လှို့ဝှက်ချက် တောင်းဆိုမှု ‘အမှား’ များအပေါ် ကနေဒါနိုင်ငံတွင် ဖေ့စ်ဘုတ်အား ဒေါ်လာ ၉ မီလီယံ ဒဏ်ကြေးချမှတ်ခဲ့ခြင်း
ထုတ်ဝေသည့်ရက်: ၂၀၂၀ မေ ၂၂ · သတင်းခန်း · 1 မိနစ်ဖတ်ရန်

Cambridge Analytica အရှုပ်တော်ပုံ အပေါ် နိုင်ငံတကာစည်းမျဉ်းများအရ ဒေါ်လာပေါင်း သန်းရာချီ ဒဏ်ရိုက်ခံခဲ့ရပြီးနောက် ဖေ့စ်ဘုတ်သည် အချက်အလက် လှို့ဝှက်ချက်ချက် တောင်းဆိုမှု ‘အမှား’ များ အပေါ် - အနည်းအကျဉ်းဟု ဆိုနိုင်သော်လည်း - နောက်ထပ် ပြစ်ဒဏ်တစ်ခုနှင့် ရင်ဆိုင်နေရသည်။
လှို့ဝှက်ချက် သွင်ပြင်များ အသုံးပြုစဉ် ၎င်းတို့၏ ပုဂ္ဂိုလ်ရေးရာ သတင်း အချက်အလက်များအား မည်သူက မြင်တွေ့၊ ဝင်ရောက်ရယူနိုင်သည့်အပေါ် သုံးစွဲသူများမှ ထိန်းချုပ်နိုင်သည်ဆိုသည့် အထင်အမြင်ပေးခြင်းဖြင့် ဖေ့စ်ဘုတ်သည် သုံးစွဲသူ သတင်းအချက်အလက်များအား နည်းလမ်းမမှန်ကိုင်တွယ်ခဲ့သည် ဟု ကနေဒါနိုင်ငံ၏ ယှဉ်ပြိုင်မှု ဗျူရိုမှ ပြောဆိုထားသည်။ ဒဏ်ကြေး ? ကနေဒါပိုက်ဆံ ၉ မီလီယံ (အမေရိကန်ဒေါ်လာ ၆.၅ မီလီယံ / ယူရို ၅.၉ မီလီယံ)
“ကုမ္ပဏီ၏ လှို့ဝှက်ချက် တောင်းဆိုမှုများ နှင့် တသမတ်တည်းဖြစ်သည့် နည်းလမ်းတစ်ခုတွင် သုံးစွဲသူများ၏ ပုဂ္ဂိုလ်ရေးရာ သတင်းအချက်အလက်များအား အချို့သော တတိယလူစုဖြစ်သည့် ပရိုဂရမ်ရေးဆွဲသူများနှင့် မျှဝေခြင်းအပေါ် ဖေ့စ်ဘုတ်မှ မကန့်သတ်ခဲ့ " ဟု ဗျူရိုမှ ပြောကြားခဲ့သည်။
ဖေ့စ်ဘုတ်သည် လူမှုကွန်ယက်မှတဆင့် အခြားအက်ပလီကေးရှင်းများ နှင့် ချိတ်ဆက်ခြင်းအားဖြင့် သုံးစွဲသူများ၏ မိတ်ဆွေများ၏ ပုဂ္ဂိုလ်ရေးရာ သတင်းအချက်အလက်များ ဝင်ရောက်ရယူရန် ကြေငြာသမားများ နှင့် ပရိုဂရမ်ရေးဆွဲသူများ အပါအဝင် တတိယလူစုများကိုလည်း သိသိသာသာ ခွင့်ပြုခဲ့သည်။ ဤလုပ်ရပ်အား လွန်ခဲ့သော နှစ်များစွာကတည်းက သိသိသာသာ ပယ်ရှင်းခဲ့သည့်တိုင် ၎င်းသည် ၂၀၁၈ ခုနှစ်အထိ အချို့ ကုမ္ပဏီများမှ ဖေ့စ်ဘုတ် နှင့် အလုပ် ဆက်လက် တွဲလုပ်ခဲ့သည့် သက်သေအား တွေ့ရှိခဲ့သည်ဟု ဗျူရိုမှ ပြောကြားသည်။
“ဤ ပုဂ္ဂိုလ်ရေးရာ သတင်းအချက်အလက်များတွင် သုံးစွဲသူများမှ ဖေ့စ်ဘုတ် ပေါ်တွင် တင်ခဲ့သော ပို့စ်များ၊ သုံးစွဲသူများမှ မက်ဆင်ဂျာတွင် အပြန်အလှန်ပို့ခဲ့သော မက်ဆေ့ချ်များ နှင့် သုံးစွဲသူများအား စီစစ်သတ်မှတ်နိုင်သည့် အခြားသတင်းအချက်အလက်များ ပါဝင်ခဲ့သည်” ဟု ဤရက်ပိုင်းအတွင်း ယှဉ်ပြိုင်မှု ဗျူရိုမှ ထုတ်ပြန်ခဲ့သည့် သတင်းထုတ်ပြန်ချက်အရ သိရသည်။
ဤစွပ်စွဲချက်များအား တုံ့ပြန်မှုတွင် ဖေ့စ်ဘုတ်မှ စုံစမ်းစစ်ဆေးမှု တွေ့ရှိချက်များအပေါ် ၎င်းသည် သဘောမတူခဲ့သော်လည်း ကိစ္စရပ်အား မြန်ဆန်စွာဖြေရှင်းနိုင်စေဖို့အတွက် နားလည်မှု သဘောတူညီချက်တစ်ခု ရယူရန် လိုချင်ခဲ့ခြင်းသာ ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
“ကော်မရှင်များ၏ ဆုံးဖြတ်ချက်များအပေါ် ကျွန်ုပ်တို့အနေနှင့် သဘောမတူညီသော်လည်း ကျွန်ုပ်မှ ဤသဘောတူညီချက်၏ ရည်ရွယ်ချက်များအတွက် ဆုံးဖြတ်ချက်များအပေါ် ဆန့်ကျင်ခြင်းမဟုတ်ပဲ နားလည်မှု သဘောတူညီချက်တစ်ခု ရယူခြင်းဖြင့် ဤကိစ္စအား ဖြေရှင်းနေကြောင်း” ဖေ့စ်ဘုတ်မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးမှ ရိုက်တာ သတင်းဌာန အား ပြောကြားခဲ့သည်။
ဗျူရိုမှလည်း ၎င်းတို့အနေနှင့် ပြဿနာဖြေရှင်းရာတွင် လူမှုကွန်ယက်၏ “မိမိဆန္ဒအလျောက် ပူးပေါင်းပါဝင်ခြင်း” အပေါ် အသိအမှတ်ပြုကြောင်း ပြောဆိုခဲ့သည်။
ဆက်စပ်ဆောင်းပါးများ

Scam Alert: Fraudsters Impersonate Bitdefender in Fake Job Interviews
ထုတ်ဝေသည့်ရက်: ၂၀၂၅ နို ၂၅
ဆောင်းပါးဖတ်ရန်
CyberSec Vietnam Conference 2024
ထုတ်ဝေသည့်ရက်: ၂၀၂၄ အောက် ၁၈
ဆောင်းပါးဖတ်ရန်
VPN အသုံးပြုခြင်း၏ အရေးကြီးမှု: ကိုယ်ပိုင်စရိတ္တနှင့် လုံခြုံမှုတိုးတက်အောင်အကောင်းမြင်ရန်
ထုတ်ဝေသည့်ရက်: ၂၀၂၄ ဩ ၂၀
ဆောင်းပါးဖတ်ရန်
Bitdefender သည် ဘန်ကောက်တွင် ကျင်းပသည့် SIS Technology Showcase 2024 တွင် ရောင်ပြန်လင်းနေသည်
ထုတ်ဝေသည့်ရက်: ၂၀၂၄ ဩ ၁၅
ဆောင်းပါးဖတ်ရန်