Cyberpunk 2077 ရေးဆွဲသူမှာ Ransomware အားဖြင့် ထိုးနှက်ခံရခြင်း၊ ဟက်ကာများမှ အချက်အလက်များ ခိုးယူခဲ့သော်လည်း ကုမ္ပဏီဖက်မှ တုံ့ပြန်လိမ့်မည်မဟုတ်
ထုတ်ဝေသည့်ရက်: ၂၀၂၁ ဖေ ၁၁ · သတင်းခန်း · 1 မိနစ်ဖတ်ရန်

ပိုလန်နိုင်ငံ အခြေစိုက် ဂိမ်း ရေးဆွဲသူ၊ ထုတ်လုပ်ဖြန့်ချီသူတစ်ဦးဖြစ်သည့် CD Projekt Red မှ ဟက်ကာများသည် ၎င်း၏စနစ် အနည်းငယ်အပေါ် အလဲအလှယ်လုပ်ရန် ransomware သုံးခဲ့ပြီး ဖြစ်စဉ်တွင် အချက်အလက်အချို့အား ခိုးယူခဲ့ကြောင်း ကြေငြာခဲ့သည်။ ကုမ္ပဏီမှ ၎င်းမှာ တောင်းဆိုမှုများအပေါ် လိုက်နာလိမ့်မည်မဟုတ်ကြောင်း ပြောဆိုထားသည်။
The Witcher franchise နှင့် မကြာသေးမီကမှ ထုတ်လုပ်ဖြန့်ချီခဲ့သော Cyberpunk 2077 ဂိမ်း တို့ဖြင့် လူသိများသော CD Projekt Red မှ Twitter ပေါ်တွင် တိုက်ခိုက်မှု အသေးစိတ်အချို့အား မျှဝေခဲ့သည်၊ သို့သော် ၎င်းတို့ဖက်မှ ထိုသူတို့အား မသိသည်မှာ ဖြစ်နိုင်ချေရှိသော်လည်း အချို့သတင်းအချက်အလက်များအား ထိန်ချန်ထားခဲ့သည်။ သို့ဖြစ်သည့်တိုင် ကုမ္ပဏီဖက်မှ ချိုးဖောက်မှုအကြောင်း အလွန်ပွင့်လင်းမြင်သာစေခဲ့ပြီး တရားဝင် လမ်းကြောများတွင် ပုံမှန်မဟုတ်သည့် ဟက်ကာ၏ မက်ဆေ့ချ်များကိုပင် ပို့စ်တင်ပေးခဲ့သည်။
တိုက်ခိုက်သူများမှ ၎င်းတို့သည် CD Projekt Red ဆာဗာများအားလုံးကို စကားဝှက်ပြုထားပြီဖြစ်ပြီး စာရင်းစစ်၊ အုပ်ချုပ်မှုပိုင်းဆိုင်ရာ၊ တရားရေးရာ၊ လူ့စွမ်းအားအရင်းအမြစ်၊ ရင်းနှီးမြှုပ်နှံသူ ဆက်နွှယ်မှုများ နှင့် ပိုသောအကြောင်းအရာများနှင့် ဆက်စပ်နေသည့် စာရွက်စာတမ်းများကို ခိုးယူခဲ့ကြောင်း ပြောဆိုထားသည်။ ထိုအရာမှာ မည်မျှမှန်ကန်ကြောင်းအပေါ် ရှင်းရှင်းလင်းလင်းမသိရှိရသေးပေ။ ကုမ္ပဏီဖက်မှ ကွန်ယက်ပေါ်ရှိ စက်အချို့သာလျှင် စကားဝှက်ပြုခြင်းခံခဲ့ရပြီး backup များမှာ လုံခြုံမှုရှိကြောင်း ပြောဆိုထားသည်။ ပြန်လည်ရယူခြင်း ဖြစ်စဉ်အား ပြုလုပ်နေပြီဖြစ်သည်။
ကုမ္ပဏီမှ Twitter ပေါ်တွင်လည်း ၎င်းတို့ သိမှတ်နိုင်သမျှဆိုလျှင် ကစားသမားများနှင့် သက်ဆိုင်သော မည်သည့် ကိုယ်ရေးကိုယ်တာအချက်အလက်မှ ယိုစိမ့်မှု မရှိခဲ့ကြောင်း ပြောဆိုခဲ့ပြီး ထိုအရာမှာ ဤအဖြစ်အပျက်တွင် အကောင်းမြင်မှုသာလျှင် ဖြစ်ပုံပေါ်သည်။
Ransomware အုပ်စုများသည် လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း ၎င်းတို့ လုပ်ဆောင်သည့် နည်းလမ်းအား ပြောင်းလဲလာခဲ့ပြီး ယခုတွင် ၎င်းတို့သည် ခိုးယူထားသော အချက်အလက်များနှင့်အတူ ခံရသူထံ ခြိမ်းခြောက်စာ လည်းပို့လာသည်။ ၎င်းမှာ backup များရရှိနိုင်သည့် ခံရသူတစ်ဦးအတွက် ပြဿနာရှိနိုင်သည့် အခြေအနေဖြစ်သည်။
CD Projekt Red သည် သက်ဆိုင်ရာတာဝန်ရှိသူများထံ အကြောင်းကြားခဲ့ပြီး စုံစမ်းစစ်ဆေးနေသည်။ ယခုတွင် ကုမ္ပဏီဖက်မှ ၎င်းတို့အနေနှင့် တောင်းဆိုမှုများအပေါ် တုံ့ပြန်လိမ့်မည်မဟုတ်ဘဲ ကူးစက်ခံရသူများအားလုံးအား ဖြစ်နိုင်ချေ အချက်အလက်ယိုစိမ့်မှုများအတွက် ရင်ဆိုင်ရန် ညွှန်ကြားထားကြောင်း ပြောဆိုထားသည်။
ဆက်စပ်ဆောင်းပါးများ

Scam Alert: Fraudsters Impersonate Bitdefender in Fake Job Interviews
ထုတ်ဝေသည့်ရက်: ၂၀၂၅ နို ၂၅
ဆောင်းပါးဖတ်ရန်
CyberSec Vietnam Conference 2024
ထုတ်ဝေသည့်ရက်: ၂၀၂၄ အောက် ၁၈
ဆောင်းပါးဖတ်ရန်
VPN အသုံးပြုခြင်း၏ အရေးကြီးမှု: ကိုယ်ပိုင်စရိတ္တနှင့် လုံခြုံမှုတိုးတက်အောင်အကောင်းမြင်ရန်
ထုတ်ဝေသည့်ရက်: ၂၀၂၄ ဩ ၂၀
ဆောင်းပါးဖတ်ရန်
Bitdefender သည် ဘန်ကောက်တွင် ကျင်းပသည့် SIS Technology Showcase 2024 တွင် ရောင်ပြန်လင်းနေသည်
ထုတ်ဝေသည့်ရက်: ၂၀၂၄ ဩ ၁၅
ဆောင်းပါးဖတ်ရန်