အင်စတာဂရမ် လုံခြုံရေး စစ်ဆေးမှုမှ အကောင့်ဟက်ကာများကို ပိုမိုအခက်တွေ့စေအောင် လုပ်ဆောင်ရန် ရည်မှန်းခြင်း
ထုတ်ဝေသည့်ရက်: ၂၀၂၁ ဇူ ၁၉ · သတင်းခန်း · 1 မိနစ်ဖတ်ရန်

အင်စတာဂရမ်မှ ၎င်း၏ လစဉ် ပုံမှန်အသုံးပြုသူများ၏ အကောင့်ပေါင်း တစ်ဘီလီလံအား ပိုမိုကောင်းမွန်လုံခြုံစေရန် မျှော်လင့်ရင်း သွင်ပြင်အသစ်တစ်ရပ် ထုတ်ပြန်ပေးလိုက်သည်။
အင်စတာဂရမ်၏ ဘလော့ပေါ်တွင် ဖော်ပြခဲ့သည့်အတိုင်း လူမှုကွန်ယက်မှ အကောင့်နှင့်ပတ်သက်၍ သံသယဖြစ်ဖွယ်အပြုအမှုကို စုံစမ်းမိချိန်တိုင်း သို့မဟုတ် ၎င်းမှာ အလဲအလှယ်လုပ်ခံရပြီဟု ယုံကြည်မိတိုင်း အသုံးပြုသူများ၏ စမတ်ဖုန်းများပေါ်တွင် လုံခြုံရေးစစ်ဆေးမှုသည် ပေါ်လာပေလိမ့်မည်။
ဥပမာ - အင်စတာဂရမ်သည် အကယ်၍ ၎င်းမှ သင့်အီးမေးလ်လိပ်စာ မကြာသေးမှီကမှ ပြောင်းလိုက်ကြောင်း ထောက်လှမ်းမိလျှင်၊ သို့မဟုတ် မိုဘိုင်း ဖုန်းနံပါတ် ပြောင်းသွားလျှင် သင့်အား စစ်ဆေးမှုတစ်ခု လုပ်ဆောင်ရန်၊ သို့မဟုတ် အကယ်၍ သင့်အင်စတာဂရမ်အကောင့်ထံ ချိတ်ဆက်သည့် ဖေ့စ်ဘုတ်ပရိုဖိုင်တစ်ခုအား တရားဝင်ဖြစ်ကြောင်း အတည်ပြုရန် တိုက်တွန်းပေမည်။

ထိုသို့သော စစ်ဆေးမှုများမှာ အရေးကြီးသည်၊ အဘယ်ကြောင့်ဆိုသော် အကယ်၍ သင့်အင်စတာဂရမ်အကောင့် ဟက်ခြင်းခံရလျှင် တိုက်ခိုက်သူတစ်ဦးမှာ သင် ပြန်လည်ရယူရန်ကြိုးပမ်းမှုအပေါ် တားမြစ်နိုင်ရန် အားထုတ်မှုတစ်ရပ်အနေနှင့် သင့်အဆက်အသွယ်အသေးစိတ်များကို ပြောင်းလဲပစ်ရန် ကြိုးပမ်းပေလိမ့်မည်။
လုံခြုံရေးစစ်ဆေးမှုမှာ နောက်ရက်သတ္တပတ်အနည်းငယ်အတွင်း အင်စတာဂရမ်အသုံးပြုသူအားလုံးထံ ထွက်ရှိလာပေလိမ့်မည်။
သွင်ပြင်အသစ် ကြေငြာခြင်းအပြင် ဖေ့စ်ဘုတ်အပိုင်ဖြစ်သော အင်စတာဂရမ်သည်လည်း အကောင့်များ၏ လုံခြုံရေးကို တိုးမြှင့်ရန် ဆောင်ယူထားသည့် အမျိုးမျိုးသော လုံခြုံရေးအတိုင်းအတာများကို ရှင်းရှင်းလင်းလင်းသိစေရန် အခွင့်ကောင်းယူလိုက်ခြင်းပင်ဖြစ်သည်။
စာရင်းရှိ ပထမဦးဆုံးမှာ အသုံးပြုသူအမည်များနှင့် လှို့ဝှက်ကုဒ်များအပြင် ထပ်ဆင့် လုံခြုံရေးအလွှာတစ်ခု ထပ်ဖြည့်ထားသည့် two-factor authentication (2FA) တတ်စွမ်းစေခြင်း ဖြစ်သည်။
အင်စတာဂရမ်အရ ၎င်းသည် အချို့နိုင်ငံများတွင် WhatsApp တစ်လျှောက် two-factor authentication အား မကြာမှီ ပံ့ပိုးပေးပေလိမ့်မည်။ သို့သော် အကယ်၍ ဤအရာမှာ မဖြစ်ပေါ်သေးလျှင် သင်သည် Google Authenticator ကဲ့သို့သော authentication အက်ပလီကေးရှင်းတစ်ခုနှင့်အတူ 2FA အား လုပ်ဆောင်နိုင်သေးသည်။

ဒုတိယအနေဖြင့် အင်စတာဂရမ်သည် အကယ်၍ သင့်အသေးစိတ်အချက်အလက်များမှာ တိုက်ခိုက်သူတစ်ဦးအားဖြင့် ပြောင်းလဲခြင်းခံရလျှင်ပင် သင့်အင်စတာဂရမ်အကောင့်၏ ထိန်းချုပ်မှုကို ပြန်လည်ရယူရန် ဤအဆင့်များမှ သင့်အား ကူညီပေးကြောင်း ရှင်းပြရင်း - ၎င်း၏အသုံးပြုသူများအား ၎င်းတို့၏အကောင့်များနှင့် ဆက်စပ်သည့် အီးမေးလ်လိပ်စာများနှင့် ဖုန်းနံပါတ်များမှာ မှန်ကန်ပြီး up to date ဖြစ်ကြောင်း သေချာနေစေရန် အကြံပြုပေးသည်။

ထို့အပြင် အင်စတာဂရမ်မှ အသုံးပြုသူများအား ၎င်းသည် သင့်ထံ တိုက်ရိုက်မက်ဆေ့ချ် (DM) တစ်ခု ဘယ်တော့မှ ပို့လိမ့်မည်မဟုတ်ကြောင်းကိုလည်း အလေးပေးဖော်ပြထားသည်။ လိမ်ညာသူမှ သတိမမူသော အသုံးပြုသူများအား ၎င်းတို့၏ အကောင့် လှို့ဝှက်ကုဒ်များ ပေးမိလိုက်ရန် လိမ်ညာရာတွင် သို့မဟုတ် အလိမ်အညာဝက်ဘ်ဆိုဒ်များထံ ရောက်သွားရန် ထိုသူတို့အား ဖြားယောင်းရာတွင် ဤနည်းပရိယာယ်ကို မကြာခဏပင် အသုံးပြုပေလိမ့်မည်။
အင်စတာဂရမ်မှ ရှင်းပြထားသည့်အတိုင်း -
"အကယ်၍ အင်စတာဂရမ်မှ သင့်အကောင့်အကြောင်း သင့်ထံရောက်ရှိချင်လျှင် ကျွန်ုပ်တို့သည် သင့် settings ထဲရှိ “Emails from Instagram” မှတဆင့် ထိုသို့ ပြုလုပ်ပေမည်ဖြစ်ပြီး ဤအရာမှာ အက်ပလီကေးရှင်းပေါ်တွင် သင် ကျွန်ုပ်တို့ထံမှ တိုက်ရိုက်၊ အတည်ပြု ဆက်သွယ်မှုကို ရှာဖွေနိုင်မည့် တစ်ခုတည်းသော နေရာဖြစ်သည်။"
နောက်ဆုံးအနေနှင့် အင်စတာဂရမ်မှ အသုံးပြုသူများအား "Login Request" လုပ်ဆောင်ထားရန် အကြံပြုထားသည် - ၎င်းမှာ အင်စတာဂရမ်မှ သင်ဘယ်သောအခါကမျှသုံးသည်ဟု မမြင်ဖူးသော စက်တစ်ခု သို့မဟုတ် ဝက်ဘ် browser တစ်ခုထံမှ သင့်အကောင့်အား login ဝင်ရန် တစ်စုံတစ်ယောက်မှ ကြိုးပမ်းချိန် သတိပေးချက်တစ်ခုအား ပို့ပေးသည့် သွင်ပြင် တစ်ခုဖြစ်သည်။ သတိပေး မက်ဆေ့ချ်များတွင် သင့်အား တောင်းဆိုချက်အပေါ် ခွင့်ပြု သို့မဟုတ် ငြင်းပယ်ရန် ခွင့်ပြုချက်အား အခွင့်ပေးရင်း အကောင့်ထံ login ဝင်ရန် ကြိုးပမ်းသည့် စက်၏ အသေးစိတ်အချက်အလက်များနှင့် တည်ရှိနေသည်ဟု ယုံကြည်ရသည့်တည်နေရာတို့ပင် ပါဝင်သည်။

အင်စတာဂရမ်သည် ဤလုပ်ဆောင်ချက်အား ပံ့ပိုးပေးရခြင်းအကြောင်းမှာ အပြစ်ကင်းသော အသုံးပြုသူများ၏ အကောင့်များကို ခိုးယူရန် အလိမ်အညာသမားများနှင့် ဟက်ကာများအကြား ရေပန်းစားမှုအကြီးကြီးရှိနေကြောင်း ၎င်းမှ သိထားသောကြောင့်ဖြစ်သည်။ အင်စတာဂရမ်မှ 2FA ကဲ့သို့သော အကောင့်လုံခြုံရေး မြှင့်တင်ခြင်းအပေါ် အမှန်တကယ် လိုအပ်သည့် သွင်ပြင်များအား လုပ်ဆောင်မှုမရှိနေသေးသည့် အသုံးပြုသူများစွာရှိနေသေးကြောင်းကိုလည်း သိထားသည်။
အကယ်၍ သင်သည် အင်စတာဂရမ် အသုံးပြုသူတစ်ဦးဖြစ်လျှင် ဆိုဒ်၏ စက်အပေါ် လစ်လျှူရှုရန် နှင့် ဤသွင်ပြင်များအား လုပ်ဆောင်ထားမှုအပေါ် စိတ်မဝင်စားရန် သင် ရွေးချယ်နိုင်သည်။ သို့သော် ကျွန်ုပ်တို့၏အမြင်ထဲတွင် သင့်ကိုယ်သင် အန္တရာယ်ကျရောက်စေလိုလျှင် ထိုသို့လုပ်ပါ။ သင့်အကောင့်အား ယခုပင် ကာကွယ်ပြီးနောက် ဟက်ကာများကို ပိုမိုအခက်တွေ့စေလိုက်ပါ။
ဆက်စပ်ဆောင်းပါးများ

Scam Alert: Fraudsters Impersonate Bitdefender in Fake Job Interviews
ထုတ်ဝေသည့်ရက်: ၂၀၂၅ နို ၂၅
ဆောင်းပါးဖတ်ရန်
CyberSec Vietnam Conference 2024
ထုတ်ဝေသည့်ရက်: ၂၀၂၄ အောက် ၁၈
ဆောင်းပါးဖတ်ရန်
VPN အသုံးပြုခြင်း၏ အရေးကြီးမှု: ကိုယ်ပိုင်စရိတ္တနှင့် လုံခြုံမှုတိုးတက်အောင်အကောင်းမြင်ရန်
ထုတ်ဝေသည့်ရက်: ၂၀၂၄ ဩ ၂၀
ဆောင်းပါးဖတ်ရန်
Bitdefender သည် ဘန်ကောက်တွင် ကျင်းပသည့် SIS Technology Showcase 2024 တွင် ရောင်ပြန်လင်းနေသည်
ထုတ်ဝေသည့်ရက်: ၂၀၂၄ ဩ ၁၅
ဆောင်းပါးဖတ်ရန်