သင်မှ သင့် အိုင်ဖုန်းအား ဖျက်ဆီးစေလိုစိတ်မရှိလျှင် သင့် Wi-Fi hotspot ကို ဤကဲ့သို့ နာမည်မပေးလိုက်ပါနှင့်။
ထုတ်ဝေသည့်ရက်: ၂၀၂၁ ဇွန် ၂၄ · သတင်းခန်း · 1 မိနစ်ဖတ်ရန်

အိုင်ဖုန်းတစ်လုံးမှ ထူးခြားသောနာမည် တစ်ခုရှိသည့် Wi-Fi ကွန်ယက်တစ်ခုထံ ချိတ်ဆက်ရန် ကြိုးစားစဉ် ၎င်းအား ပျက်စီးစေနိုင်သည့် ထူးဆန်းသော bug တစ်ခုအား iOS တွင် ရှာဖွေတွေ့ရှိထားသည်။
ပြဿနာရှိစေတဲ့ နာမည်က ဘာပါလိမ့်။ ကျွန်ုပ်အနေနှင့် ၎င်းအား ဤစာစောင်ရှိ စာသားထဲတွင် မထည့်သွင်းချင်ရခြင်းမှာ အနေအထားတစ်ခုတွင် အခြား ဖတ်ရှုသူများမှ သူတို့ကိုယ်တိုင် ၎င်းအား စမ်းသပ်ကြည့်ရန် စူးစမ်းမိနိုင်သောကြောင့်ဖြစ်သည်။
ထို့ကြောင့် ၎င်းအား ရုပ်ပုံတစ်ပုံ အနေနှင့် ဤနေရာတွင် ကြည့်ပါ -
လုံခြုံရေးသုတေသီ Carl Schou မှ ပြသာနာ ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီး ထိုအမည်ဖြင့် Wi-Fi hotspot တစ်ခုထံ ချိတ်ဆက်ရန် ကြိုးပမ်းစဉ် သူ၏ အိုင်ဖုန်းမှာ ကြီးစွာသော ပုံပျက်ပန်းပျက် တစ်ရပ်ဖြစ်သွားသည့် ဗီဒီယိုတစ်ဖိုင်အား twitter ပေါ်တွင် တင်ခဲ့သည်။
“Reboot လုပ်ခြင်း၊ SSID ပြောင်းခြင်း မည်သည်မဆို ၎င်းအား မဖြေရှင်းနိုင်ပါ” ဟု Schou မှ tweet တစ်ခုတွင် တင်ပြခဲ့သည်။
အလားတူအားလုံးတွင် ဤအရာသည် iOS ကုဒ်မှ Wi-Fi hotspot ၏အမည်ကို ခွဲခြမ်းစိတ်ဖြာပြီးနောက် ပျက်စီးမှုတစ်ရပ်ဖြစ်စေသည့် နည်းအားဖြင့် ဖြစ်ပေါ်ခဲ့သော ရိုးရှင်းသည့် မှားယွင်းမှုတစ်ရပ် ဖြစ်သည်။ သို့သော် တစ်ခါတစ်ရံ ဤကဲ့သို့သော မိုက်မဲသည့် အမှားများမှာ အန္တရာယ်ရှိ ဟက်ကာများအားဖြင့် အမြတ်ထုတ်ခြင်းခံရနိုင်သည့် ဆိုးရွားသော တိုက်ခိုက်မှုများအသွင် ပြောင်းသွားနိုင်သောကြောင့် ကျွန်ုပ်တို့မှာ ဤသို့သော bug များအား ၎င်းတို့ထိုက်တန်သည့် အလေးပေးမှုနှင့်အတူ အမြဲတမ်း ကိုင်တွယ်သင့်ပြီး ၎င်းတို့အား အစောဆုံး အခွင့်အလမ်းအနေအထားတွင် ဖြေရှင်းသင့်သည်။
လာမည့် ရက်ပိုင်းအတွင်း အိုင်ဖုန်းများနှင့် အိုင်ပတ်များအတွက် ပြဿနာအား ဖြေရှင်းသည့် Apple မှ ထုတ်ပြန်မည့် အသေးစား ဆော့ဖ်ဝဲ update တစ်ခုရှိလာလျှင် ကျွန်ုပ်အနေနှင့် လုံးဝဥဿုံ အံ့ဩလိမ့်မည်မဟုတ်သော်လည်း လက်ရှိ၌ သင်မှ ဖျက်ဆီးခံ အိုင်ဖုန်းများကို ယနေ့တွင် ဖြေရှင်းနိုင်သည့် နည်းလမ်းတစ်ခု ဤနေရာတွင်ရှိသည် -
- Settings အက်ပလီကေးရှင်းအား ဖွင့်ပါ
- General > Reset ကို ရွေးပါ
- Reset Network Settings အားရွေးပြီးနောက် ပေါ်လာလျှင် သင်မှ သင့် ကွန်ယက် settings အား reset ပြန်ချရန် ဆန္ဒရှိကြောင်း အတည်ပြုပါ။
ဆက်စပ်ဆောင်းပါးများ

Scam Alert: Fraudsters Impersonate Bitdefender in Fake Job Interviews
ထုတ်ဝေသည့်ရက်: ၂၀၂၅ နို ၂၅
ဆောင်းပါးဖတ်ရန်
CyberSec Vietnam Conference 2024
ထုတ်ဝေသည့်ရက်: ၂၀၂၄ အောက် ၁၈
ဆောင်းပါးဖတ်ရန်
VPN အသုံးပြုခြင်း၏ အရေးကြီးမှု: ကိုယ်ပိုင်စရိတ္တနှင့် လုံခြုံမှုတိုးတက်အောင်အကောင်းမြင်ရန်
ထုတ်ဝေသည့်ရက်: ၂၀၂၄ ဩ ၂၀
ဆောင်းပါးဖတ်ရန်
Bitdefender သည် ဘန်ကောက်တွင် ကျင်းပသည့် SIS Technology Showcase 2024 တွင် ရောင်ပြန်လင်းနေသည်
ထုတ်ဝေသည့်ရက်: ၂၀၂၄ ဩ ၁၅
ဆောင်းပါးဖတ်ရန်