ကိုရိုနာဗိုင်းရပ်စ် အလုပ်ခေါ်စာများ နှင့် ငွေကြေးခဝါချခြင်းလုပ်ရပ်များ
ထုတ်ဝေသည့်ရက်: ၂၀၂၀ မတ် ၂၄ · သတင်းခန်း · 1 မိနစ်ဖတ်ရန်

ဒုစရိုက်သမားများမှာ ကျွန်ုပ်တို့အား အမြဲအံ့အားသင့်စေသည်။ အကယ်၍ လတ်တလော အဖြစ်အပျက်က သင့်အား အလုံအလောက်အံ့အားသင့်မှုမဖြစ်စေသေးလျှင် - အလိမ်အညာသမားများ၏ ကိုဗစ်-၁၉ ခြောက်လှန့်မှုအတွက် ငွေလိမ်ခံလိုက်ရသည့်သူတစ်ယောက်အနေနှင့် သင့်ကိုယ်သင် ပုံဖော်ကြည့်ကြည့်ပါ။
လူအများအပြားမှာ ၎င်းတို့၏ဘဝများ လုံးဝပြောင်းလဲခံလိုက်ရသည့်အပြင် ၎င်းတို့၏အလုပ်များ ဆက်လက်ရှိနေသေးရန် အဝေးမှအလုပ်လုပ်ရခြင်းအပေါ်မှာလည်း ကောင်းစွာ မဖြေရှင်းနိုင်ခဲ့ပေ။ အိမ်မှအလုပ်လုပ်ခြင်း ကိုရှာဖွေနေသော ထိုသူများမှာ ၎င်းတို့ကိုယ်တိုင် ငွေကြေးခဝါချခြင်းလုပ်ရပ်တစ်ခု၏ အပေါင်းပါတစ်ခု အနေဖြင့် ပါသွားနိုင်သည်။
သင် ကုသိုလ်ပြုချင်စိတ် ဖြစ်နေပါသလား ?
လိမ်ညာစားနေသော ဝက်ဘ်ဆိုဒ်အများအပြားမှာ ကိုရိုနာဗိုင်းရပ်စ် ရုတ်တရက်ဖြစ်ပွားမှုကို လိုက်၍ နေ့ချင်းညချင်းပင် ပွားများလာကြသည်။ သို့သော်လည်း ယခုအခါမှာ လူလိမ်များက သင့်အား မည်သည့်လက်ဆေးရည် သို့မဟုတ် အကျပ်အတည်းအပေါ် နောက်ဆုံးသတင်းများ ကို ပေးမည်မဟုတ်ပေ။ တရားဝင်လူမှုကယ်ဆယ်ရေးအဖွဲ့အစည်းတစ်ခု အသွင်ယူထားသော လိမ်ညာသူများမှာ ကနဦးအဆင့်တွင် ကွင်းဆင်းလုပ်ငန်းများကိုလုပ်ရန် လိုအပ်သော အွန်လိုင်း ဧည့်ဝန်ဆောင်မှုကိုယ်စားလှယ်များကို အလုပ်ခေါ်နေကြသည်။ ဤအဖွဲ့အစည်းအတုမှာ ကမ္ဘာတဝှမ်းမှ အကျိုးမဖက်အဖွဲ့အစည်းများကိုကူညီပေးသော တရားဝင် ကမ္ဘာလုံးဆိုင်ရာ စုပေါင်းလူစုလူဝေးအဖွဲ့တစ်ခု၏ အချက်အလက်များကို သုံးနေခဲ့သည်။
Domain အလုပ်မလုပ်တော့သော Vasty Health Care Foundationမှာ ‘လှူဒါန်းမှုများ’ နှင့်အတူကူညီရန် လူများအား အလုပ်ခေါ်ခဲ့ပြီး ဆေးဝါးပစ္စည်းများအပေါ်ဈေးနှုန်းသတ်မှတ်ချက်များကို မသိမသာချိုးဖောက်နေသော ဒေသခံဆေးဆိုင်များအား စုံစမ်းစစ်ဆေးသည်။ စစ်ဆေးသည့်အလုပ်များပြီးနောက် ဝန်ထမ်းအသစ်များကို အစီရင်ခံစာတစ်စောင်တင်ရန် နှင့် ခရီးသွားလာစရိတ်များ၏ဖြတ်ပိုင်းများကို သိမ်းထားရန် ပြောသည်။ ကြားရတာ ဟုတ်သလိုလိုပါပဲ...
အဓိကမှာ ဤနေရာပင်ဖြစ်သည်။ ဤအကျိုးမရှိလုပ်ရပ်အချို့ကို လုပ်ဆောင်ပြီးသည်နှင့် သင့်အား ကိုရိုနာဗိုင်းရပ်စ်ကိုတိုက်ခိုက်ရာတွင် အကူအညီပေးချင်သော ထောက်ပံ့သူတစ်ဦးထံမှ ‘လှူဒါန်းမှု’ တစ်ခုအတွက် ငွေလွှဲရာတွင် ကူညီရန် ပြောလာလိမ့်မည်။ ‘အလုပ်ရှင်’ မှ သင့်ကိုယ်ပိုင်ဘဏ်အကောင့်ထဲသို့ ငွေလွှဲတစ်ခု ဝင်လာပြီးလျှင် ထိုငွေအား အေတီအမ်စက်တစ်ခုမှ ထုတ်ယူရန် သင့်အားပြောလာမည်။ ထိုငွေထဲမှ အချို့ကိုပင် သင့်အတွက်ယူထားနိုင်ကြောင်းပြောလိမ့်မည်။ ယခုအချိန်မှာတော့ ပြစ်မှုကျူးလွန်သူများထံမှ ရရှိသော သင်၏အီးမေးလ်ထဲမှ QR ကုဒ်ကို scan ဖတ်ပြီး Bitcoin အေတီအမ် စက်တစ်လုံးထဲသို့ ကျန်ရှိသောငွေကို သင် သွင်းပေးရန်လိုပေမည်။ ငွေသွင်းပြီးလျှင် ထိုငွေများသည် ဒုစရိုက်သမားများပိုင်သော Bitcoin ပိုက်ဆံအိတ်တစ်ခုထဲသို့ အပြီးအပိုင် လွှဲပြောင်းပေးပြီးဖြစ်သွားပါလိမ့်မည်။
ထိုငွေများ ဘယ်ကလာသနည်း။ ဖြစ်နိုင်ချေမှာ တစုံတရောက်၏ဘဏ်အကောင့်မှ ခိုးယူခံရသော ပမာဏ ဖြစ်နိုင်ပြီး သင်ကတော့ မသမာသူများအား ခိုးငွေများကို ခရစ်တိုငွေကြေးသို့ ပြောင်းပေးရာတွင် ရိုးရှင်းစွာ အကူအညီပေးလိုက်ခြင်းပင် ဖြစ်သည်။
သင့်အနေနှင့် လိမ်ညာမှုအတွက် အလုပ်ခန့်သည့် ငွေလိမ်ခံရသူတစ်ယောက်ကို မည်သို့သိနိုင်မည်နည်း။
အထူးသဖြင့် ယခုအချိန် ကုမ္ပဏီရပ်စဲခြင်းများအားလုံး အလယ်၌ အလုပ်ရှာခြင်းမှာ သင့်အား ခေါင်းကိုက်စေနိုင်သည်။ ဤသည်မှာ အလိမ်အညာသမားများအတွက်တော့ အဝေးမှအလုပ်လုပ်နိုင်ခြင်းအခွင့်အလမ်းများပေးခြင်းဖြင့် ၎င်းတို့၏အကြံအစည်များကို အကောင်အထည်ဖော်ရန် အကောင်းဆုံးအချိန်ပင်ဖြစ်သည်။ အကယ်၍ သင်သည် ရိုးရိုးသားသားအလုပ်ကို ရှာနေလျှင် သို့မဟုတ် ရှာနေသောသူတစ်စုံတစ်ယောက်ကိုသိလျှင် အလုပ်ရှာနေစဉ်အတွင်း သင်သတိပြုသင့်သည့် အရေးကြီးအချက်အချို့ကို ကျွန်ုပ်တို့အနေနှင့် ချပြပေးထားပါသည်။
• အလုပ်ရှင်များမှ သင့်အား အခြား ငွေကြေးအကောင့်တစ်ခု (အထူးသဖြင့် ခရစ်တိုငွေကြေး) သို့ ငွေလွှဲခြင်းများ (များသောအားဖြင့် ရာခိုင်နှုန်းပမာဏတစ်ခုကို သိမ်းခွင့်ပေးခြင်း) လုပ်ရန် သို့မဟုတ် ပစ္စည်းများကို ပို့ပေးရန် ခိုင်းခြင်း
• မကြာသေးခင်ကမှ ဖွင့်ထားသော သံသယဖြစ်ဖွယ်ဝက်ဘ်ဆိုဒ်များ
• လက်တွေ့မဆန်သော လျော်ကြေးပေးခြင်း နှင့် ပုံမှန်မဟုတ်သော အလုပ်ခန့်စာ
မကောင်းမှုပြုသူများမှာ ကျွမ်းကျင်သော အလိမ်အညာသမားများဖြစ်ကြပြီး သင့်အား ၎င်းတို့ ငွေပြောင်းရွှေ့မှုလုပ်ရာတွင် ကူညီမိစေရန် အလွန်ကောင်းမွန်သောအကြောင်းပြချက်များပေးရာတွင် နာမည်ကြီးသည်။ အမြန်ချက်ချင်းပင် ရှောင်ရှားလိုက်ပါ။ အကျိုးဆက်များမှာ အောက်ပါအချက်များအပါအဝင် အလားအလာကြီးစွာ အန္တရာယ်ကျရောက်နေသည်။
• သင့်ဘဏ်အကောင့်ကို ဝင်ရောက်အသုံးပြုခွင့် မရှိတော့ခြင်း - အာဏာပိုင်များမှ စုံစမ်းစစ်ဆေးချိန်အတွင်း သင့်ဘဏ်အကောင့်အား ပိတ်ထားနိုင်ဖွယ်ရှိသည်။ သင့်အနေနှင့် မည်သည့်သုံးစွဲမှုများကိုမျှ လုပ်နိုင်မည်မဟုတ်ဘဲ သင်၏ငွေကြေးပိုင်းဆိုင်ရာ အနေအထားကိုလည်း ရပ်စဲထားလိမ့်မည်။
• ဒုစရိုက်မှုဆိုင်ရာ စီရင်ချက်ချခံရခြင်း - ငွေကြေးခဝါချခြင်းလုပ်ရပ်တွင် ပါဝင်ပတ်သက်မှုအပေါ် သင့်အနေနှင့် အရေးယူခံရနိုင်သည်။
• အခြားလိမ်ညာခံရသူများ၏ ဆုံးရှုံးမှုများအပေါ် ပြန်လည်ပေးဆပ်ခြင်း - တခါတရံတွင် ပါဝင်ပတ်သက်မိသူမှာ တာဝန်ယူရပြီး ခံရသူကို ပြန်ပေးရန်လိုအပ်သည်။
• အထောက်အထားခိုးယူမှု၏ သားကောင်ဖြစ်သွားခြင်း - များသောအားဖြင့် ဒုစရိုက်သမားများမှာ သင့်ကိုယ်ရေးအချက်အလက်များကို ရယူထားပြီးသည်နှင့်အလျောက် အခြားသော မသမာရည်ရွယ်ချက်များအတွက် အသုံးပြုပေလိမ့်မည်။
ဆက်စပ်ဆောင်းပါးများ

Protecting Your Family from the Terrifying "Crying Child" AI Scam
ထုတ်ဝေသည့်ရက်: ၂၀၂၆ ဇူ ၂၁
ဆောင်းပါးဖတ်ရန်
What is a Data Breach? And why is Bitdefender the ultimate secure solution?
ထုတ်ဝေသည့်ရက်: ၂၀၂၆ ဇူ ၁၉
ဆောင်းပါးဖတ်ရန်
Football Fever: Don’t Let Scammers Score Against Your Digital Security
ထုတ်ဝေသည့်ရက်: ၂၀၂၆ ဇွန် ၁၅
ဆောင်းပါးဖတ်ရန်
Android Users Must Watch! 3 Settings to Lock Your Phone and Protect Against Banking Apps Scams (Latest Update)
ထုတ်ဝေသည့်ရက်: ၂၀၂၆ ဇွန် ၁၂
ဆောင်းပါးဖတ်ရန်
Hackers Don't Just Target Big Companies - Your Business Is Next
ထုတ်ဝေသည့်ရက်: ၂၀၂၆ မေ ၂၉
ဆောင်းပါးဖတ်ရန်