ဒေါ်နယ်ထရမ့်၏ လှုံ့ဆော်ရေးဝက်ဘ်ဆိုဒ်သည် ဟက်ကာများအားဖြင့် သိမ်းပိုက်ခံလိုက်ရပြီး ခရစ်ပတိုငွေကြေးလိမ်ညာမှု လုပ်ဆောင်နေခြင်း
ထုတ်ဝေသည့်ရက်: ၂၀၂၀ အောက် ၂၉ · သတင်းခန်း · 1 မိနစ်ဖတ်ရန်

ဒေါ်နယ်ထရမ့်၏ လှုံ့ဆော်ရေးဝက်ဘ်ဆိုဒ်သည် ဟက်ကာများအားဖြင့် ပြန်ပေးဆွဲခံခဲ့ရပြီး ထိုသူတို့သည် သမ္မတအပေါ်ဂုဏ်အသရေဖျက်နိုင်ခြင်း နှင့် နိုဝင်ဘာလ ရွေးကောက်ပွဲများအပေါ် ကြိုးကိုင်လှည့်စားရန် နိုင်ငံရပ်ခြားအဖွဲ့အစည်းများနှင့် သူ၏တွဲဖက်လုပ်ဆောင်မှုအား ချပြနိုင်ခြင်း သက်သေရှိသည်ဟု ဆိုကြသည်။
“ကျွန်ုပ်တို့တွင် လူကြီးမင်းထရမ့် အား သူ၏ ဒုစရိုက်ဆိုင်ရာ ပါဝင်ပတ်သက်မှု နှင့် ၂၀၂၀ ရွေးကောက်ပွဲများအပေါ် ကြိုးကိုင်လှည့်စားရင်း နိုင်ငံရပ်ခြားအဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ်ဆောင်မှု ကိုချပြရင်း သမ္မတအနေဖြင့် လုံးဝ ဂုဏ်အသရေဖျက်သည့် သက်သေရှိသည်” ဟု ဟက်ကာများမှ သဒ္ဒါမမှန်မကန်အင်္ဂလိပ်စာဖြင့် ရေးသားခဲ့သည်။
အင်္ဂါနေ့တွင် ဒုစရိုက်သမားများသည် DonaldJTrump.com, အားဝင်ရောက်ရယူကာ ဖျက်သိမ်းပြီးနောက် စုံစမ်းစစ်ဆေးရေးဖယ်ဒရယ်ဗျူရို နှင့် တရားရေးဌာနတို့၏ အမှတ်တံဆိပ်များပါရှိသည့် “ဤဆိုဒ်မှာ သိမ်းပိုက်ခြင်းခံထားရသည်” ဟူသည့် စာကြောင်းတစ်ကြောင်းအား တင်ထားခဲ့သည်။
ဝက်ဘ်ဆိုဒ်အား မဖျက်သိမ်းမှီ ဝင်ရောက်ကြည့်ရှုသူများမှာ ထရမ့်အုပ်ချုပ်ရေးမှဖြန့်သည်ဟုဆိုသည့် “သတင်းအတုအယောင်များ” အပေါ်ပြစ်တင်ရှုံ့ချပြီး သမ္မတအား ဂုဏ်အသရေဖျက်သည့် စာကြောင်းတစ်ကြောင်းဖြင့် နှုတ်ဆက်ခြင်းခံခဲ့ကြရသည်။
“ကမ္ယာလောကကြီးမှာ သမ္မတဒေါ်နယ်ထရမ့် အားဖြင့် နေ့စဉ် သတင်းအတုအယောင်များ ဖြန့်ဝေခြင်းခံနေရသည်မှာတော်လောက်ပြီ။ ကမ္ဘာအား အမှန်တရားသိခွင့်ပေးရန် အချိန်တန်ပြီ” ဟု စာကြောင်းမှ ဖတ်ရသည်။
ဟက်ကာများမှ ၎င်းတို့သည် ထရမ့်၏ မိသားစုဝင်ဆွေမျိုးများ၏ စက်ပေါင်းများစွာအား အလဲအလှယ်ယူထားပြီး သမ္မတ၏ ဝန်ကြီးများအဖွဲ့မှာ ကိုဗစ်-၁၉ အစပြုခြင်းတွင် ပါဝင်ပတ်သက်ကြောင်း သက်သေပြသည့် လှို့ဝှက်သတင်းအချက်အလက်များကို ဖော်ပြထားသည်ဟု ဆက်လက်ပြောဆိုခဲ့သည်။
“ထရမ့် နှင့် မိသားစုဝင်ဆွေမျိုးများအား ဝင်ရောက်ရယူခွင့်အပြည့်ပေးခဲ့သည့် စက်ပေါင်းများစွာမှာ အလဲအလှယ်လုပ်ခြင်းခံခဲ့ရသည်။ ထရမ့်အုပ်ချုပ်ရေးမှာ ကိုရိုနာဗိုင်းရပ်စ် အစပြုခြင်းတွင် ပါဝင်ခဲ့ကြောင်း သက်သေပြနေသည့် အတွင်းဆုံးပိုင်းနှင့် သတင်းအချက်အလက်အထူးကြပ်မတ်ထားသည့် လှို့ဝှက်ပြောဆိုမှုများ ပေါက်ကြားခဲ့သည်” ဟု တိုက်ခိုက်သူများမှ ထပ်ဖြည့်ပြောဆိုခဲ့သည်။
ပို့စ်မှာ ဝင်ရောက်ကြည့်ရှုူများအား အခိုးခံရသည့်သတင်းအချက်အလက်များ အများပြည်သူရှေ့ ချပြသင့် မသင့်ကို ဆုံးဖြတ်ပေးရန်တိုက်တွန်းသည့် ခရစ်ပတိုငွေကြေးလိမ်ညာမှု တစ်ခု ဖြစ်ပုံရသည့်အရာဖြင့် ဆက်လက်ထားသည်။
ဟက်ကာများသည် Monero နှင့်ဆက်စပ်သည့် ခရစ်ပတိုငွေကြေး wallet လင့်ခ် နှစ်ခုအား ထည့်ထားပြီး လူများအား “မဲပေးရန်” တောင်းဆိုခဲ့သည်။ ငွေကြေးတန်ဖိုးအများဆုံး ရမည့် မည်သည့်လင့်ခ်မဆို ၎င်းတို့၏ နောက်ထပ်ခြေလှမ်းအပေါ် ဆုံးဖြတ်မှုပေးပေလိမ့်မည်။

သမ္မတ ထရမ့်၏ ပြန်လည်ရွေးကောက်ပွဲလှုံ့ဆော်မှုအတွက် ဆက်သွယ်ရေးညွှန်ကြားရေးမှူး Tim Murtaugh သည်လည်း မည်သည့်အချက်အလက်မှ ခိုးယူခြင်းမခံရကြောင်း ပြောဆိုရင်း တိုက်ခိုက်မှုအား အတည်ပြုခဲ့သည်။
“ဤညနေခင်းအစောပိုင်းတွင် ထရမ့် လှုံ့ဆော်မှုဝက်ဘ်ဆိုဒ် နာမည်ဖျက်ခံခဲ့ရပြီး ကျွန်ုပ်တို့မှ တိုက်ခိုက်မှု အရင်းအမြစ်ကို စုံစမ်းဖော်ထုတ်ရန် ဥပဒေစိုးမိုးရေးတာဝန်ရှိသူများနှင့်အတူ လုပ်ဆောင်နေသည်။ ၎င်းတို့အား ဆိုဒ်ပေါ်၌ အမှန်တကယ် သိမ်းထားခြင်း မရှိသောကြောင့် မည်သည့် အထူးလှို့ဝှက်အချက်အလက်မှ ပေါက်ကြားခြင်းမရှိခဲ့ပေ။ ဝက်ဘ်ဆိုဒ်အား ပြန်လည်ရယူနိုင်ပြီဖြစ်သည်” ဟု Murtaugh မှ Twitter ပေါ်တွင်ရေးသားခဲ့သည်။
ဆက်စပ်ဆောင်းပါးများ

Scam Alert: Fraudsters Impersonate Bitdefender in Fake Job Interviews
ထုတ်ဝေသည့်ရက်: ၂၀၂၅ နို ၂၅
ဆောင်းပါးဖတ်ရန်
CyberSec Vietnam Conference 2024
ထုတ်ဝေသည့်ရက်: ၂၀၂၄ အောက် ၁၈
ဆောင်းပါးဖတ်ရန်
VPN အသုံးပြုခြင်း၏ အရေးကြီးမှု: ကိုယ်ပိုင်စရိတ္တနှင့် လုံခြုံမှုတိုးတက်အောင်အကောင်းမြင်ရန်
ထုတ်ဝေသည့်ရက်: ၂၀၂၄ ဩ ၂၀
ဆောင်းပါးဖတ်ရန်
Bitdefender သည် ဘန်ကောက်တွင် ကျင်းပသည့် SIS Technology Showcase 2024 တွင် ရောင်ပြန်လင်းနေသည်
ထုတ်ဝေသည့်ရက်: ၂၀၂၄ ဩ ၁၅
ဆောင်းပါးဖတ်ရန်