Europol နှင့် စင်ကာပူရဲအဖွဲ့ တို့ ယူရို ၆ မီလီယံ တန်ဖိုးရှိ ကိုရိုနာဗိုင်းရပ်စ် ငွေကြေးခဝါချခြင်း နောက်ကွယ်မှ သံသယရှိသူအား ဖမ်းဆီးမိခြင်း
ထုတ်ဝေသည့်ရက်: ၂၀၂၀ ဧ ၇ · သတင်းခန်း · 1 မိနစ်ဖတ်ရန်

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဆိုး အတွင်း ဆိုက်ဘာရာဇဝတ် နယ်ပယ် ဆက်လက် ကျယ်ပြန့်လာသည်နှင့်အမျှ ကမ္ဘာတဝှမ်းမှ အစိုးရများသည်လည်း ရာဇဝတ်လုပ်ရပ် မြှင့်တက်လာမှုကို တိုက်ထုတ်ရန် လက်တွဲပူးပေါင်းဆောင်ရွက်လာကြသည်။
ဧပြီလ ၆ ရက်နေ့ထုတ် စာစောင် တစ်ခု တွင် ယူရို ၆ မီလီယံ တန်ဖိုးရှိ ဆေးဖက်ဆိုင်ရာစက်ပစ္စည်း လိမ်လည်မှု တစ်ရပ်တွင် သံသယဖြစ်ဖွယ် ၃၅ နှစ်အရွယ် အမျိုးသားတစ်ယောက်အား စင်ကာပူတွင် ဖမ်းဆီးခဲ့ကြောင်း Europol မှ ထုတ်ပြန်ကြေငြာခဲ့သည်။
တာဝန်ရှိသူများ ပြောကြားချက်အရ သံသယရှိသူသည် ဥရောပရှိ ဆေးဝါးကုမ္ပဏီတစ်ခုထံ FFP2 ခွဲစိတ်ခန်းသုံး mask များ နှင့် လက်ဆေးရည် တင်ပို့ဖြန့်ဖြူးပေးသော တရားဝင်ကုမ္ပဏီတစ်ခု အသွင် အယောင်ဆောင်ခဲ့သည်ဟု ထင်ရသည်။
အစီရင်ခံချက်တွင် “ဆေးဝါးကုမ္ပဏီဖက်မှ စင်ကာပူရှိ ဘဏ်တစ်ခုထဲသို့ ငွေလွှဲပြီးခဲ့သော်လည်း ပစ္စည်းများမှာ မရောက်လာဘဲ တင်ပို့သူကိုလည်း ဆက်သွယ်၍မရတော့ကြောင်း” ဖော်ပြထားသည်။
ဆေးဝါးကုမ္ပဏီအပေါ် ယူရို ၆.၆၄ မီလီယံ လိမ်ညာသွားသော ငွေကြေးခဝါချခြင်းလုပ်ရပ်မှာ Europol မှ စင်ကာပူတာဝန်ရှိသူများထံ ငွေလွှဲခြင်းအား တားဆီးပိတ်ပေးရန် ဆက်သွယ်အပြီး ရပ်ဆိုင်းခြင်းခံခဲ့ရသည်။ ကံကောင်းစွာပင် ၎င်းတို့၏ကြိုးစားအားထုတ်မှု အရာရောက်ခဲ့ပြီး ဒေသခံရဲများမှ သံသယရှိသူအား စုံစမ်းဖော်ထုတ်နိုင်ခဲ့ကာ မတ်လ ၂၅ ရက်နေ့တွင် ထိုသူအား တရားရုံးသို့ ပို့ခဲ့သည်။
ဆေးဝါးကုမ္ပဏီများအပေါ် ပစ်မှတ်ထားသော လတ်တလော Business Email Compromise (BEC) တိုက်ခိုက်မှုမှာ ကိုရိုနာဗိုင်းရပ်စ်နှင့် ဆက်နွယ်သော ရာဇဝတ်လုပ်ရပ် တိုးမြှင့်လာမှုကို ပြနေပြီး အလိမ်အညာသမားများသည် ဆေးဖက်ဆိုင်ရာပစ္စည်းများ ပြတ်လတ်မှုအပေါ် အခွင့်ကောင်းယူခြင်းလုပ်ရပ် ကို ဆက်လက်လုပ်ဆောင်နေကြသည်။
Europol မှလည်း မတ်လ ၂၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော အစီရင်ခံစာ တစ်စောင်မှ ရာဇဝတ်သမားများ လက်ရှိအဖြစ်အပျက်များထံမှ မည်သို့အမြတ်ထုတ်နေကြမှုအပေါ် နောက်ဆုံးတိုးတက်မှုများအား အကြမ်းဖျင်းရေးသားထားသည်။ CDC, WHO နှင့် ဒေသခံတာဝန်ရှိသူများအသွင် အယောင်ဆောင်ခြင်းမှအစ ဆေးဖက်ဆိုင်ရာပစ္စည်းအတုများ ရောင်းချခြင်းတိုင်အောင် မသမာသူများသည် ကျွန်ုပ်တို့၏ ကြောက်ရွံ့မှုများ နှင့် ပြည်သူ့ကျန်းမာရေးဆောင်ရွက်မှုများအပေါ် ငွေကြေးအမြတ်ထုတ်ရန် “၎င်းတို့၏ လုပ်ကွက်များအား အလိုက်အထိုက်ပြောင်းခြင်း သို့မဟုတ် ရာဇဝတ်လုပ်ရပ်သစ်များတွင် ပါဝင်ခြင်း တို့လုပ်ဆောင်လာကြသည်။”
Europol အမှုဆောင်ဒါရိုက်တာ Catherine De Bolle မှ “ပြည်သူ့ကျန်းမာရေးအခက်အခဲတစ်ခုဖြစ်နေစဉ်အတွင်း ထိုရာဇဝတ်လုပ်ရပ်များမှာ အထူးသဖြင့် ခြိမ်းခြောက်နေပြီး လူသားအသက်များအား အမှန်တကယ် အန္တရာယ်များကျရောက်စေနိုင်သည်။ ထို့အတွက်ကြောင့် ရာဇဝတ်မှုကို ဆန့်ကျင်တိုက်ခိုက်ခြင်း အရှိန်မြှင့်ရန်မှာ အသင့်လျော်ဆုံးဖြစ်သည်။ Europol နှင့် ၎င်း၏ မဟာမိတ် ဥပဒေဘက်တော်သားများသည် နိုင်ငံသားအားလုံး၏ ကျန်းမာရေး နှင့် လုံခြုံမှုကို သေချာစေရန် အနီးကပ်ပူးပေါင်းလုပ်ဆောင်နေကြသည်” ဟု ပြောကြားခဲ့သည်။
Bitdefender မှလည်း ဤနေရာတွင် မျိုးစုံသော အန္တရာယ်ရှိသည့်လုပ်ရပ် နှင့် ခြိမ်းခြောက်မှုများထံမှ သင့်စက်များ ကာကွယ်ပေးခြင်းအပေါ် အာရုံထားသည်။ ယခုတွင် သင်၏ အင်တာနက်သုံးစက်ပစ္စည်းများမှတဆင့် သင် ကမ္ဘာနှင့်ဆက်သွယ်ရာတွင် သင့်အနေနှင့် ကိုယ်ပိုင်ထိန်းချုပ်ခွင့် နှင့် လုံခြုံရေး လိုအပ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့ဖက်မှ ကျွန်ုပ်တို့၏ အကောင်းဆုံး လုံခြုံရေး suite အတွက်အစမ်းသုံးခွင့်အား အချိန်ထပ်မံတိုးမြှင့်ပေးထားပြီး သင့်အနေနှင့် သင်၏မိသားစု စက်များအားလုံးကို ရက်ပေါင်း ၉၀ ကြာ ကာကွယ်ပေး စေနိုင်မည်ဖြစ်သည်။ အကယ်၍ သင် စိတ်ဆုံးဖြတ်ပြီးပြီဆိုလျှင် ဆိုက်ဘာခြိမ်းခြောက်မှုများမြှင့်တက်နေခြင်းအပေါ် သတိမမူသည့် သင်ချစ်ရသူများအား မမျှော်လင့်ထားသောလက်ဆောင်တစ်ခုကို ပေးလိုက်ပါစို့လား ?
ဆက်စပ်ဆောင်းပါးများ

Scam Alert: Fraudsters Impersonate Bitdefender in Fake Job Interviews
ထုတ်ဝေသည့်ရက်: ၂၀၂၅ နို ၂၅
ဆောင်းပါးဖတ်ရန်
CyberSec Vietnam Conference 2024
ထုတ်ဝေသည့်ရက်: ၂၀၂၄ အောက် ၁၈
ဆောင်းပါးဖတ်ရန်
VPN အသုံးပြုခြင်း၏ အရေးကြီးမှု: ကိုယ်ပိုင်စရိတ္တနှင့် လုံခြုံမှုတိုးတက်အောင်အကောင်းမြင်ရန်
ထုတ်ဝေသည့်ရက်: ၂၀၂၄ ဩ ၂၀
ဆောင်းပါးဖတ်ရန်
Bitdefender သည် ဘန်ကောက်တွင် ကျင်းပသည့် SIS Technology Showcase 2024 တွင် ရောင်ပြန်လင်းနေသည်
ထုတ်ဝေသည့်ရက်: ၂၀၂၄ ဩ ၁၅
ဆောင်းပါးဖတ်ရန်