ကပ်ရောဂါဖြစ်နေစဉ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှုအပေါ် ကမ္ဘာလုံးဆိုင်ရာ Ransomware နှင့် ဆိုက်ဘာတိုက်ခိုက်မှုများ၏ ထိုးနှက်ချက်
ထုတ်ဝေသည့်ရက်: ၂၀၂၀ မေ ၁၅ · သတင်းခန်း · 2 မိနစ်ဖတ်ရန်

SARS-CoV-2 ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ ဖြစ်စဉ် အတောအတွင်း ကျန်းမာရေးစောင့်ရှောက်မှုစနစ်များ နှင့်အတူ ကမ္ဘာတဝှမ်းရှိ ဆေးရုံများနှင့် ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုလုပ်ငန်းများမှာလည်း အဆက်မပြတ်တွန်းအားအောက်၌ ransomware တိုက်ခိုက်မှုများအပါအဝင် ဆိုက်ဘာတိုက်ခိုက်မှုများ၏ ဂယက်တစ်ခုအားဖြင့် ရိုက်ခတ်ခြင်းခံနေကြရသည်။ ဆေးရုံများ၊ ဌာနဆိုင်ရာအစိုးရများနှင့် တက္ကသိုလ်များအနေနှင့် အရေးကြီးစနစ်များထံ အချက်အလက်နှင့် ဝင်ရောက်ရယူခွင့် ဆုံးရှုံးခြင်းအပေါ် ဂရုပြုရမည့် သတိပေးချက်များအား တာဝန်ရှိသူများမှ ထုတ်ပြန်ထားပြီးဖြစ်သောလည်း Bitdefender telemetry မှနေ၍ ကျန်းမာရေးစောင့်ရှောက်မှုအပေါ် တိုက်ရိုက် ပစ်မှတ်ထားသည့် ဆိုက်ဘာတိုက်ခိုက်မှုများနှင့် ransomware ဖြစ်ရပ်များ၏အရေအတွက်မှာ လွန်ခဲ့သော လအနည်းငယ်အတွင်းမှာပင် သိသိသာသာ တိုးမြှင့်လာခဲ့ကြောင်း ဖော်ပြသည်။
Bitdefender telemetry အရ မတ်လအတွင်း ဆေးရုံများတွင် စုံစမ်းစစ်ဆေးမိသည့် ဆိုက်ဘာတိုက်ခိုက်မှုများ၏အရေအတွက်မှာ ဖေဖော်ဝါရီလထက်စာလျှင် ၆၀ ရာခိုင်နှုန်းနီးပါး တိုးမြှင့်ခဲ့သည်။ ဤအရာမှာ လွန်ခဲ့သော လ ၁၂ လအတွင်း အစီရင်ခံခဲ့သော ဆေးရုံများတွင် စုံစမ်းစစ်ဆေးမိသည့် ကျွန်ုပ်တို့၏ ဆိုက်ဘာတိုက်ခိုက်မှုများ ကမ္ဘာလုံးဆိုင်ရာ အသွင်ပြောင်းခြင်းတွင် အမြင့်ဆုံးအမှတ်တစ်ခု ဖြစ်ပြီး ဆိုက်ဘာဒုစရိုက်သမားများမှာ ဤလှုံ့ဆော်မှုများ စတင်လုပ်ဆောင်ရန် ကပ်ရောဂါအပေါ် သိသာထင်ရှားစွာ အမြတ်ထုတ်လာကြသည်ကို ပြနေသည်။

ဆေးရုံများမှာ (တစ်ချက်ခုတ်နှစ်ချက်ပြတ် သို့မဟုတ် မတရားသိမ်းပိုက်ခြင်း) ယေဘုယျ ခြိမ်းခြောက်မှုများ၏ ကျယ်ပြန့်သောအနေအထားတစ်ခုအား ရင်ဆိုင်နေရသော်လည်း ransomware မှာ ၎င်းတို့၏လုပ်ဆောင်မှုများအပေါ် ပျက်ဆီးမှုများ နှင့် နှောင့်ယှက်မှုအများဆုံး ဖြစ်စေသည်။ အဘယ်ကြောင့်ဆိုသော် အရာအားလုံးမှာ ဒစ်ဂျစ်တယ်အသွင်ဖြစ်နေပြီး ransomware သည် ကွန်ပျူတာများနှင့် အချက်အလက်ထားသိုရာနေရာများသို့ ဝင်ရောက်ရယူခွင့်အပေါ် တားမြစ်ပိတ်ပြီး ဆေးရုံလုပ်ဆောင်မှုမှာ ဆေးရုံတက်ခွင့်မရ၊ ဆေးရုံဆင်းခွင့်မရ၊ လူနာအချက်အလက် ရယူခွင့်မရ တို့နှင့်အတူ ရပ်တန့်ခြင်းခံရနိုင်သည်။
Bitdefender telemetry မှ ဖော်ပြချက်အရ ဆေးရုံများ၌ အောင်မြင်စွာ တားမြစ်ပိတ်ခံရသော ransomware တိုက်ခိုက်မှုများ၏အရေအတွက်မှာ ဖေဖော်ဝါရီလ၊ မတ်လ နှင့် ဧပြီလ တို့တွင် သိသိသာသာ မြှင့်တက်သွားခဲ့သည်။ အကယ်၍ ၂၀၁၉ ခုနှစ်အတွင်း ဆေးရုံများတွင် စုံစမ်းစစ်ဆေးမိခဲ့သည့် တားမြစ်ပိတ်ခံရသော ransomware တိုက်ခိုက်မှုများ၏ အမြင့်ဆုံးအမှတ်အား ဩဂုတ်လတွင် စာရင်းသွင်းခဲ့လျှင် မတ်လ ၂၀၂၀ အထိ တားမြစ်ပိတ်ခံရသော ransomware အစီရင်ခံစာများ၏ အရေအတွက်မှာ ၇၃ ရာခိုင်နှုန်းနီးပါးအထိ မြှင့်တက်ခဲ့သည်။

ဖြစ်နိုင်ချေမှာ အထူးသဖြင့် ဆေးရုံများမှ လွန်ခဲ့သော လအနည်းငယ်အတွင်း ကပ်ရောဂါနှင့်ပတ်သက်၍ နေ့စဉ်နှင့်အမျှ အသစ်သော စာရွက်စာတမ်းများ အသစ်သော လမ်းစဉ်များနှင့် တိုင်းတာမှုများကို ရင်ဆိုင်နေရစဉ် တိုက်ခိုက်သူများသည် ဆေးဖက်ဆိုင်ရာဝန်ထမ်းအား အန္တရာယ်ရှိ URL များ နှိပ်မိစေဖို့ရာ လှည့်စားရန် သို့မဟုတ် ကူးစက်ခံ attachment များအား ဖွင့်မိသွားရန် အများပိုင်အဖွဲ့အစည်းများ နှင့် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု အဖွဲ့အစည်းများအဖြစ် အယောင်ဆောင်လာကြသည်။
လွန်ခဲ့သော လအနည်းငယ်အတွင်း ကိုရိုနာဗိုင်းရပ်စ်-ခေါင်းစဉ်တပ် ခြိမ်းခြောက်မှုများမှာ သာမန်အသွင်ဖြစ်လာကြစဉ် တိုက်ခိုက်မှုများ၏ ဂယက်တစ်ခုအားဖြင့် တိုက်ခိုက်ခြင်းခံရသည်မှာ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းစုသာလျှင် မဟုတ်ပေ။ လက်လီလက္ကားမှအစ ဧည့်လုပ်ငန်းနှင့်ဖျော်ဖြေရေး၊ ပညာရေးနှင့် ဌာနဆိုင်ရာအစိုးရအထိ အားလုံးမှာ ကိုရိုနာဗိုင်းရပ်စ် အသစ် နှင့် ဆက်စပ်သည့် malware တွင် တိုးမြှင့်မှုတစ်ခုအဖြစ် စာရင်းသွင်းလာကြသည်။
ဤတိုက်ခိုက်မှုများမှာ နာမည်ကြီး မီဒီယာ ခေါင်းစဉ်များအပေါ် အမြတ်ထုတ်ရင်း များသောအားဖြင့် သဘာဝအတိုင်း အခွင့်အရေး ယူကြသည့်အလျောက် ကိုရိုနာဗိုင်းရပ်စ်-ခေါင်းစဉ်တပ် malware အစီရင်ခံစာများ၏ ကမ္ဘာလုံးဆိုင်ရာ အသွင်ပြောင်းမှုမှာ ကမ္ဘာအနှံ့ အမှန်တကယ် SARS-CoV-2 ဗိုင်းရပ်စ် မည်သို့ ပျံ့နှံ့ပုံနှင့် အချိတ်အဆက်ရှိပုံရသည်။ Bitdefender ၏ ယခင် telemetry မှနေ၍ မတ်လ ပထမအပတ်များအတွင်း ဗိုင်းရပ်အစစ်မှ ဥရောပ အား အပြင်းထန်ဆုံး ရိုက်ခတ်စဉ် တိုက်ခိုက်သူများမှာလည်း ခြိမ်းခြောက်မှုများအား ဖြန့်ဝေချိန် ဥရောပအပေါ် ဦးတည်ခဲ့ကြကြောင်း ပြခဲ့သည်။ သိပ်မကြာပြီးနောက်မှာပင် SARS-CoV-2 ဗိုင်းရပ်စ်မှ အမေရိကန်နိုင်ငံသို့ ပျံ့နှံ့သွားခဲ့ရာ malware telemetry သည်လည်း ထိုနေရာထံ ဦးတည်ရန် စတင်ခဲ့သည်။
မတ်လသည် ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ နှင့် ကိုရိုနာဗိုင်းရပ်စ်-ခေါင်းစဉ်တပ် ဆိုက်ဘာတိုက်ခိုက်မှုများ ၏ အမြင့်ဆုံး ဖြစ်ခဲ့ပုံရချိန် Bitdefender သည် သွားဖက်ဆိုင်ရာ နှင့် မျက်စိဆိုင်ရာ ဆေးကုသမှုအသေးစားများမှစ၍ ဆေးရုံကြီးများအထိ ကမ္ဘာအနှံ့ အရွယ်အစားမျိုးစုံသော ကျန်းမာရေးစောင့်ရှောက်မှု အဖွဲ့အစည်းများအား ၎င်း၏ လုပ်ငန်းသုံးအဆင့် လုံခြုံရေး ရယူသုံးစွဲခွင့်ကို တစ်ပြားမှပေးစရာမလိုဘဲ (ဤနေရာတွင် ထပ်ဖတ်ရန်) အခမဲ့ ပေးနေသည်။
Bitdefender ၏ ကမ်းလှမ်းချက်သည် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု အဖွဲ့အစည်းများ အားလုံးအတွက် ဖွင့်ပေးထားပြီး ကျွန်ုပ်တို့၏ပန်းတိုင်မှာ ကပ်ရောဂါအပေါ်အမြတ်ထုတ်သည့် ဆိုက်ဘာတိုက်ခိုက်မှုအပေါ် စိုးရိမ်ပူပန်စရာမလိုဘဲ ထိုသူတို့အား အပြည့်အဝ အလုပ်လုပ်နိုင်ရန် ကူညီဖို့ပင် ဖြစ်သည်။
မှတ်ချက်။ ဤဆောင်းပါးသည် Bitdefender ဓါတ်ခွဲခန်း အဖွဲ့များ၏ ခွင့်ပြုချက်ဖြင့် ပံ့ပိုးထားသော နည်းပညာဆိုင်ရာ သတင်းအချက်အလက်များအပေါ်တွင် အခြေခံထားသည်။
ဆက်စပ်ဆောင်းပါးများ

Scam Alert: Fraudsters Impersonate Bitdefender in Fake Job Interviews
ထုတ်ဝေသည့်ရက်: ၂၀၂၅ နို ၂၅
ဆောင်းပါးဖတ်ရန်
CyberSec Vietnam Conference 2024
ထုတ်ဝေသည့်ရက်: ၂၀၂၄ အောက် ၁၈
ဆောင်းပါးဖတ်ရန်
VPN အသုံးပြုခြင်း၏ အရေးကြီးမှု: ကိုယ်ပိုင်စရိတ္တနှင့် လုံခြုံမှုတိုးတက်အောင်အကောင်းမြင်ရန်
ထုတ်ဝေသည့်ရက်: ၂၀၂၄ ဩ ၂၀
ဆောင်းပါးဖတ်ရန်
Bitdefender သည် ဘန်ကောက်တွင် ကျင်းပသည့် SIS Technology Showcase 2024 တွင် ရောင်ပြန်လင်းနေသည်
ထုတ်ဝေသည့်ရက်: ၂၀၂၄ ဩ ၁၅
ဆောင်းပါးဖတ်ရန်