တွင် ရောင်ပြန်လင်းနေသည်
ထုတ်ဝေသည့်ရက်: ၂၀၂၄ ဩ ၁၅
ဆောင်းပါးဖတ်ရန်