ဗြိတိန်လေကြောင်းလိုင်းမှာ ၂၀၁၅ ခုနှစ်ကတည်းမှစ၍ ခရက်ဒစ်ကတ်အချက်အလက်များအား ရိုးရိုးစာကြောင်းအသွင်ဖြင့် သိမ်းဆည်းထားခဲ့ခြင်းကြောင့် စတာလင်ပေါင် ၂၀ မီလီယံ ဒဏ်တပ်ခံရခြင်း
ထုတ်ဝေသည့်ရက်: ၂၀၂၀ အောက် ၂၁ · သတင်းခန်း · 1 မိနစ်ဖတ်ရန်

-
ဗြိတိန်လေကြောင်းလိုင်းမှ အချက်အလက်ကာကွယ်မှု စည်းမျဉ်းများအား ချိုးဖောက်ခဲ့ပြီး လပေါင်း ၂ လကျော်တိုင် တိုက်ခိုက်မှုအပေါ် စုံစမ်းထောက်လှမ်းရန် ပျက်ကွက်ခဲ့သည်။
-
အရေးကြီး သတင်းအချက်အလက်များမှာ စကားဝှက်ပြုခြင်း မပါရှိပဲ ပြင်ပသို့ ပေါက်ကြားခဲ့သည်။
ဗြိတိန်လေကြောင်းလိုင်းမှာ ၎င်း၏စနစ်များ ဟက်ခံရပြီးနောက် ဖောက်သည်ပေါင်း ၄၀၀,၀၀၀ ၏ ကိုယ်ရေးအချက်အလက်နှင့် ငွေပေးချေမှုကတ်အချက်အလက်တို့ ခိုးယူခံခဲ့ရသည့် အချက်အလက်ချိုးဖောက်မှုတစ်ခု၏ နောက်တွင် စတာလင်ပေါင် ၂၀ မီလီယံ (အမေရိကန်ဒေါ်လာ ၂၆ မီလီယံ) ဒဏ်တပ်ခံခဲ့ရသည်။
Cambridge Analytica အရှုပ်တော်ပုံအပေါ် ဖေ့စ်ဘုတ်အား စတာလင်ပေါင် ၅၀၀,၀၀၀ မျှသာ ပြစ်ဒဏ်ချခဲ့ခြင်း နှင့်နှိုင်းယှဉ်ရလျှင် ၎င်းမှာ အင်္ဂလန်နိုင်ငံ၏ သတင်းအချက်အလက်ဆိုင်ရာ ပြန်ကြားရေးကော်မရှင်ရုံး (ICO) မှ အကြီးမားဆုံး ဒဏ်ကြေးတပ်ခံရမှု ဖြစ်ခဲ့သည်။
သို့သော် ဗြိတိန်လေကြောင်းလိုင်းအနေဖြင့် ၂၀၁၈ ခုနှစ်တွင် ဖြစ်ပျက်ခဲ့သည့် ချိုးဖောက်မှုအပေါ် အိုင်စီအိုဒဏ်ကြေးငွေ စတာလင်ပေါင် ၁၈၃ မီလီယံ ကနဦးရင်ဆိုင်ခဲ့ဖူးခြင်းဖြင့် ပေါ့ပေါ့တန်တန်သဘောထားခဲ့ကြောင်း အများစုမှ သတ်မှတ်လိမ့်မည်။
ဗြိတိန်လေကြောင်းလိုင်း၏ဒဏ်ကြေးမှာ မှတ်တမ်းအရ အကြီးမားဆုံး ဖြစ်နိုင်သော်လည်း ၎င်းမှာ ၎င်းကျမှတ်ခံသင့်သည့်အရာမှ ၉၀% လျော့ချမှု တစ်ခုသာ ဖြစ်နေသေးသည်။
နောက်ဆုံး ပြစ်ဒဏ် ကြေငြာပြီးနောက် အိုင်စီအိုမှ ၎င်းသည် ဗြိတိန်လေကြောင်းလိုင်းထံမှ ကိုယ်စားပြုမှုများ နှင့် “၎င်းတို့၏ လုပ်ငန်းအပေါ် ကိုဗစ်-၁၉ စီးပွားရေးအကျိုးသက်ရောက်မှု” တို့အား ထည့်သွင်းစဉ်းစားပေးခဲ့ကြောင်း ရှင်းပြခဲ့သည်။
နားလည်စွာပြောရလျှင် ဗြိတိန်လေကြောင်းလိုင်း၏ အကျိုးအမြတ်များမှာ ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါအားဖြင့် အပြင်းအထန် ရိုက်ခတ်ခြင်းမခံရလျှင် ဒဏ်ကြေးငွေမှာ ၎င်း၏ ကြီးစွာသော လုံခြုံရေး ကျရှုံးမှုအတွက် ပြင်းထန်စွာ ဒဏ်တပ်ခံရပေလိမ့်မည်။
ပြီးလျှင် ဗြိတိန်လေကြောင်းလိုင်း၏ ကျဆုံးမှုမှာ မှတ်ကျောက်တင်ခံခဲ့ရသည်။
အဖြစ်အပျက်အပေါ် အိုင်စီအိုမှ ထုတ်ပြန်ခဲ့သော အစီရင်ခံစာအားဖြင့် တွေ့ရှိခဲ့သည့် လေကြောင်းလိုင်း၏ အမှားများ ထဲတွင် အောက်ပါတို့ ပါဝင်သည် -
- ဗြိတိန်လေကြောင်းလိုင်း၏ အတွင်းပိုင်းစနစ်များအား အဝေးထိန်းဝင်ရောက်မှု ပေးထားသည့် အကောင့်များအပေါ် multi-factor authentication (MFA) အသုံးပြုမှု လုပ်ဆောင်ရန် ပျက်ကွက်မှုတစ်ခု
- ကွန်ယက်ထောက်လှမ်းခြင်း ပြုရာတွင် တရားမဝင် tool များ နှင့် script များကိုလွှတ်ရန် တိုက်ခိုက်သူအား အခွင့်ပေးခဲ့သည့် Citrix အားနည်းချက်တစ်ရပ်၏ အမြတ်ထုတ်မှုကို ကာကွယ်ရန် ပျက်ကွက်မှုတစ်ခု
- အထူးအခွင့်ရ domain administrator အကောင့်တစ်ခုအတွက် login အသေးစိတ်အချက်အလက်များ (username နှင့် password) ၏ သိမ်းဆည်းမှုမှာ ရိုးရိုးစာကြောင်းအသွင် ဖြစ်ခြင်းကြောင့် တိုက်ခိုက်သူအား “သင့်လျော်သော အပေးအယူလုပ် domain ထံသို့ ထိထိရောက်ရောက် ကန့်သတ်ချက်မရှိ ဝင်ရောက်ခွင့်ပေးခြင်း”
ပြီးနောက် အားလုံးထဲမှ အံ့အားသင့်စရာအကောင်းဆုံးမှာ ဗြိတိန်လေကြောင်းလိုင်းသည် - CVV နံပါတ်များအပါအဝင် - ဖောက်သည်များ၏ ငွေပေးချေကတ် အသေးစိတ်အချက်အလက်များအား ရိုးရိုးစာကြောင်း ဖိုင်များအနေဖြင့် မဆင်မခြင် သိမ်းဆည်းခဲ့ခြင်းပင်ဖြစ်သည်။
ငွေပေးချေကတ်ပေါင်း ၁၀၈,၀၀၀ နီးပါးခန့်မှာ တိုက်ခိုက်သူမှ ရယူနိုင်ခဲ့သည်မှာ ဗြိတိန်လေကြောင်းလိုင်းမှ အချက်အလက်များအား စကားဝှက်ပြုခြင်း မရှိပဲ သိမ်းဆည်းထားခဲ့ခြင်းကြောင့်ဖြစ်သည်။
ဗြိတိန်လေကြောင်းလိုင်း၏ ဝက်ဘ်ဆိုဒ် နှင့် မိုဘိုင်း အက်ပလီကေးရှင်းမှတဆင့် ဘွတ်ကင်များပြုလုပ်ခြင်းကြောင့် ထောင်ပေါင်း ရာချီသော ခရီးသွားများ၏ ကိုယ်ရေးအချက်အလက် နှင့် ငွေပေးချေကတ် အသေးစိတ်အချက်အလက်များအား ခိုးယူခဲ့သည့် လေကြောင်းလိုင်း၏ ငွေပေးချေမှု ဝက်ဘ်စာမျက်နှာပေါ်တွင် အန္တရာယ်ရှိ Magecart skimming ကုဒ် ထည့်သွင်းခြင်းနှင့်အတူ ဤလုံခြုံရေးချိုးဖောက်မှုမှာ နောက်ဆုံးတွင် ယနေ့မှတ်တမ်း ဒဏ်ကြေးထံ ဦးတည်ခဲ့တော့သည်။
အမှန်ပင် စတာလင်ပေါင် ၂၀ မီလီယံဆိုသည်မှာ ဗြိတိန်လေကြောင်းလိုင်းမှ ရှေးဦးစွာရင်ဆိုင်ခဲ့ရသည့် ကြီးမားသော စတာလင်ပေါင် ၁၈၃ မီလီယံ ဒဏ်ကြေးနှင့် နှိုင်းယှဉ်လျှင် ဘာမှမဟုတ်ပေ။ သို့သော် ၎င်းမှာ အင်္ဂလန်နိုင်ငံတွင် အချက်အလက်ချိုးဖောက်မှုတစ်ခုအတွက် သတ်မှတ်ခဲ့သည့် အကြီးမားဆုံး ဒဏ်ကြေးပင် ဖြစ်နေသေးပြီး အခြားကုမ္ပဏီများ ၎င်းတို့၏စနစ်များအပေါ် လုံခြုံရေး ပိုမိုကောင်းမွန်စေရန် ပိုမိုအားစိုက်မှုပြုရာတွင် တစ်ထောင့်တစ်နေရာမှ ပါဝင်ရာရောက်မည်ဟု မျှော်လင့်ရသည်။
ဆက်စပ်ဆောင်းပါးများ

Scam Alert: Fraudsters Impersonate Bitdefender in Fake Job Interviews
ထုတ်ဝေသည့်ရက်: ၂၀၂၅ နို ၂၅
ဆောင်းပါးဖတ်ရန်
CyberSec Vietnam Conference 2024
ထုတ်ဝေသည့်ရက်: ၂၀၂၄ အောက် ၁၈
ဆောင်းပါးဖတ်ရန်
VPN အသုံးပြုခြင်း၏ အရေးကြီးမှု: ကိုယ်ပိုင်စရိတ္တနှင့် လုံခြုံမှုတိုးတက်အောင်အကောင်းမြင်ရန်
ထုတ်ဝေသည့်ရက်: ၂၀၂၄ ဩ ၂၀
ဆောင်းပါးဖတ်ရန်
Bitdefender သည် ဘန်ကောက်တွင် ကျင်းပသည့် SIS Technology Showcase 2024 တွင် ရောင်ပြန်လင်းနေသည်
ထုတ်ဝေသည့်ရက်: ၂၀၂၄ ဩ ၁၅
ဆောင်းပါးဖတ်ရန်