ဟက်ကာများ အာရှ ခရစ်ပတိုငွေကြေး အိတ်ချိန်း မှ ဒေါ်လာ ၁၅၀ မီလီယံ ခိုးယူမှု
ထုတ်ဝေသည့်ရက်: ၂၀၂၀ စက် ၃၀ · သတင်းခန်း · 1 မိနစ်ဖတ်ရန်

ဒစ်ဂျစ်တယ် ပိုင်ဆိုင်မှုအသွင်ဖြင့် အကြမ်းဖျင်း ဒေါ်လာ ၁၅၀ မီလီယံ ရှိ တရားမဝင် ငွေလွှဲမှု ဟုသုံးသပ်ရသည့် လုံခြုံရေးဆိုင်ရာ အဖြစ်အပျက်တစ်ခုအား စင်ကာပူ အခြေစိုက် ခရစ်ပတိုငွေကြေး အိတ်ချိန်း တစ်ခုဖြစ်သော KuCoin မှ ထုတ်ပြန်ခဲ့သည်။
လွန်ခဲ့သော ရက်သတ္တပတ်အတွင်း ထုတ်ပြန်ခဲ့သော အသိပေးချက်တစ်စောင် တွင် KuCoin မှ ၎င်းသည် စက်တင်ဘာ ၂၆ ရက်နေ့မှ စ၍ အမြောက်အမြား ငွေထုတ်ခြင်းအပေါ် သံသယဖြစ်ဖွယ် စုံစမ်းထောက်လှမ်းမိကြောင်း ဖောက်သည်များအား အသိပေးခဲ့သည်။
အဖြစ်အပျက်အပေါ် တုံ့ပြန်မှုတွင် KuCoin အပြည်ပြည်ဆိုင်ရာ စီအီးအို Johnny Lyu မှ တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခု ပြုခဲ့ပြီး Bitcoin တစိတ်တပိုင်းဖြစ်သော ERC-20 နှင့် စုစုပေါင်း ပိုင်ဆိုင်မှုများ၏ တစိတ်တပိုင်းအနည်းငယ်ပါသည့် KuCoin ၏ hot wallet များမှ အခြား တိုကင်များမှာ အိတ်ချိန်း ပြင်ပသို့ လွှဲပြောင်းခြင်းခံခဲ့ရကြောင်း ထုတ်ပြန်ကြေငြာခဲ့သည်။
“cold wallet များရှိ ပိုင်ဆိုင်မှုများမှာ လုံခြုံပြီး ထိခိုက်မှုမရှိကာ hot wallet များအားလည်း ပြန်လည်ဖြန့်ကျက်ပေးနေပြီဖြစ်ကြောင်း” စီအီးအို မှ ပြောကြားခဲ့သည်။
သို့သော် ဆုံးရှုံးမှုများမှာ အသေးအဖွဲတော့ လုံးဝမဟုတ်ပေ။ နောက်ဆုံး ထုတ်ပြန်ကြေငြာချက် တစ်ခုအရ တိုက်ခိုက်သူများသည် Bitcoin, Ethereum, Litecoin, Stellar Lumens, Tron နှင့် Tether အပါအဝင် မျိုးစုံသော ခရစ်ပတိုငွေကြေးများတွင် ဒေါ်လာ ၁၅၀ မီလီယံ ဝန်းကျင် ချန်ထားခဲ့သည်။ ကုမ္ပဏီမှ အလဲအလှယ်လုပ်ခံရသည့် hot wallet များအား ရပ်တန့်ခဲ့ပြီး wallet အသစ်များကို ဖြန့်ကျက်ပေးခဲ့သည်။ KuCoin သည် တိုက်ခိုက်သူများ အခိုးခံရသော ငွေကြေးများ ထုတ်ယူခြင်းမှ ကာကွယ်ရန် အခြား အိတ်ချိန်းများနှင့်အတူလည်း လက်တွဲလုပ်ဆောင်လျက်ရှိသည်။
Lyu မှ အကယ်၍ ဤအဖြစ်အပျက်အားဖြင့် အသုံးပြုသူငွေကြေးအပေါ် ထိခိုက်မှုရှိခဲ့လျှင် KuCoin ၏ အာမခံငွေကြေးမှ လုံးဝတာဝန်ယူမည်ဖြစ်ကြောင်း ဖောက်သည်များအား စိတ်ချစွာနေရန် ပြောဆိုခဲ့သည်။
“အသုံးပြုသူများ၏ ပိုင်ဆိုင်မှုများ လုံခြုံရေးအပေါ် သေချာမှုရှိရန် ကျွန်တော်တို့ အသေးစိတ်လုံခြုံရေးသုံးသပ်မှု တစ်ခုကို လုပ်ဆောင်မှာဖြစ်တယ်။ ထိုအတောအတွင်း ငွေသွင်း/ငွေထုတ် ဝန်ဆောင်မှုအား ခေတ္တရပ်နားထားမှာ ဖြစ်တယ်။ စိတ်ချရတဲ့ အနေအထားတစ်ခု ရှိပြီဆိုတာနဲ့ ကျွန်တော်တို့ ဝန်ဆောင်မှုကို တဖြည်းဖြည်း ပြန်လည်ပေးသွားမှာပါ။ ကျွန်တော်တို့ သင့်အား နောက်ဆုံးရသတင်းများကို ဆက်လက်ပေးပို့သွားပါမယ်” ဟု ကုမ္ပဏီမှ ပြောဆိုခဲ့သည်။
KuCoin မှ သံသယဖြစ်ဖွယ် wallet လိပ်စာများ၏ စာရင်းတစ်ခုအား ဖောက်သည်များကို ၎င်းတို့၏ တားမြစ်စာရင်းတွင် ထိုလိပ်စာများအား ထည့်ထားရန် တိုက်တွန်းရင်း ထုတ်ပြန်ပေးခဲ့သည်။ ကုမ္ပဏီမှ တိုက်ခိုက်သူများအားဖြင့် ပေါ်ထွက်ခဲ့သည့် အားနည်းချို့ယွင်းချက်များအပေါ် စုံစမ်းရန် ဆက်လက်ကြိုးစားလျက်ရှိသည်။ Lyu မှလည်း သူ၏ကုမ္ပဏီအနေနှင့် ၎င်း၏ wallet risk အုပ်ချုပ်မှုစနစ်အား “လုံးဝ” မြှင့်တင်သွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
လွန်ခဲ့သော ရက်သတ္တပတ်နှစ်ပတ်တွင် ခရစ်ပတိုငွေကြေး အိတ်ချိန်း Eterbase သည် ဟက်ကားများထံ တစ်ညအတွင်း ဒေါ်လာ ၅.၄ မီလီယံ ဆုံးရှုံးခဲ့သည်။ Eterbase သည် Binance, Huobi နှင့် HitBTC အပါအဝင် မြောက်မြားစွာသော ပြိုင်ဖက် ခရစ်ပတို အိတ်ချိန်းများထံ ဒုစရိုက်သမားများ၏ wallet များအား ခြေရာခံနိုင်ခဲ့သည်။ KuCoin ကဲ့သို့ပင် ကုမ္ပဏီမှ ဖောက်သည်များအား ၎င်းတွင် ဆုံးရှုံးမှုများအပေါ် ကာမိရန် လိုအပ်သည့် ငွေကြေးများ ရှိကြောင်း သေချာစေခဲ့သည်။
ဆက်စပ်ဆောင်းပါးများ

Scam Alert: Fraudsters Impersonate Bitdefender in Fake Job Interviews
ထုတ်ဝေသည့်ရက်: ၂၀၂၅ နို ၂၅
ဆောင်းပါးဖတ်ရန်
CyberSec Vietnam Conference 2024
ထုတ်ဝေသည့်ရက်: ၂၀၂၄ အောက် ၁၈
ဆောင်းပါးဖတ်ရန်
VPN အသုံးပြုခြင်း၏ အရေးကြီးမှု: ကိုယ်ပိုင်စရိတ္တနှင့် လုံခြုံမှုတိုးတက်အောင်အကောင်းမြင်ရန်
ထုတ်ဝေသည့်ရက်: ၂၀၂၄ ဩ ၂၀
ဆောင်းပါးဖတ်ရန်
Bitdefender သည် ဘန်ကောက်တွင် ကျင်းပသည့် SIS Technology Showcase 2024 တွင် ရောင်ပြန်လင်းနေသည်
ထုတ်ဝေသည့်ရက်: ၂၀၂၄ ဩ ၁၅
ဆောင်းပါးဖတ်ရန်