LinkedIn အီးမေးလ် အကြောင်းအရာခေါင်းစဉ်များမှာ ၂၀၂၁ ခုနှစ်တွင် ထိပ်တန်း-အနှိပ်အများဆုံး လူမှုမီဒီယာ Phishing လှည့်စားမှုများ အဖြစ် ရပ်တည်နေခြင်း
ထုတ်ဝေသည့်ရက်: ၂၀၂၁ ဧ ၂၀ · သတင်းခန်း · 1 မိနစ်ဖတ်ရန်

အထိရောက်ဆုံးသော လူမှုမီဒီယာ phishing လှည့်စားမှုများအား ခွဲခြမ်းစိတ်ဖြာထားသည့် မကြာသေးမီက လေ့လာမှုတစ်ခုသည် LinkedIn နှင့်ဆက်စပ်သော အီးမေးလ်များမှာ ၂၀၂၁ ခုနှစ် ပထမလေးလပတ်အတွင်း အအောင်မြင်ဆုံးသော entry point များ အကြား ရှိခဲ့ကြောင်း ဖော်ပြထားသည်။
KnowBe4 ၏ အသွင်တူဖန်တီးထားသော phishing စစ်ဆေးမှုများ အစီရင်ခံစာအရ ဝန်ထမ်းများ၏ ၄၂% မှာ အမှန်အကန် LinkedIn ပတ်သက်မှုအသွင် ဆောင်ထားသည့် အီးမေးလ် အကြောင်းအရာခေါင်းစဉ်များကို နှိပ်မိပေလိမ့်မည်။
“LinkedIn phishing မက်ဆေ့ချ်များမှာ လွန်ခဲ့သော နှစ်ပေါင်းသုံးနှစ် ကတည်းက လူမှုမီဒီယာ အပိုင်းကဏ္ဍတွင် နေရာယူထားပြီးဖြစ်သည်” ဟု အစီရင်ခံစာမှ ပြောဆိုထားသည်။ “LinkedIn မှာ ပရော်ဖက်ရှင်နယ် ကွန်ယက်တစ်ခု ဖြစ်စဉ်ကတည်းက အသုံးပြုသူများမှာ ဤအီးမေးလ်များအား အစစ်အမှန်အဖြစ် လက်ခံထားကြပြီး ကြီးမားသော ပြဿနာများ ဖြစ်ပေါ်စေနိုင်ရခြင်းမှာ LinkedIn အသုံးပြုသူအများအပြားသည် ၎င်းတို့၏အကောင့်များအား ၎င်းတို့၏ လုပ်ငန်း အီးမေးလ်လိပ်စာများဖြင့် ချိတ်ဆက်ထားကြသောကြောင့် ဖြစ်သည်။
“လူအများ သင့် ပရိုဖိုင်အား ရှာဖွေကြည့်ရှုနေသည်”, add-me ကမ်းလှမ်းချက်များ၊ သို့မဟုတ် လုံခြုံရေး နှင့် ဆက်စပ်သည့် အသိပေးခြင်းများ အစရှိသော မက်ဆေ့ချ်များ ပါဝင်နိုင်သည့် LinkedIn-ခေါင်းစဉ်တပ် အီးမေးလ် အကြောင်းအရာခေါင်းစဉ်များမှာ များသောအားဖြင့် သတိမမူမိသော လက်ခံရယူသူများကို လှည့်ဖျားကြသည်။
ထပ်ဆင့် ထိပ်တန်း-အနှိပ်အများဆုံး လူမှုမီဒီယာ အီးမေးလ် အကြောင်းအရာခေါင်းစဉ်များတွင် ဖေ့စ်ဘုတ် အသိပေးချက်များ (၂၀%)၊ Twitter ပေါ်ရှိ တိုက်ရိုက် မက်ဆေ့ချ်များ (၉%)၊ login သတိပေးချက်များ (၁၂%) နှင့် မက်ဆေ့ချ် သတိပေးချက်များ (၁၁%) တို့ ပါဝင်သည်။
အစီရင်ခံစာမှ အခြား မှတ်သားဖွယ်ရာအချက်မှာ နောက်ပိုင်းတွင် အသုံးပြုသူများသည် ကိုရိုနာဗိုင်းရပ်စ် နှင့် ဆက်စပ်သည့် phishing လှည့်ဖျားမှုများထံ ကျရောက်ရန် နည်းပါးလာခြင်းပင် ဖြစ်သည်။ အသုံးပြုသူများမှာ ကပ်ရောဂါဆိုး-ခေါင်းစဉ်တပ် လှည့်ဖျားမှု မက်ဆေ့ချ်များအား သတိပြုမိခြင်းနှင့် ရှောင်ရှားခြင်းတို့အပေါ် ရင်းနှီးမှုရှိလာပုံ ပေါ်သော်လည်း အသုံးပြုသူများ၏ သုံးပုံတစ်ပုံလောက်မှာ လုံခြုံရေးနှင့် ဆက်စပ်သော အိုင်တီ အသိပေးချက်များ အပေါ် နှိပ်မိသည့် လှည့်ဖျား အီးမေးလ်တစ်စောင်ထံ သက်ရောက်နေကြသေးသည်။
ဆက်စပ်ဆောင်းပါးများ

Scam Alert: Fraudsters Impersonate Bitdefender in Fake Job Interviews
ထုတ်ဝေသည့်ရက်: ၂၀၂၅ နို ၂၅
ဆောင်းပါးဖတ်ရန်
CyberSec Vietnam Conference 2024
ထုတ်ဝေသည့်ရက်: ၂၀၂၄ အောက် ၁၈
ဆောင်းပါးဖတ်ရန်
VPN အသုံးပြုခြင်း၏ အရေးကြီးမှု: ကိုယ်ပိုင်စရိတ္တနှင့် လုံခြုံမှုတိုးတက်အောင်အကောင်းမြင်ရန်
ထုတ်ဝေသည့်ရက်: ၂၀၂၄ ဩ ၂၀
ဆောင်းပါးဖတ်ရန်
Bitdefender သည် ဘန်ကောက်တွင် ကျင်းပသည့် SIS Technology Showcase 2024 တွင် ရောင်ပြန်လင်းနေသည်
ထုတ်ဝေသည့်ရက်: ၂၀၂၄ ဩ ၁၅
ဆောင်းပါးဖတ်ရန်