ကိုဗစ်-၁၉ နှင့်ဆက်စပ်သည့်အီးမေးလ်များမှာ Phishing လှုံ့ဆော်မှုလုပ်ရပ်များတွင် ဆက်လက်ပျံ့နှံ့လျက်ရှိနေခြင်း
ထုတ်ဝေသည့်ရက်: ၂၀၂၀ အောက် ၁၅ · သတင်းခန်း · 1 မိနစ်ဖတ်ရန်

ကိုရိုနာဗိုင်းရပ်စ် နှင့်ဆက်စပ်သည့်အီးမေးလ်ခေါင်းစဉ်များသည် phishing လှုံ့ဆော်မှုလုပ်ရပ်များတွင် ဆက်လက်လွှမ်းမိုးလျက်ရှိကာ အဓိကခြိမ်းခြောက်မှုအနေဖြင့် ရှိနေသေးပြီး phishing အီးမေးလ်များ၏ ထက်ဝက်ကျော်တွင် ကိုဗစ်-၁၉ ကပ်ရောဂါ နှင့် ဆက်စပ်သည့်အချက်အလက်အချို့ ပါဝင်နေသည်။
Phishing လှုံ့ဆော်မှုလုပ်ရပ်များသည် ဆိုက်ဘာဒုစရိုက်သမားများမှ ကိုယ်ရေးအချက်အလက်များ ခိုးယူရန် သို့မဟုတ် စက်များအား malware ကူးစက်စေရန်အတွက် အဓိကတိုက်ခိုက်မှုတွန်းအားတစ်ရပ်အဖြစ် ကိုယ်စားပြုသည်။ ကပ်ရောဂါဆိုးသည် ဤဒုစရိုက်သမားများအတွက် ရွှေတွင်းတစ်တွင်းသဖွယ် သက်သေပြနေပြီး ဤအကြောင်းအရာနှင့်ပတ်သက်သည့် သတင်းအချက်အလက်များအပေါ် လူအများ၏တောင့်တမှုမှာလည်း တစ်နေ့ထက်တစ်နေ့ တိုးမြှင့်လာနေသည်။
“တတိယသုံးလပတ်လုံးခြုံကြည့်လျှင် ကိုရိုနာဗိုင်းရပ်စ် နှင့်ဆက်စပ်သည့် မက်ဆေ့ချ်တစ်စောင်ဖြင့် အစမ်း phishing စမ်းသပ်မှုများမှာ စုစုပေါင်း ၅၀% နှင့်အတူ နာမည်အကြီးဆုံးဖြစ်ခဲ့သည်” ဟု အစီရင်ခံစာ မှဖော်ပြထားသည်။ “လူမှုကွန်ယက်မီဒီယာ မက်ဆေ့ချ်များမှာ phishing နှင့်ပတ်သက်လာလျှင် နောက်ထပ်စိုးရိမ်ရဖွယ်ကိစ္စ ဖြစ်ပြီး LinkedIn phishing မက်ဆေ့ချ်များမှာ ၄၇% ၌ နံပါတ်တစ်နေရာကိုင်စွဲရင်း သတိပြုရန် ထိပ်ဆုံး လူမှုကွန်ယက်မီဒီယာအီးမေးလ်အကြောင်းအရာ အနေနှင့် လွှမ်းမိုးထားသည်။”
ရပ်ဝေးအလုပ်လုပ်ခြင်းသည်လည်း phishing လှုံ့ဆော်မှုများအတွက် ပြန့်နှံ့လွယ်မည့်နေရာကို ပေးထားသည်မှာ လူအများသည် နေအိမ်တွင် အလွန်အမင်းပေါ့လျော့စွာနေနေကြပြီး လုပ်ဖော်ကိုင်ဖက်များ သို့မဟုတ် အိုင်တီဌာနမှ တရားဝင်အီးမေးလ်များ အယောင်ဆောင်ထားသည့် အီးမေးလ်များအပေါ်သတိမမူကြခြင်းကြောင့်ဖြစ်သည်။
KnowBe4 သည် အီးမေးလ်အကြောင်းအရာများ၏ ထိပ်တန်း ၁၀ ခု အား စုစည်းခဲ့ပြီး ၎င်းမှ ရှင်းရှင်းလင်းလင်းပြနေသည်မှာ ထိုအရာများထဲမှအများစုသည် ပုံမှန်အသုံးပြုသူများကို ရည်ရွယ်သည်မဟုတ်ဘဲ အမှန်စစ်စစ် ဝန်ထမ်းများအား ဦးတည်ထားနေသည် -
- Microsoft: သင့် Microsoft 365 Business Basic ငွေတောင်းခံလွှာ ကြည့်ရန်
- ဝန်ထမ်းရေးရာ : ကပ်ရောဂါ ပေါ်လစီ နောက်ဆုံးထုတ်ပြန်ချက်
- အိုင်တီ : ရပ်ဝေး ရယူမှု လုပ်ငန်းတည်ဆောက်ပုံ
- ဖေ့စ်ဘုတ် : အကောင့် သတိပေးချက်
- သင့် ပတ်စပို့ သက်တမ်းကုန်ဆုံးရက် စစ်ရန်
- TeleMed ချိန်းဆိုမှု သတိပေးချက်
- Twitter: သင့် အထောက်အထား အတည်ပြုရန်
- Apple: ကျွန်ုပ်တို့၏ အိုင်ဖုန်း ၁၂ စမ်းသပ်မှုတွင် ပါဝင်ရန် နှင့် အိုင်ဖုန်း ၁၂ အခမဲ့ ရယူနိုင်ရန်အခွင့်အရေးအတွက် ဝင်ရောက်ရန်
- [[email]] အတွက် Exchange ActiveSync ဝန်ဆောင်မှုအား ရပ်တန့်ရန်
- ဝန်ထမ်းရေးရာ : အကျိုးခံစားခွင့် အစီရင်ခံချက်
နေအိမ်မှ အလုပ်လုပ်သူများမှာ ကုမ္ပဏီအတွင်းပိုင်းမှ လာသည်ဟု ထင်ရသည့် အီးမေးလ်များ ဖွင့်ဖတ်ချိန် အမြဲ သတိထားရှိသင့်သည်။ အကယ်၍ အီးမေးလ်တစ်စောင်မှာ သံသယရှိသည်ဟုထင်ရလျှင် အိုင်တီဌာနသို့ ချက်ချင်းသတင်းပို့ခြင်းအားဖြင့် အကယ်၍ ၎င်းမှာ အလိမ်အညာဖြစ်ကြောင်း သက်သေပြလျှင် အခြားသူများလည်း မှားယွင်းစွာဖွင့်ဖတ်မိလိမ့်မည် မဟုတ်တော့ပေ။
ဆက်စပ်ဆောင်းပါးများ

Scam Alert: Fraudsters Impersonate Bitdefender in Fake Job Interviews
ထုတ်ဝေသည့်ရက်: ၂၀၂၅ နို ၂၅
ဆောင်းပါးဖတ်ရန်
CyberSec Vietnam Conference 2024
ထုတ်ဝေသည့်ရက်: ၂၀၂၄ အောက် ၁၈
ဆောင်းပါးဖတ်ရန်
VPN အသုံးပြုခြင်း၏ အရေးကြီးမှု: ကိုယ်ပိုင်စရိတ္တနှင့် လုံခြုံမှုတိုးတက်အောင်အကောင်းမြင်ရန်
ထုတ်ဝေသည့်ရက်: ၂၀၂၄ ဩ ၂၀
ဆောင်းပါးဖတ်ရန်
Bitdefender သည် ဘန်ကောက်တွင် ကျင်းပသည့် SIS Technology Showcase 2024 တွင် ရောင်ပြန်လင်းနေသည်
ထုတ်ဝေသည့်ရက်: ၂၀၂၄ ဩ ၁၅
ဆောင်းပါးဖတ်ရန်