ဆိုက်ဘာတိုက်ခိုက်မှုအပြီး Foxconn မှာ စံချိန်ချိုးတန်ဖိုး ဒေါ်လာ ၃၄ မီလီယံ ပြန်ရွေးခ တောင်းဆိုမှု နှင့်အတူ တိုက်ခိုက်ခံရခြင်း
ထုတ်ဝေသည့်ရက်: ၂၀၂၀ ဒီ ၈ · သတင်းခန်း · 1 မိနစ်ဖတ်ရန်

- အီလက်ထရောနစ် ထုတ်လုပ်ဖြန့်ချီသူ Foxconn မှ လွန်ခဲ့သောလတွင် DoppelPaymer ransomware ဖြင့် ကူးစက်ခံခဲ့ရသည်
- ဟက်လုပ်သည့်အဖွဲ့မှ တိုက်ခိုက်စဉ်အတွင်း ကုမ္ပဏီ၏ ဆာဗာများမှ ခိုးယူရရှိထားသည့် ဖိုင်များအား ထုတ်ဝေရန်အစပြုခဲ့သည်
ကမ္ဘာ့အကြီးဆုံး အီလက်ထရောနစ် ထုတ်လုပ်ဖြန့်ချီသူ Foxconn မှာ ဆိုက်ဘာတိုက်ခိုက်မှုတစ်ခုဒဏ် ခံခဲ့ရပြီး ၎င်း၏သတင်းအချက်အလက်များ ပြန်လည်ရရှိရန်အတွက် အဓမ္မပြုသူများမှ ဒေါ်လာ ၃၄ မီလီယံ ပြန်ရွေးခတစ်ခုအား ပေးရန် မခြားမလပ် တောင်းဆိုနေသည်။
Bleeping Computer အစီရင်ခံချက်များ အရ မက်ဆီကို နိုင်ငံ Ciudad Juárez တွင်တည်ရှိသည့် Foxconn ၏ ဌာနတစ်ခုမှာ ယူအက်စ် ကျေးဇူးတော်ချီးမွမ်းပွဲ အားလပ်ရက်အတောအတွင်း စကားဝှက်ဖြည်ခြင်းစနစ်များမတိုင်မီ ကုမ္ပဏီ၏ ဆာဗာများထံမှ အချက်အလက်များအား ခိုးယူခဲ့ကြသည့် ဟက်ကာများအားဖြင့် တိုက်ခိုက်ခြင်းခံခဲ့ရသည်။
DoppelPaymer အဖွဲ့မှ ransomware တိုက်ခိုက်မှုအတွက် တာဝန်ရှိကြောင်း အတည်ပြုခဲ့ပြီး ကုမ္ပဏီများအား များပြားသော ပြန်ရွေးခတောင်းဆိုမှုများပေးစေခြင်းအပေါ် အနိုင်အထက်ပြုရန် ဤနှစ်အစောပိုင်း၌ ၎င်းတို့ဖန်တီးထားခဲ့သည့် ဝက်ဘ်ဆိုဒ်တစ်ခုပေါ်မှနေ၍ ခိုးယူထားသော သတင်းအချက်အလက်များအား ထုတ်ပြန်ရန် အစပြုခဲ့သည်။ ၎င်းမတိုင်မှီ အခြား ခံရသူများကဲ့သို့ပင် Foxconn သည် အကယ်၍ လှို့ဝှက်သတင်းအချက်အလက်မှာ အွန်လိုင်းပေါ်တွင် ဖြန့်ဝေခြင်းခံရလျှင် တွဲဖက်လုပ်ကိုင်သူများ၊ ဖောက်သည်များ နှင့် သတင်းမီဒီယာ ထံမှ ကျဉ်းကျပ်သည့်မေးခွန်းများနှင့် ရင်ဆိုင်ရမည့် အန္တရာယ်ကြုံရနိုင်ကြောင်း ဒုစရိုက်သမားများအားဖြင့် ပြောဆိုခြင်းခံရပေလိမ့်မည်။
Bleeping Computer အရ ဟက်ကာများသည် Foxconn မြောက်အမေရိကမှ ဆာဗာပေါင်း ၁၀၀၀ ကျော်အား စကားဝှက်ဖြည်ထားပြီးဖြစ်ပြီး ၁၀၀ GB တန်ဖိုးရှိ အချက်အလက်များအား ခိုးယူထားပြီးဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။ အခြေအနေ ပိုဆိုးစေသည်မှာ ဒုစရိုက်သမားများသည် backup များ၏ ၇၆ terabytes အား ဖျက်ဆီးပစ်လိုက်ပြီဖြစ်ကြောင်းလည်း ပြောဆိုထားသည်။
ဝန်ထမ်းပေါင်း ၈၀၀,၀၀၀ ကျော် နှင့် Apple, Dell, Amazon, Nintendo, Microsoft နှင့် Sony အစရှိသည့် ၎င်း၏ ယခင်နှင့်လက်ရှိ နာမည်ကြီး ဖောက်သည်များ အကြိုက်ထဲတွင် ပါရှိသည့် Foxconn ကုမ္ပဏီ၏ ကျန်ရှိနေသောလုပ်ငန်းများမှာ ransomware ကူးစက်ခံရသည်ဟု မယုံကြည်ရပေ။
ဒုစရိုက်သမားများမှာမူ (လက်ရှိ ငွေလဲနှုန်းများအရ ယူအက်စ် ဒေါ်လာ ၃၄ မီလီယံ နီးပါး) ၁၈၀၀ Bitcoins ကျော် ခရစ်ပတိုငွေကြေး ပြန်ရွေးခ တစ်ခုအား တောင်းဆိုခြင်းဖြင့် ၎င်းတို့သည် အချီကြီးမိနေပြီဟု သိသိသာသာခံစားနေကြသည်။
Foxconn မှ တိုက်ခိုက်မှုအကြောင်း လူသိရှင်ကြားထုတ်ပြန်မှု ပြုလုပ်ခြင်းမရှိဘဲ ၎င်းတို့မှ ဒုစရိုက်သမားများနှင့် ညှိနှိုင်းဆွေးနွေးရန် ပြင်ဆင်နေခြင်းရှိမရှိအပေါ်လည်း မသေချာပေ။ ယခုလက်ရှိတွင် ၎င်းမှ အဖြစ်အပျက်နှင့်ပတ်သက်၍ ဆက်လက် လှို့ဝှက်ထားလိမ့်မည့်ပုံ ပေါ်သည်။
သို့သော် အလွန်လူသိများသည့်အရာမှာ Ciudad Juárez ရှိ Foxconn ဌာန၏ တရားဝင် ဝက်ဘ်ဆိုဒ်သည် လက်ရှိတွင် မက်ဆေ့ချ်အမှားတစ်ခု အား ပြသနေသည် -
ဝက်ဘ်ဆိုဒ် ကျနေရခြင်းမှာ ransomware ကူးစက်ခံရခြင်း၏ တိုက်ရိုက်အကျိုးဆက်တစ်ခု သို့မဟုတ် Foxconn ၏ အိုင်တီအဖွဲ့မှ အခြားစနစ်များနှင့်အတူ ရည်ရွယ်ချက်ရှိရှိ အော့ဖ်လိုင်းလုပ်ထားခြင်း ဟုတ်မဟုတ်မှာ မရှင်းလင်းနေပေ။
DoppelPaymer ransomware ၏ ယခင် ခံရသူများတွင် အလဘားမား မြောက်ပိုင်းရှိ ဖလောရန့်စ်မြို့၊ လော့စ်အိန်ဂျလစ် မြို့ပြဧရိယာရှိ တောရန့်စ်မြို့၊ နယူးကာစယ်လ် တက္ကသိုလ် နှင့် ဂျာမနီနိုင်ငံတွင် ဆေးရုံလူနာတစ်ဦးသေဆုံးသွားခဲ့ရသည့် ကြောက်စရာကောင်းသော ransomware တိုက်ခိုက်မှု တို့ ပါဝင်သည်။
ဆက်စပ်ဆောင်းပါးများ

Scam Alert: Fraudsters Impersonate Bitdefender in Fake Job Interviews
ထုတ်ဝေသည့်ရက်: ၂၀၂၅ နို ၂၅
ဆောင်းပါးဖတ်ရန်
CyberSec Vietnam Conference 2024
ထုတ်ဝေသည့်ရက်: ၂၀၂၄ အောက် ၁၈
ဆောင်းပါးဖတ်ရန်
VPN အသုံးပြုခြင်း၏ အရေးကြီးမှု: ကိုယ်ပိုင်စရိတ္တနှင့် လုံခြုံမှုတိုးတက်အောင်အကောင်းမြင်ရန်
ထုတ်ဝေသည့်ရက်: ၂၀၂၄ ဩ ၂၀
ဆောင်းပါးဖတ်ရန်
Bitdefender သည် ဘန်ကောက်တွင် ကျင်းပသည့် SIS Technology Showcase 2024 တွင် ရောင်ပြန်လင်းနေသည်
ထုတ်ဝေသည့်ရက်: ၂၀၂၄ ဩ ၁၅
ဆောင်းပါးဖတ်ရန်