Ransomware တိုက်ခိုက်မှုတစ်ခုကြောင့် ကိုဗစ်-၁၉ ဆေးဝါး စမ်းသပ်မှုများ နှေးကွေးသွားခဲ့ခြင်း
ထုတ်ဝေသည့်ရက်: ၂၀၂၀ အောက် ၉ · သတင်းခန်း · 1 မိနစ်ဖတ်ရန်

ဇီဝဆေးပညာဆိုင်ရာနယ်ပယ်တွင် အသုံးပြုသည့် ဆော့ဖ်ဝဲ ရေးသားတည်ဆောက်ပေးပြီး ဆေးဖက်ဆိုင်ရာဝန်ဆောင်မှုများ ပေးနေသည့် ကုမ္ပဏီတစ်ခုဖြစ်သော eResearchTechnology မှာ စက်တင်ဘာလ ၂၀ ရက်နေ့တွင် ransomware တစ်ခုအားဖြင့် တိုက်ခိုက်ခြင်းခံခဲ့ရသည်။ ကမ္ဘာတဝှမ်း ကိုရိုနာဗိုင်းရပ်စ် သုတေသနတွင် ပါဝင်ပတ်သက်သည့် ကုမ္ပဏီများအားဖြင့် ၎င်း၏ tool အား ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုမှုကြောင့် တိုက်ခိုက်မှုသည် သုတေသနအပေါ် နှေးကွေးမှုဖြစ်ပေါ်စေခဲ့သည်။
လူအများမှာ ကိုဗစ်-၁၉ သုတေသန, အထူးသဖြင့် ဆေးဝါးများနှင့် လျင်မြန်သောဆေးစစ်မှုများ နှင့်ဆက်ဆိုင်သည့် မည်သည့်တိုးတက်မှုအသစ်ကိုမဆို စိတ်အားထက်သန်စွာ စောင့်မျှော်နေကြသည်။ ဆိုက်ဘာဒုစရိုက်သမားများမှာမူ အခြားအကြံအစည်များ ရှိနေလေ့ရှိပြီး ထိုသူတို့သည် အရေးကြီးလုပ်ဆောင်မှုများတွင် ပါဝင်ပတ်သက်သည့်လုပ်ငန်းများအပေါ် မကြာခဏတိုက်ခိုက်လေ့ရှိသည်။ Ransomware အား ဤအခြေအနေများတွင် ထည့်သွင်းအသုံးချလေ့ရှိသည်မှာ ထိုကဲ့သို့သောအဖွဲ့အစည်းများသည် ပြန်ရွေးခပေးရန် ဖြစ်နိုင်ချေပိုမိုရှိသောကြောင့်ဖြစ်သည်။
ကုမ္ပဏီမှ ကနဦးတိုက်ခိုက်မှုအပေါ် သတင်းပေးပို့ခဲ့ခြင်းမရှိဘဲ အသေးစိတ်အချက်အလက်များသည် New York Times အစီရင်ခံစာတစ်စောင်တွင်သာ ပေါ်ထွက်လာခဲ့သည်။ ERT ၏ဈေးကွက်ရှာဖွေရေး ဒုတိယဥက္ကဌ Drew Bustos မှ ransomware တိုက်ခိုက်မှုသည် စက်တင်ဘာလ ၂၀ ရက်နေ့တွင်ဖြစ်ပွားခဲ့ပြီးနောက် ၎င်းတို့သည် လုံခြုံရေးကျွမ်းကျင်သူများအား ခေါ်ယူခဲ့ပြီး အက်ဖ်ဘီအိုင်သို့ အကြောင်းကြားခဲ့ကြောင်း ဝန်ခံခဲ့သည်။
eResearchTechnology သည် ကိုရိုနာဗိုင်းရပ်စ် ဆေးဝါးများ နှင့် ကုထုံးများ စမ်းသပ်ရှာဖွေရာတွင် တက်တက်ကြွကြွပါဝင်ကြသည့် ကုမ္ပဏီများ အပါအဝင် မြောက်မြားစွာသော ဆေးဖက်ဆိုင်ရာ စမ်းသပ်လုပ်ဆောင်ချက်များတွင် အသုံးပြုသည့် ဆော့ဖ်ဝဲအား ထုတ်လုပ်သည်။ ထိုအရာတွင် AstraZeneca ၏ ကိုဗစ်ဆေးဝါးစမ်းသပ်မှုအား ထိန်းချုပ်သည့်အဖွဲ့အစည်းတစ်ခုဖြစ်သော IQVIA နှင့် မြန်ဆန်သောစစ်ဆေးချက်တစ်ခုအပေါ် စမ်းသပ်လုပ်ဆောင်နေသည့် ဆေးဝါးဆိုင်ရာကုမ္ပဏီတစ်ခုဖြစ်သော Bristol Myers Squibb တို့ပါရှိသည်။
Bustos မှလည်း စနစ်များမှာ နောက်ဆုံး အွန်လိုင်းတွင် ပြန်လည်ပေါ်လာနေပြီဖြစ်ပြီး ရက်အနည်းငယ်အတွင်း လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ဆိုလိုသည်မှာ ပြဿနာဖြေရှင်းရန် ရက်သတ္တပတ် ၂ ပတ်ကျော် ကြာမြင့်ခဲ့ရသည်။ ကုမ္ပဏီမှ ပြန်ရွေးခ ပေးခဲ့ခြင်းရှိမရှိ သို့မဟုတ် ဝန်ဆောင်မှုများပြန်လည်ရရှိနိုင်ခဲ့ရန် အခြားမည်သည့်နည်းလမ်းများသုံးခဲ့ခြင်း ရှိမရှိအပေါ် ရှင်းလင်းမှုမရှိပေ။
ဆိုက်ဘာလုံခြုံရေးအဖြစ်အပျက်များမှ စမ်းသပ်မှုများ နှင့် ကုထုံးများ၏ တိုးတက်မှုအပေါ် ရပ်တန့်နိုင်ခဲ့ခြင်း မရှိသော်လည်း ၎င်းမှာ နှေးကွေးမှုတစ်ခုကိုတော့ ဖြစ်စေခဲ့ပုံရသည်။ Ransomware တိုက်ခိုက်မှုများမှာ Pfizer နှင့် Johnson & Johnson တို့ကဲ့သို့ အခြားဆေးဝါးစမ်းသပ်မှုများအပေါ် အကျိုးသက်ရောက်မှုမရှိခဲ့ပေ။
ဝမ်းနည်းစရာပင် ဤအရာမှာ ဆိုက်ဘာလုံခြုံရေးအဖြစ်အပျက်တစ်ခုသည် ကိုဗစ်-၁၉ ဆေးဝါး တိုးမြှင့်လုပ်ဆောင်မှုအပေါ် နှောင့်နှေးစေသည်မှာ ပထမဆုံးအကြိမ် မဟုတ်ပေ။ လွန်ခဲ့သော လအနည်းငယ်ကပင် ကိုဗစ်-၁၉ သုတေသနတွင် ပါဝင်သော US, UK နှင့် Canada မှအဖွဲ့အစည်းများအား ပစ်မှတ်ထားနေသည့် APT29 ၏ မကြာသေးမီက လုပ်ရပ်များနှင့်စပ်လျဉ်းပြီး NCSC, CSE, DHS CISA နှင့် NSA တို့ပါဝင်သည့် ဥပဒေစိုးမိုးရေးအေဂျင်စီများမှ ပူးပေါင်းအကြံပေးချက်တစ်ရပ်ကို ထုတ်ပြန်ပေးခဲ့သည်။
ဆက်စပ်ဆောင်းပါးများ

Scam Alert: Fraudsters Impersonate Bitdefender in Fake Job Interviews
ထုတ်ဝေသည့်ရက်: ၂၀၂၅ နို ၂၅
ဆောင်းပါးဖတ်ရန်
CyberSec Vietnam Conference 2024
ထုတ်ဝေသည့်ရက်: ၂၀၂၄ အောက် ၁၈
ဆောင်းပါးဖတ်ရန်
VPN အသုံးပြုခြင်း၏ အရေးကြီးမှု: ကိုယ်ပိုင်စရိတ္တနှင့် လုံခြုံမှုတိုးတက်အောင်အကောင်းမြင်ရန်
ထုတ်ဝေသည့်ရက်: ၂၀၂၄ ဩ ၂၀
ဆောင်းပါးဖတ်ရန်
Bitdefender သည် ဘန်ကောက်တွင် ကျင်းပသည့် SIS Technology Showcase 2024 တွင် ရောင်ပြန်လင်းနေသည်
ထုတ်ဝေသည့်ရက်: ၂၀၂၄ ဩ ၁၅
ဆောင်းပါးဖတ်ရန်