Cyberpunk 2077 Exploit မှ အန္တရာယ်ပြုသူများအား ဂိမ်းကစားသူများ၏ ကွန်ပျူတာစက်များအပေါ် ထိန်းချုပ်မှုရရှိရန် အခွင့်ပေးခြင်း
ထုတ်ဝေသည့်ရက်: ၂၀၂၁ ဖေ ၃ · သတင်းခန်း · 1 မိနစ်ဖတ်ရန်

Cyberpunk 2077 ၏ ပရိုဂရမ်ရေးဆွဲသူများဖြစ်သော CD Projekt Red (CDPR) မှ ကွန်ပျူတာဂိမ်းကစားသူများအား ၎င်းတို့၏ ကွန်ပျူတာများပေါ်တွင် ခြိမ်းခြောက်သူများမှ arbitrary ကုဒ်ကို ဖြန့်ကျက်စေနိုင်သည့် အားနည်းချက်တစ်ခုကြောင့် mods နှင့် custom saves တို့အား ဒေါင်းလုတ်လုပ်ခြင်း မလုပ်မိကြရန် သတိပေးနေသည်။
ပိုလန် ဗီဒီယိုဂိမ်း ရေးဆွဲသူမှ exploit အတွက် ပြင်ဆင်မှုတစ်ခုအား မထုတ်ပြန်သေးမှီအထိ ကွန်ပျူတာဂိမ်းကစားသူများသည် mods အား ရှောင်ရှားသင့်သည်။
“အကယ်၍ သင်မှ @CyberpunkGame mods/custom saves အား ကွန်ပျူတာပေါ်တွင် သုံးရန်စီစဉ်ထားလျှင် caution အား အသုံးပြုပါ” ဟု CD Rrojekt Red မှ tweet တစ်ခုတွင် ပြောဆိုခဲ့သည်။ “ကျွန်ုပ်တို့မှ ကွန်ပျူတာများပေါ်တွင် ကုဒ် လုပ်ဆောင်ရာ၌ အသုံးပြုနိုင်သည့် ဂိမ်းမှ အသုံးပြုသော ပြင်ပ DLL ဖိုင်များထဲရှိ အားနည်းချက်တစ်ခုအား သတိပြုမိခဲ့သည်။ ဖြစ်ပျက်မှုအား အမြန်ဆုံး ပြင်ဆင်ဖြေရှင်းပေးပါမည်။ ယခုအခါမှာတော့ ကျေးဇူးပြုပြီး မသိသောရင်းမြစ်များထံမှ ဖိုင်များအား အသုံးပြုခြင်းထံမှ ရှောင်ရှားကြပါ။”
CyberPunk 2077 မှသုံးထားသော ပြင်ပ dynamic link library ဖိုင်များ (DLL) နှင့် ချိတ်ဆက်ထားသည့် အားနည်းချက်ဖြစ်ကြောင်း ပြောဆိုခဲ့သည့် cyberpunk အဖွဲ့အစည်းအသင်းဝင် PixelRick မှ Safe file exploit အား ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။
ဤ library မှ တချိန်တည်းတွင် များစွာသော ပရိုဂရမ်များကို သုံးနိုင်သည့် ကုဒ် နှင့် အချက်အလက်တို့ ပါဝင်သည်။ အားနည်းချက်မှ ဟက်ကာများအား သေချာသော ဂိမ်း mods အတွင်း အန္တရာယ်ရှိသော ကုဒ်အား ဖုံးကွယ်၊ လုပ်ဆောင်ခွင့်ပြုခြင်းဖြင့် မလုပ်ဆောင်နိုင်သော ဖိုင်များအား လုပ်ဆောင်စေနိုင်သည်။
“သင်မှ အချက်အလက်ဖိုင် mods သည် အန္တရာယ်ကင်းကြောင်း ယုံကြည်သင့်ပြီး ယေဘုယျတွင် လုပ်ဆောင်နိုင်မှုများအပေါ်တွင်သာ သံသယရှိသင့်သည်” ဟု Eurogamer နှင့် အင်တာဗျူးတစ်ခုတွင် PixelRick မှ ပြောဆိုခဲ့သည်။ “ဤအားနည်းချက်မှ ပြင်ဆင်ချက်မတိုင်ခင်အထိ ဤဂိမ်းအတွက် မည်သည့်ပြုပြင်ထားသော အချက်အလက်ဖိုင် ကိုမဆို အမှန်တကယ် ယုံကြည်ရန် မဖြစ်နိုင်စေသည်။” Cyber Engine Tweaks ၏ နောက်ဆုံးဗားရှင်းတွင် အားနည်းချက်အတွက် ပြင်ဆင်မှုတစ်ခု ပါကြောင်း ပြောဆိုထားသည့်တိုင် ဂိမ်းရေးဆွဲသူများထံမှ ထပ်ဆင့် အကြောင်းကြားချက် မရမှီအထိ မည်သည့်ပြုပြင်ထားသော Cyberpunk 2077 ဂိမ်းများကိုမဆို ကစားရန် ကြိုးစားခြင်းထံမှ ရပ်ထားရန် အကောင်းဆုံးဖြစ်သည်။
ဆက်စပ်ဆောင်းပါးများ

Scam Alert: Fraudsters Impersonate Bitdefender in Fake Job Interviews
ထုတ်ဝေသည့်ရက်: ၂၀၂၅ နို ၂၅
ဆောင်းပါးဖတ်ရန်
CyberSec Vietnam Conference 2024
ထုတ်ဝေသည့်ရက်: ၂၀၂၄ အောက် ၁၈
ဆောင်းပါးဖတ်ရန်
VPN အသုံးပြုခြင်း၏ အရေးကြီးမှု: ကိုယ်ပိုင်စရိတ္တနှင့် လုံခြုံမှုတိုးတက်အောင်အကောင်းမြင်ရန်
ထုတ်ဝေသည့်ရက်: ၂၀၂၄ ဩ ၂၀
ဆောင်းပါးဖတ်ရန်
Bitdefender သည် ဘန်ကောက်တွင် ကျင်းပသည့် SIS Technology Showcase 2024 တွင် ရောင်ပြန်လင်းနေသည်
ထုတ်ဝေသည့်ရက်: ၂၀၂၄ ဩ ၁၅
ဆောင်းပါးဖတ်ရန်