Carnival ကော်ပိုရေးရှင်းမှ ဝန်ထမ်းများ နှင့် ဧည့်သည်များ၏ ကိုယ်ရေးကိုယ်တာအချက်အလက်တို့အား ဝင်ရောက်ရယူသွားဖွယ်ရှိသည့် Ransomware တိုက်ခိုက်မှုအား ထုတ်ဖော်ခဲ့ခြင်း
ထုတ်ဝေသည့်ရက်: ၂၀၂၀ ဩ ၂၁ · သတင်းခန်း · 1 မိနစ်ဖတ်ရန်

ကမ္ဘာ့အကြီးမားဆုံး အပျော်စီး သင်္ဘောလိုင်း လုပ်ကိုင်သူ Carnival ကော်ပိုရေးရှင်းသည် ၎င်းတို့၏အမှတ်တံဆိပ်များထဲမှ တစ်ခုမှာ အချက်အလက်များ လှို့ဝှက်ကုဒ်ဖြေခြင်း နှင့် တရားမဝင် ခိုးယူရယူခြင်း တို့ပါဝင်သည့် ransomware တိုက်ခိုက်မှုတစ်ခုအား ကြုံတွေ့ခံစားခဲ့ရကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
Securities and Exchange Commission (SEC) ထံသို့ ပို့ခဲ့သည့် 8-K ဖောင် တစ်စောင် အရ တိုက်ခိုက်မှုမှာ ၂၀၂၀ ခုနှစ် ဩဂုတ်လ ၁၅ ရက်နေ့တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“Carnival ကော်ပိုရေးရှင်း နှင့် Carnival plc မှ အမှတ်တံဆိပ်တစ်ခု၏ သတင်းအချက်အလက် နည်းပညာစနစ်များ၏ တစိတ်တပိုင်းအား ဝင်ရောက်ရယူ၊ လှို့ဝှက်ကုဒ်ဖြည်သွားသည့် ransomware တိုက်ခိုက်မှုတစ်ခုအား ထောက်လှမ်းတွေ့ရှိခဲ့သည်” ဟု ကုမ္ပဏီမှ ပြောဆိုခဲ့သည်။ "တရားမဝင် ဝင်ရောက်ခိုးယူမှုတွင် တစ်ချို့သော ကျွန်ုပ်တို့၏ အချက်အလက်ဖိုင်များအား ဒေါင်းလုတ် လုပ်ခြင်းလည်း ပါဝင်ခဲ့သည်။”
လုံခြုံရေးဆိုင်ရာ ဖြစ်ပျက်မှုနောက်ဆက်တွဲတွင် Carnival မှ အတွင်းပိုင်းစုံစမ်းစစ်ဆေးမှုတစ်ခုကို ကြေငြာခဲ့ပြီး ဥပဒေစိုးမိုးမှုကို အသိပေးခဲ့သည်။ ၎င်းတို့သည် သက်ဆိုင်ရာ ဆိုက်ဘာလုံခြုံရေး တတ်ကျွမ်းသူများ၏ ဝန်ဆောင်မှုများကိုလည်း လိုက်နာခဲ့ပြီး “ဤအခြေအနေအား သတ်မှတ်ရန် နှင့် ၎င်း၏ သတင်းအချက်အလက် နည်းပညာစနစ်များ၏ လုံခြုံရေးအပေါ် တိုးမြှင့်ရန် ထိန်းချုပ်မှု နှင့် ဖြေရှင်းမှု အတိုင်းအတာ အတွဲလိုက်တစ်ခုကို အကောင်အထည်ဖော်ခဲ့သည်။”
“ကုမ္ပဏီသည် ခြိမ်းခြောက်မှုအား ချက်ချင်းတုံ့ပြန်ရန်၊ ကုမ္ပဏီ၏ သတင်းအချက်အလက် နည်းပညာစနစ်များအား ကာကွယ်ထိန်းသိမ်းရန် နှင့် ဖြေရှင်းမှုအား လုပ်ဆောင်ရန် လုပ်ငန်းနယ်ပယ်တွင် ဦးဆောင်လျက်ရှိသော ဆိုက်ဘာလုံခြုံရေးလုပ်ငန်းများ နှင့် လက်တွဲလုပ်ဆောင်နေသည်” ဟု Carnival မှ ထပ်ဆင့်ပြောကြားခဲ့သည်။
၎င်း၏ အစပိုင်းခန့်မှန်းချက်သည် အဖြစ်အပျက်မှာ အမှတ်တံဆိပ်တစ်ခု၏ ကွန်ယက်စနစ်များ၏ အစိတ်အပိုင်းတစ်ခုကိုသာ ထိခိုက်ခဲ့ကြောင်း ဖော်ပြခဲ့သော်လည်း အစီရင်ခံချက်မှာ အချက်အလက်အပေးအယူ အမျိုးအစား နှင့် အဖြစ်အပျက်အတိုင်းအတာ တို့နှင့်ပတ်သက်သော အသေးစိတ်များမှာ ပြည့်စုံမှုမရှိနေခဲ့ပေ။ သို့သော်လည်း ကုမ္ပဏီမှ “အဖြစ်အပျက်သည် ၎င်း၏စီးပွားရေး၊ လုပ်ဆောင်မှုများ သို့မဟုတ် ငွေကြေးဆိုင်ရာရလဒ်များအပေါ် ရုပ်ဝတ္ထုသက်ရောက်မှုတစ်ခု ရှိလိမ့်မည်ဟု မယုံကြည်ပေ။”
ဤပဏာမ အစီရင်ချက်အပြင် Carnival အနေနှင့် ဖောက်သည်များ၊ ဝန်ထမ်းများ၏ ကိုယ်ရေးအချက်အလက်များအား တရားမဝင် ဝင်ရောက်ရယူခြင်း ပါဝင်သည့် တိုက်ခိုက်မှုအား ထုတ်ဖော်ပြရင်း ၎င်း၏ ဧည့်သည်များ၊ ဝန်ထမ်းများ နှင့် ရှယ်ယာဝင်များထံမှ တောင်းဆိုမှုများအား မျှော်လင့်ထားသည်။
“ဒါ့အပြင် ကျွန်ုပ်တို့အနေနဲ့ ဧည့်သည်များ၊ ဝန်ထမ်းများ၏ ကိုယ်ရေးအချက်အလက်များအား တရားမဝင် ဝင်ရောက်ရယူမှု ပါဝင်ခဲ့သည့် လုံခြုံရေးဆိုင်ရာ ဖြစ်ပျက်မှုမှ ဧည့်သည်များ၊ ဝန်ထမ်းများ၊ ရှယ်ယာဝင်များ သို့မဟုတ် ဌာနဆိုင်ရာအေဂျင်စီများထံမှ အလားအလာရှိသော တောင်းဆိုမှုများ ဖြစ်လာနိုင်ကြောင်း မျှော်လင့်ရသည်” ဟုတင်ပြမှုတွင် ဖတ်ရှုရသည်။ “လက်ရှိအချိန်အထိ ကျွန်ုပ်တို့ စုံစမ်းစစ်ဆေးမှုများအပေါ် အခြေခံပြီး ဤဖြစ်ပျက်မှုသည် ကုမ္ပဏီ၏ အခြားအမှတ်တံဆိပ်များ၏ အခြားသတင်းအချက်အလက် နည်းပညာစနစ်များအပေါ် ထိခိုက်မှုမရှိသေးကြောင်း ကျွန်ုပ်တို့အနေနှင့် ယုံကြည်ရသော်လည်း ကုမ္ပဏီ၏ အခြားအမှတ်တံဆိပ်များဩ အခြားသတင်းအချက်အလက် နည်းပညာစနစ်များမှာ ဆိုးရွားစွာထိခိုက်နိုင်လိမ့်မည် မဟုတ် ဆိုသည့်အပေါ် သေချာမှု မရှိနိုင်ပေ။
အပျော်စီးသင်္ဘောလုပ်ကိုင်သူထံမှ ထိခိုက်ခံခဲ့ရသော အမှတ်တံဆိပ်အမည် သို့မဟုတ် ၎င်း၏ကွန်ယက်အား လှို့ဝှက်ကုဒ်ဖြည်ရန် သုံးခဲ့သော ransomware အမျိုးအစား ကဲ့သို့သော ထပ်ဆင့် သတင်းအချက်အလက်ကို ထပ်မံ မပေးခဲ့ပေ။
Carnival ကော်ပိုရေးရှင်း နှင့် plc သည် နှစ်စဉ် ဧည့်သည်ပေါင်း ၁၃ မီလီယံခန့်အား အပျော်စီးသင်္ဘောခရီး အားလပ်ရက်များအား ပေးနေသည့် သင်္ဘောပေါင်း ၁၀၀ ကျော်နှင့်အတူ ကမ္ဘာ့အကြီးဆုံး ဇိမ်ခံ ခရီးသွား ကုမ္ပဏီဖြစ်သည်။ Carnival Cruise Line, Princess Cruises, Holland America Line, Seabourn, P&O Cruises (Australia), Costa Cruises နှင့် AIDA Cruises များမှာ ကုမ္ပဏီ၏အစု ထဲမှ နာမည်အကြီးဆုံးသော အပျော်စီးသင်္ဘောလိုင်း အမှတ်တံဆိပ်များထဲတွင် ပါရှိသည်။
ဆက်စပ်ဆောင်းပါးများ

Scam Alert: Fraudsters Impersonate Bitdefender in Fake Job Interviews
ထုတ်ဝေသည့်ရက်: ၂၀၂၅ နို ၂၅
ဆောင်းပါးဖတ်ရန်
CyberSec Vietnam Conference 2024
ထုတ်ဝေသည့်ရက်: ၂၀၂၄ အောက် ၁၈
ဆောင်းပါးဖတ်ရန်
VPN အသုံးပြုခြင်း၏ အရေးကြီးမှု: ကိုယ်ပိုင်စရိတ္တနှင့် လုံခြုံမှုတိုးတက်အောင်အကောင်းမြင်ရန်
ထုတ်ဝေသည့်ရက်: ၂၀၂၄ ဩ ၂၀
ဆောင်းပါးဖတ်ရန်
Bitdefender သည် ဘန်ကောက်တွင် ကျင်းပသည့် SIS Technology Showcase 2024 တွင် ရောင်ပြန်လင်းနေသည်
ထုတ်ဝေသည့်ရက်: ၂၀၂၄ ဩ ၁၅
ဆောင်းပါးဖတ်ရန်