ဆိုက်ဘာဒုစရိုက်သမားများသည် ကိုဗစ်-၁၉ ကာကွယ်ဆေး Phishing အီးမေးလ်များ ဖြန့်ဝေရန် ယူကေ၏ အမျိုးသား ကျန်းမာရေး ဝန်ဆောင်မှု အဖြစ်အယောင်ဆောင်ခြင်း
ထုတ်ဝေသည့်ရက်: ၂၀၂၁ ဇန် ၂၇ · သတင်းခန်း · 1 မိနစ်ဖတ်ရန်

ယူကေ၏ အမျိုးသား ကျန်းမာရေး ဝန်ဆောင်မှု (NHS) အယောင်ဆောင်ထားသော အလိမ်အညာသမားများသည် နိုင်ငံသားများအား အမျိုးစုံသော phishing အီးမေးလ်များမှတဆင့် ၎င်းတို့၏ ကိုယ်ရေးကိုယ်တာ သတင်းအချက်အလက်များ ပေးခြင်းအပေါ် လှည့်စားရန် ကိုဗစ်-၁၉ ကာကွယ်ဆေး လှုံ့ဆော်မှုကို တက်တက်ကြွကြွ အမြတ်ထုတ်နေကြသည်။
လှုံ့ဆော်မှုမှာ scam လက်ခံရရှိသူများ၏ Twitter ပို့စ်မျိုးစုံထဲတွင် မြင်ရသည့်အတိုင်း ဇန်နဝါရီလ ၂၅ ရက်နေ့တွင် အစပြုခဲ့ပုံ ပေါ်သည်။
Phishing အီးမေးလ် ဗားရှင်းတစ်ခုတွင် အသုံးပြုသူများသည် သင့်တော်သည့်လင့်ခ်အား ရယူခြင်းဖြင့် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးအား အတည်ပြု သို့မဟုတ် ငြင်းဆိုရန် မေးခြင်း ခံရကြသည်။
၎င်းတို့ မည်သည့်အရာအား ရွေးချယ်မိစေကာမူ လင့်ခ်များသည် ၎င်းတို့အား NHS ပေ့ချ် အတုတစ်ခုထံသို့ ခေါ်ဆောင်သွားပြီး သင့်အမည်၊ ‘မိသားစုအမည်’၊ အိမ်လိပ်စာ၊ မွေးနေ့သက္ကရာဇ်၊ ဖုန်းနံပါတ် နှင့် ခရက်ဒစ်ကတ် အသေးစိတ်များပင်ပါသည့် ကိုယ်ရေးကိုယ်တာ သတင်းအချက်အလက်များကို မေးသည်။
“ကျွန်တော်လည်း အီးမေးလ်ကတဆင့် ဒီဟာကိုရခဲ့တယ်။ တကယ် အစစ်လို့ထင်ရပြီး သင့်ကိုခေါ်သွားမယ့် ဆိုဒ်ကလည်း တကယ့်အတိုင်းဘဲ” ဟု Twitter အသုံးပြုသူတစ်ဦးမှ ပြောဆိုခဲ့သည်။ “ဒါပေမယ့် သူတို့က ဘဏ်ကဒ်အသေးစိတ်ကိုမေးတယ်! အထူးသဖြင့် ကျွန်တော်တို့ကို အီးမေးလ်၊ စာ ဒါမှမဟုတ် စာတိုက်ကတဆင့် ဘွတ်ကင်လုပ်ဖို့ ဆက်သွယ်နိုင်တယ်ဆိုတာကို ကျွန်တော်တို့ ဖတ်ရတဲ့အချိန် ဒီအရာက တော်တော်ခက်ခဲတယ်။”
NHS COVID-19 phishing email
အီးမေးလ်ပုံစံမှာ တရားဝင်ပုံပေါ်သော်လည်း အခြားအသုံးပြုသူမှ သံသယဖြစ်ဖွယ် အီးမေးလ်လိပ်စာတစ်ခုအား အီးမေးလ်၏ CC အကွက်ထဲတွင်ထည့်လိုက်သည်ကို သတိပြုမိခြင်းဖြင့် အလံအနီတစ်ခုကို ထောက်ပြခဲ့သည်။
“ကျွန်တော့်ဇနီးလည်း ဒီအရာကို ရရှိခဲ့တယ်” ဟု ထိုသူမှ ပြောဆိုခဲ့သည်။ “လူအများ ကာကွယ်ဆေး ထိုးနိုင်ဖို့ စိတ်ပူပန်နေကြတဲ့ ဒီလိုအချိန်မှာ လူတွေ ဒီနည်းလမ်းကို သုံးနေကြတာ မယုံကြည်နိုင်လောက်အောင်ပါဘဲ။ ကျွန်တော်တို့ CC စာရင်းထဲက အီးမေးလ်လိပ်စာကို မတွေ့ခင်ထိ ၎င်းက အလွန် တရားဝင်ပုံ ပေါက်ခဲ့တယ်။”
NHS မှ လူအများအား ကိုဗစ်-၁၉ ကာကွယ်ဆေးမှာ အခမဲ့ဖြစ်ကြောင်း သေချာစေရင်း အလိမ်အညာ အီးမေးလ်များနှင့် ပတ်သက်သည့် သတင်းများအပေါ် အလျင်အမြန် တုံ့ပြန်ပေးခဲ့သည်။
အေဂျင်စီမှ နိုင်ငံသားများအား ပတ်စ်ပို့မိတ္တူများ၊ ယာဉ်မောင်းလိုင်စင်၊ အသုံးစာရင်းများ နှင့် ဘဏ်အသေးစိတ်တို့ အပါအဝင် ၎င်းတို့၏ အထောက်အထားအား သက်သေပြသည့် မည်သည့် စာရွက်စာတမ်းမဆို ဖော်ပြရန် သို့မဟုတ် ကာကွယ်ဆေးအတွက် စာရင်းပေးရန်တို့ မလိုအပ်ကြောင်း ရှင်းပြရင်း အလိမ်အညာအား ထောက်ပြဖို့ရာ စစ်ဆေးရမည့်စာရင်း တစ်ခုကိုလည်း ပေးခဲ့သည်။
ယူကေ အစိုးရ အေဂျင်စီများမှ ကြေငြာသည့် လူထုအသိပေး လှုံ့ဆော်မှုများရှိသည့်တိုင် နိုင်ငံသားအချို့မှာ လှည့်ဖျားသည့် အွန်လိုင်း ဖောင်ပုံစံများမှတဆင့် ကိုယ်ရေးကိုယ်တာ နှင့် ငွေကြေးဆိုင်ရာ သတင်းအချက်အလက်များ ပေးမိရင်း အလိမ်အညာသမားများ၏ သားကောင်အဖြစ် ကျဆင်းသွားကြသည်။
ပေးလိုက်သည့် မည်သည့်သတင်းအချက်အလက်မဆို အထောက်အထားသူခိုး နှင့် အလိမ်အညာ - ဆက်နွှယ်သည့် ဒုစရိုက်မှုများအပေါ် အားပေးအားမြှောက်ပြုလိမ့်မည်ဟု ယူဆရင်း ခံရသူများမှာ သင့်လျော်သည့် ယူကေ အစိုးရ အေဂျင်စီများနှင့် ရဲဌာနထံ အကြောင်းကြားသင့်သည်။ သင့် ခရက်ဒစ်ကတ်များ၊ ယာဉ်မောင်း လိုင်စင် သို့မဟုတ် ပတ်စ်ပို့ ထုတ်ခြင်းအပေါ် တာဝန်ရှိသည့် အဖွဲ့အစည်းထံ ခိုးယူခံရသည့် မည်သည့် စာရွက်စာတမ်းများကိုမဆို သတင်းပို့ပါ။ မည်သည့် အလိမ်အညာငွေချေမှုများအတွက် သင့် ခရက်ဒစ်ကတ် စာရင်းချုပ်များ နှင့် ဘဏ်အကောင့်များအား ပြန်လည်စီစစ်ပါ။
ဆက်စပ်ဆောင်းပါးများ

Scam Alert: Fraudsters Impersonate Bitdefender in Fake Job Interviews
ထုတ်ဝေသည့်ရက်: ၂၀၂၅ နို ၂၅
ဆောင်းပါးဖတ်ရန်
CyberSec Vietnam Conference 2024
ထုတ်ဝေသည့်ရက်: ၂၀၂၄ အောက် ၁၈
ဆောင်းပါးဖတ်ရန်
VPN အသုံးပြုခြင်း၏ အရေးကြီးမှု: ကိုယ်ပိုင်စရိတ္တနှင့် လုံခြုံမှုတိုးတက်အောင်အကောင်းမြင်ရန်
ထုတ်ဝေသည့်ရက်: ၂၀၂၄ ဩ ၂၀
ဆောင်းပါးဖတ်ရန်
Bitdefender သည် ဘန်ကောက်တွင် ကျင်းပသည့် SIS Technology Showcase 2024 တွင် ရောင်ပြန်လင်းနေသည်
ထုတ်ဝေသည့်ရက်: ၂၀၂၄ ဩ ၁၅
ဆောင်းပါးဖတ်ရန်