Windows Defender အား ဘယ်လို အမြဲ ပိတ်ထားလို့ရမလဲ ?

ထုတ်ဝေသည့်ရက်: ၂၀၂၀ နို ၅ · အကူအညီ · 1 မိနစ်ဖတ်ရန်

Windows Defender အား ဘယ်လို အမြဲ ပိတ်ထားလို့ရမလဲ ?
မာတိကာ

Microsoft မှ ဤတတ်စွမ်းနိုင်မှုအား လုံးဝ ပိတ်လိုက်ပြီဖြစ်သည်။

Windows 10 (အောက်တိုဘာ ၂၀၂၀) ၏ မကြာသေးခင်က update တစ်ခုတွင် Microsoft သည် အချို့အသုံးပြုသူများ အထူးသဖြင့် ထည့်သွင်းပါလာပြီးသား antivirus စနစ်အပေါ် မနှစ်သက်သော အကြောင်းအရာတစ်ချို့ရှိကြသည့်သူများ ထံ တောင်းဆိုပုံမပေါ်သည့် ပြောင်းလဲမှုတစ်ခုအား မိတ်ဆက်ပေးခဲ့သည်။ ယခုအချိန်မှစ၍ Windows Defender ကို manual အားဖြင့် ထာဝရ မပိတ်နိုင်တော့ပေ။ ကံကောင်းသည်မှာ ဤအရာသည် သင့်ကွန်ပျူတာပေါ်တွင် အခြား antivirus အားထောက်လှမ်းမိသည်နှင့်တပြိုင်နက် အလိုအလျောက် ရပ်ဆိုင်းသွားသင့်သည်။

Windows Defender အားရပ်ဆိုင်းရန် registry ပြန်လည်မွမ်းမံခြင်း မလိုတော့ပေ။

Windows 10 ရှိ Windows Defender အား အပြီးတိုင် ရပ်ဆိုင်းရန် ဤ update (ဗားရှင်း  4.18.2007.8 ထိတိုင်) ထုတ်ပြန်ခြင်းမတိုင်ခင်က registry သို့သွားပြီးလျှင် ၎င်း၏ key များထဲမှတစ်ခု ဖြစ်သော DisbleAntiSpyware အား ပြင်လိုက်လျှင် လုံလောက်မှုရှိခဲ့သည်။ လက်ရှိတွင် key အား ဆက်လက်ပြန်လည်မွမ်းမံနိုင်သေးသော်လည်း စနစ်အားဖြင့်ပြုသော ပြောင်းလဲမှုများမှာ လစ်လျူရှုခံရပေလိမ့်မည်။.


"ဤ setting မှာ နောက်ပြန်ဆုတ်ခြင်းခံရပြီး Microsoft Defender Antivirus အတွက် ဩဂုတ်လ update (နံပါတ် 4.18.2007.8) ကတည်းက အသုံးပြုသူစက်များပေါ်တွင် လစ်လျူပြုခြင်း ခံရပေလိမ့်မည်"  ဟု Microsoft မှ သတင်းပို့ခဲ့သည်။

Microsoft မှ မှန်ကန်သောဆုံးဖြတ်ချက် ချလိုက်မိသလား ?

တစ်ဖက်တွင် Redmond giant မှာ ဗိုင်းရပ်များ နှင့် malware ကဲ့သို့သော ခြိမ်းခြောက်မှုများထံမှ အသုံးပြုသူများစွာအား ကာကွယ်ပေးရန် သေချာနေသည်။ နောက်ဆုံးတွင် ကွန်ယက်ပေါ်၌ ထိုကဲ့သို့ခြိမ်းခြောက်မှုများ၏ ရှားပါးမှုမှာ မရှိတော့ပေ။ အခြားတစ်ဖက်တွင်၎င်းသည် ဤအသုံးပြုသူများထံမှ ၎င်းတို့၏ လွတ်လပ်မှုအပိုင်းအစတစ်ခုအား ဆွဲထုတ်သွားခဲ့သည်။ အများစုမှာ Windows Defender အား ရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့ကြခြင်းမှာ ၎င်းသည် အခြား install လုပ်ထားသောပရိုဂရမ်များနှင့် မကိုက်ညီသောကြောင့် ဖြစ်သည်။

"DisableAntiSpyware အား Microsoft Defender antivirus ရပ်ဆိုင်းရန် နှင့် အခြား antivirus ပစ္စည်းအားဖြန့်ကျက်ရန် OEM များ နှင့် အိုင်တီကျွမ်းကျင်ပညာရှင်များ အားဖြင့် အသုံးပြုရန်အတွက် ရည်ရွယ်ထားခြင်းဖြစ်သည်။ ဤအရာမှာ သင်မလိုအပ်တော့သည့် အရင် setting ဟောင်းတစ်ခုဖြစ်ရခြင်းမှာ Microsoft defender antivirus သည် အခြား antivirus ပရိုဂရမ်အား ထောက်လှမ်းမိလျှင် အလိုအလျောက် ပိတ်သွားသောကြောင့်ဖြစ်သည်။ ဤ setting မှာ သာမန်အသုံးပြုသူစက်များအတွက် ဒီဇိုင်းဆွဲထားခြင်းမဟုတ်ခဲ့ပေ၊ ထို့ကြောင့် ကျွန်ုပ်တို့မှ ဤ registry key အား ဖယ်လိုက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်" ဟု Microsoft ၏ Help စာမျက်နှာတွင် ဖတ်ရသည်။

ယခုတွင် အပြင် antivirus တစ်ခုအား install လုပ်ချိန် Windows Defender မှာ ၎င်းဖြစ်သင့်သည့် ၎င်းကိုယ်တိုင်ပိတ်သွားမည်ဆိုသည့် အချက်အပေါ် သင်ကံကောင်းရန်မျှော်လင့်သင့်သည်။ အကယ်၍ ဤအရာမှာ မဖြစ်ခဲ့လျှင် anti-virus နှစ်ခုမှာ တစ်ခုနှင့်တစ်ခု ကိုက်ညီမှုမရှိပဲထိခိုက်မိကြလိမ့်မည်။

အကယ်၍ သင် Windows Defender အား ရပ်ဆိုင်းရန် ဆက်လက်လိုချင်နေသေးလျှင် Bitdefender Total Security အား install လုပ်လိုက်ပါ။

Bitdefender ကို ရက် 30 အခမဲ့စမ်းသုံးပါ

သင့်စက်ပစ္စည်းအားလုံးအတွက် ဆုရ ကာကွယ်မှု

ယခုရယူပါ

အကူအညီလိုပါသလား။

ကျွန်ုပ်တို့၏ နည်းပညာရှင်များသည် 24/7 အသင့်ရှိပါသည်။

အကူအညီစာမျက်နှာသို့သွားပါ

ဆက်စပ်ဆောင်းပါးများ

Windows Defender အား ဘယ်လို အမြဲ ပိတ်ထားလို့ရမလဲ ?