Bitdefender မှ သင့်အား Ransomware ရန်မှ မည်သို့ ကာကွယ်ပေးပုံ (အပိုင်း ၂)
ထုတ်ဝေသည့်ရက်: ၂၀၂၁ ဇန် ၂၇ · သတင်းခန်း · 1 မိနစ်ဖတ်ရန်

မာတိကာ
Ransomware တိုက်ခိုက်မှုများသည် ကျွန်ုပ်တို့ရင်ဆိုင်နေရသည့် ဒစ်ဂျစ်တယ်ကမ္ဘာတွင် လုံခြုံရေးခြိမ်းခြောက်မှုများအကြား အကြီးမားဆုံး ဖြစ်ပြီး လွန်ခဲ့သော နှစ်များစွာကတည်းကပင် ရှုပ်ထွေးမှုအတွင်း ဆက်လက်ကျယ်ပြန့်၊ ကြီးထွားနေသည့် ခေတ်ရေစီးကြောင်းတစ်ခု ဖြစ်သည်။
ခြိမ်းခြောက်သူ၏ ရည်ရွယ်ချက်မှာ ရိုးရှင်းသည် - အခွင့်အရေးရနိုင်မည့် ပစ်မှတ်တစ်ခုအား ရှာဖွေပြီး ၎င်းတို့၏စက်ပေါ်တွင် အန္တရာယ်ရှိသော ဆော့ဖ်ဝဲအား ရယူစေခြင်း၊ ဒေါင်းလုတ်လုပ်ခြင်း သို့မဟုတ် install လုပ်ခြင်း ထံ လှည့်ဖျားခေါ်ဆောင်ခြင်းဖြင့် ၎င်းသည် အသုံးပြုသူဖိုင်များအား စကားဝှက်ပြုနိုင်ကာ ၎င်းတို့အား စနစ်ထဲ ဝင်ရောက်ရယူခြင်းမှ တားဆီးနိုင်သည်။ ခံရသူများမှာ ပြန်ရွေးခတစ်ခု ပေးရမည့်အနေအထား၏ အားလုံးရင်းနှီးပြီးသားဖြစ်သည့် အဆုံးပိတ်ကစားကွက်ထဲ ရောက်သွားရပေတော့သည်။
သင်မှ သင့်အချက်အလက်အပေါ် တန်ဖိုးတစ်ခု သတ်မှတ်နိုင်ပါသလား။
သင့်စက်များပေါ်ရှိ ကိုယ်ရေးကိုယ်တာ အချက်အလက်အများစုတွင် အဖိုးတန်အမှတ်တရများ နှင့် ငွေကြေးဆိုင်ရာ သတင်းအချက်အလက်တို့ ပါဝင်သည်။ သို့သော် ကျွန်ုပ်တို့၏ မီးဖိုချောင်များနှင့် ဧည့်ခန်းများမှာ အိမ်ရုံးခန်းတစ်ခု အသွင်ပြောင်းလာသည်နှင့်အမျှ ကျွန်ုပ်တို့၏ စက်များမှာလည်း ကျွန်ုပ်တို့မှ ဆုံးရှုံးရန် မတတ်နိုင်သည့် အရေးကြီး လုပ်ငန်းအရာများ နှင့် စာရွက်စာတမ်းများ ပါရှိလာသည်။
သင့်ဖိုင်များနှင့် အချက်အလက်အတွက် အကောင်းဆုံး ကာကွယ်မှုကို သင် မည်သို့ သေချာအောင်လုပ်မည်နည်း။
Bitdefender anti-ransomware နည်းပညာများသည် အန္တရာယ်ရှိသော ကူးစက်မှုများအား သင့်စက်ထံ ရောက်ရှိခြင်းမှ ကာကွယ်ခြင်းနှင့် သင့်အချက်အလက်အား စကားဝှက်ပြုခြင်းဖြင့် ransomware ခြိမ်းခြောက်မှုကို ပယ်ဖျက်ပေးသည်။ Advanced Threat Defense (ATD) မှ မည်သည့် ဖိုင် စကားဝှက်ပြုသည့်အပြုအမူကိုမဆို သင့်ဖိုင်များအပေါ် အပေးအယူလုပ်ခြင်းထံမှ တားဆီးပေးရင်း သင့်စနစ်များပေါ်တွင် လုပ်ဆောင်သည့် အက်ပလီကေးရှင်းများအားလုံးကို အဆက်မပြတ် စောင့်ကြပ်ကြည့်ပေးသည်။ ATD အား ခြိမ်းခြောက်မှုကဲ့သို့သော လုပ်ရပ်များကို လိုက်လံရှာဖွေခြင်းဖြင့် မည်သည့် သံသယရှိဖွယ် ဖြစ်စဉ်မဆို ရပ်တန့်ရန် ဒီဇိုင်းရေးဆွဲထားသည်။ အက်ပလီကေးရှင်းတစ်ခု မှ မူရင်းဖိုင်များကို ပြုပြင်မွမ်းမံရန်၊ အခြားဖြစ်စဉ်တွင် ထိုးသွင်းရန်၊ သင့်စက်ပေါ်တွင် install လုပ်ထားသော anti-malware ဆော့ဖ်ဝဲအား ရပ်တန့်ရန် သို့မဟုတ် startup key များ ဖန်တီးရန် ကြိုးစားသည် ဆိုပါစို့၊ ဤအခြေအနေတွင် ATD သည် ဖြစ်စဉ်အား အန္တရာယ်ရှိကြောင်း ကြေငြာပြီး ၎င်းအား စနစ်ကို ဖျက်ဆီးခြင်းထံမှ ရပ်တန့်ပေးသည်။
ဤ ဆန်းသစ် ကောင်းမွန်သည့် စုံစမ်းထောက်လှမ်းခြင်း နည်းပညာသည် သိပြီးသား နှင့် အသစ်သော ransomware မျိုးကွဲများ မစတင်မှီကပင် ဖိုင် စကားဝှက်ပြုခြင်း အစရှိသည့် အန္တရာယ်ရှိ လုပ်ရပ်များအား တားမြစ်ပိတ်ဆို့ပေးရင်း အချိန်နှင့်တပြေးညီ ၎င်းတိ့အား စုံစမ်းထောက်လှမ်းရန် အဆင့်မြင့် heuristic နည်းလမ်းများကို အသုံးပြုထားသည်။ ထို့အပြင် ATD သည် အသစ်ဆုံးသော ransomware နှင့် exploit များကိုပင် ရပ်တန့်ရန် Bitdefender ၏ Global Protective Network နှင့် အသိဉာဏ် မျှဝေထားပြီး ဖြစ်နိုင်ချေ အန္တရာယ်ရှိ ဖြစ်စဉ်များ နှင့် ဆိုက်ဘာ ခြိမ်းခြောက်မှုများ စုံစမ်းထောက်လှမ်းမိသည့် အချိန်တိုင်း သင့်အား အသိပေးသည်။
ထပ်ဆင့် ကောင်းမွန်သည့် anti-ransomware လုံခြုံရေးသွင်ပြင်တစ်ခုသည် အကယ်၍ ransomware တိုက်ခိုက်မှုတစ်ခုမှ အခြားလုံခြုံရေး အလွှာများအားလုံးကို ကျော်ဖြတ်နိုင်သည့်အချိန် အရေးကြီး စာရွက်စာတမ်းများ နှင့် ဖိုင်များပါဝင်သည့် ဖိုင်တွဲများ မပျောက်ပျက်သွားရန် သေချာစေသည်။ Ransomware Remediation မော်ကျူး မှ သင့်အား ransomware ဖြင့် စကားဝှက်ပြုခံရသည့် အချက်အလက်နှင့် အရေးကြီး ဖိုင်များ ပြန်လည်ရရှိရန် အခွင့်ပေးသည်။ အကယ်၍ အန္တရာယ်ရှိဆော့ဖ်ဝဲမှ သင့်စက်ပေါ်တွင် ဖိုင်များအား စကားဝှက်ပြုရန် ကြိုးစားလျှင် click အနည်းငယ်နှိပ်ပေးရုံဖြင့် ၎င်းတို့ကို ပြန်လည်ရယူရန် သင့်အား အခွင့်ပေးရင်း ပစ်မှတ်ခံ ဖိုင်များ၏ backup တစ်ခုကို အလိုအလျောက် ဖန်တီးပေးလိမ့်မည်ဖြစ်သည်။
နေ့စဉ် သားကောင်အသစ်များအား တိုးပွားစေရင်း လုံခြုံရေး ချိုးဖောက်မှုများ နှင့် အန္တရာယ်ရှိ တိုက်ခိုက်မှုတို့ နှင့်အတူ ကျွန်ုပ်တို့ စက်များ နှင့် စနစ်များ၏ လုံခြုံရေး အားနည်းချက်များမှာ ပို၍ ကြီးသော ခြိမ်းခြောက်မှုတစ်ခုထံ အမြဲ ဦးတည်နေသည်။ အသစ်သော နှင့် ရှိပြီးသား ခြိမ်းခြောက်မှုများရန်မှ သင့် လှို့ဝှက်အချက်အလက်များကို ကာကွယ်ရန် ပြင်ဆင်ပေးသည့် လုံခြုံရေး solution တစ်ခုကို ရွေးချယ်ခြင်းဖြင့် ယနေ့ပင် သင့် အချက်အလက်များအား ကာကွယ်ပြီး လုံခြုံနေစေပါ။
ဆက်စပ်ဆောင်းပါးများ

Scam Alert: Fraudsters Impersonate Bitdefender in Fake Job Interviews
ထုတ်ဝေသည့်ရက်: ၂၀၂၅ နို ၂၅
ဆောင်းပါးဖတ်ရန်
CyberSec Vietnam Conference 2024
ထုတ်ဝေသည့်ရက်: ၂၀၂၄ အောက် ၁၈
ဆောင်းပါးဖတ်ရန်
VPN အသုံးပြုခြင်း၏ အရေးကြီးမှု: ကိုယ်ပိုင်စရိတ္တနှင့် လုံခြုံမှုတိုးတက်အောင်အကောင်းမြင်ရန်
ထုတ်ဝေသည့်ရက်: ၂၀၂၄ ဩ ၂၀
ဆောင်းပါးဖတ်ရန်
Bitdefender သည် ဘန်ကောက်တွင် ကျင်းပသည့် SIS Technology Showcase 2024 တွင် ရောင်ပြန်လင်းနေသည်
ထုတ်ဝေသည့်ရက်: ၂၀၂၄ ဩ ၁၅
ဆောင်းပါးဖတ်ရန်