Capcom Ransomware တိုက်ခိုက်မှုမှ လူပေါင်း ၃၅၀,၀၀၀ ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များအပေါ် အလဲအလှယ်လုပ်ခဲ့ခြင်း
ထုတ်ဝေသည့်ရက်: ၂၀၂၀ နို ၂၀ · သတင်းခန်း · 1 မိနစ်ဖတ်ရန်

နိုဝင်ဘာလ ၂ ရက်နေ့၌ အွန်လိုင်းဂိမ်းရေးဆွဲသူ Capcom အား ရိုက်ခတ်ခဲ့သည့် ransomware တိုက်ခိုက်မှုတစ်ခုမှနေ၍ အကြမ်းဖျင်း လူပေါင်း ၃၅၀,၀၀၀ အပေါ်သက်ရောက်ခဲ့သည့် အချက်အလက်ချိုးဖောက်မှုတစ်ခုအား ဖော်ထုတ်ခဲ့သည်။
Ragnar Locker လုပ်ဆောင်မှုမှ ၎င်း၏ အီးမေးလ် နှင့် ဖိုင် ဆာဗာများအား ရပ်တန့်စေခဲ့သည့် အစပိုင်းအစီရင်ခံချက်တွင် ဈေးဝယ်သူ အချက်အလက်များမှာ အလဲအလှယ်လုပ်ခြင်းမခံခဲ့ရကြောင်း အလေးထားဖော်ပြခဲ့သော်လည်း ယမန်နေ့၌ ထုတ်ဝေခဲ့သည့် အဖြစ်အပျက် update တစ်ခုမှာ ပို၍အလေးအနက်ထားစရာရလဒ်တစ်ခု အား ထုတ်ဖော်ပြထားသည်။
နိုဝင်ဘာလ ၁၆ ရက်နေ့၌ Street Fighter, Resident Evil and Devil May Cry ၏ ဖန်တီးသူမှ ထုတ်ပြန်ခဲ့သော အချက်အလက်ချိုးဖောက်မှု သတိပေးချက်တွင် ဈေးဝယ်သူများနှင့် ဝန်ထမ်းများ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များမှာ တိုက်ခိုက်မှုတွင် အမှန်ပင် အလဲအလှယ်လုပ်ခြင်းခံခဲ့ရကြောင်း အတည်ပြုထားသည်။
Ragnar Locker အဖွဲ့မှ အမည်များ၊ လိပ်စာများ၊ ကျား/မ၊ ဖုန်းနံပါတ်များ၊ အီးမေးလ်လိပ်စာများ၊ မွေးနေ့သက္ကရာဇ်များ၊ ရင်းနှီးမြှုပ်နှံသူအမည်များ၊ ရှယ်ယာပိုင်ဆိုင်မှုများ၏ပမာဏ နှင့် ဓါတ်ပုံများ အပါအဝင် ဈေးဝယ်သူများ၏ ကိုယ်ရေးကိုယ်တာသတ်မှတ်နိုင်သော အချက်အလက်များ အတွဲလိုက်တစ်ခုအား သိသိသာသာပင် ဝင်ရောက်ရယူနိုင်ခဲ့သည်။ တိုက်ခိုက်သူများမှနေ၍ နာမည်အပြည့်အစုံများ၊ လိပ်စာများ၊ ပါတ်စ်ပို့အချက်အလက်၊ မွေးနေ့သက္ကရာဇ်၊ လက်မှတ်များ၊ ဖုန်းနံပါတ်များနှင့် အီးမေးလ်လိပ်စာများ အကန့်အသတ်မရှိ ပါဝင်သော Capcom ဝန်ထမ်းများပိုင်ဆိုင်သည့် အချက်အလက်များကိုလည်း ကြည့်ရှုနိုင်ခဲ့ပြီး ပြန်လည်ထွက်သွားနိုင်ခဲ့သည်။
ထပ်ဆင့် အလဲအလှယ်လုပ်ခြင်းခံရသော အချက်အလက်များတွင် အရောင်းဆိုင်ရာစာရွက်စာတမ်းများ နှင့် လုပ်ငန်းတွဲဖက်လုပ်ကိုင်သူ အချက်အလက်များ အစရှိသည့် လျှို့ဝှက် လုပ်ငန်းသတင်းအချက်အလက်များ ပါဝင်သည်။ စာရင်းအပြည့်အစုံအား အောက်တွင် တွေ့မြင်နိုင်သည် -
- ဂျပန် - ဈေးဝယ်သူ ဝန်ဆောင်မှု ဗီဒီယိုဂိမ်း အကူအညီထောက်ပံ့သောနေရာမှ သတင်းအချက်အလက်များ ( ပစ္စည်းများ ၁၃၄,၀၀၀ နီးပါး) - အမည်များ၊ လိပ်စာများ၊ ဖုန်းနံပါတ်များ၊ အီးမေးလ်လိပ်စာများ
- မြောက်အမေရိက - Capcom စတိုး အဖွဲ့ဝင် အချက်အလက် ( ပစ္စည်းများ ၁၄,၀၀၀ နီးပါး) - အမည်များ၊ မွေးနေ့သက္ကရာဇ်များ၊ အီးမေးလ်လိပ်စာများ
- မြောက်အမေရိက - Esports လုပ်ငန်းများ ဝက်ဘ်ဆိုဒ် အဖွဲ့ဝင်များ ( ပစ္စည်းများ ၄,၀၀၀ နီးပါး) - အမည်များ၊ အီးမေးလ်လိပ်စာများ၊ ကျား/မ အချက်အလက်များ
- ရှယ်ယာရှင်များစာရင်း ( ပစ္စည်းများ ၄၀,၀၀၀ နီးပါး) - အမည်များ၊ လိပ်စာများ၊ ရှယ်ယာရှင် နံပါတ်များ၊ ရှယ်ယာပိုင်ဆိုင်မှုများ၏ပမာဏ
- ဝန်ထမ်းဟောင်းများ (မိသားစုဝင် အပါအဝင်)၏ အချက်အလက်များ (လူပေါင်း ၂၈,၀၀၀ နီးပါး) နှင့် အလုပ်လျှောက်သူများ၏ အချက်အလက်များ (လူပေါင်း ၁၂၅,၀၀၀ နီးပါး) - အမည်များ၊ မွေးနေ့သက္ကရာဇ်များ၊ လိပ်စာများ၊ ဖုန်းနံပါတ်များ၊ အီးမေးလ်လိပ်စာများ၊ ဓါတ်ပုံများ အစရှိသဖြင့်…
- ဝန်ထမ်းရေးရာ သတင်းအချက်အလက်များ (လူပေါင်း ၁၄,၀၀၀ နီးပါး)
- လှို့ဝှက် လုပ်ငန်းဆိုင်ရာသတင်းအချက်အလက်များ - အရောင်း အချက်အလက်၊ လုပ်ငန်း တွဲဖက်လုပ်ကိုင်သူ အချက်အလက်၊ အရောင်း စာရွက်စာတမ်းများ၊ လုပ်ငန်းတိုးမြှင့်မှု စာရွက်စာတမ်းများ အစရှိသဖြင့်…
.
ဈေးဝယ်သူများ၏ စိုးရိမ်မှုများအား အနည်းငယ် လျှော့ချပေးရင်း Capcom မှ တိုက်ခိုက်မှုတွင် အရေးကြီးသတင်းအချက်အလက်များ အလဲအလှယ်လုပ်ခြင်းမခံခဲ့ရကြောင်း ထောက်ပြထားသည် - “အန္တရာယ်ရှိနိုင်သော အချက်အလက်တွင် ခရက်ဒစ်ကတ် အချက်အလက် မပါရှိကြောင်း” ကုမ္ပဏီမှ ပြောကြားခဲ့သည်။ “အွန်လိုင်း ငွေပေးချေမှုအားလုံး အစရှိသည်တို့မှာ အခြား ဝန်ဆောင်မှုပေးသူတစ်ဦး အားဖြင့်လုပ်ဆောင်ခြင်းဖြစ်သောကြောင့် Capcom တွင် ၎င်းတို့အတွင်း၌ ထိုသို့သော မည်သည့်သတင်းအချက်အလက်များ မထိန်းသိမ်းထားပါ။”
တိုက်ခိုက်မှုအတွင်း မည်သည့် login လှို့ဝှက်အချက်အလက်များမှာ အလဲအလှယ်လုပ်ခြင်းခံခဲ့ရပုံ မပေါ်သော်လည်း ဂိမ်း ရေးဆွဲသူမှ “Capcom ဈေးဝယ်သူများ သို့မဟုတ် အခြားသူများအတွက် ကုမ္ပဏီ၏ ဂိမ်းများ အွန်လိုင်းတွင် ကစားဖို့ရာ ချိတ်ဆက်ရန် နှင့် ၎င်း၏ ဝက်ဆိုဒ်များထံ ဝင်ရောက်ရန် လုံခြုံသည်” ဟုအတည်ပြုခဲ့သည်။ အသုံးပြုသူများ၏ အသိအမြင် နှင့် လုံခြုံရေးအလေ့အထများအား ညွှန်ကြားထားရှိပေးထားသည်။
ကြိုတင်သတိပေးချက်တစ်ရပ်အနေနှင့် အွန်လိုင်းအသုံးပြုသူများသည် ၎င်းတို့၏အကောင့်နှင့် ဆက်စပ်သော လှို့ဝှက်ကုဒ်အား ပြောင်းလဲခြင်းအပေါ် စဉ်းစားသင့်ပြီး Capcom ဟုဆိုထားသည့် သံသယရှိဖွယ် မည်သည့်အီးမေးလ်မဆို သတိပြုသင့်သည်။ မည်သည့် အွန်လိုင်းနည်းလမ်းမှတဆင့် သင့်အား ဆက်သွယ်လာသည့် မည်သည့်တစ်စုံတစ်ယောက်ကိုမဆို ကိုယ်ရေးကိုယ်တာနှင့် ငွေကြေးဆိုင်ရာ သတင်းအချက်အလက်အား ဘယ်တော့မှ မပေးပါနှင့်။
ဆက်စပ်ဆောင်းပါးများ

Scam Alert: Fraudsters Impersonate Bitdefender in Fake Job Interviews
ထုတ်ဝေသည့်ရက်: ၂၀၂၅ နို ၂၅
ဆောင်းပါးဖတ်ရန်
CyberSec Vietnam Conference 2024
ထုတ်ဝေသည့်ရက်: ၂၀၂၄ အောက် ၁၈
ဆောင်းပါးဖတ်ရန်
VPN အသုံးပြုခြင်း၏ အရေးကြီးမှု: ကိုယ်ပိုင်စရိတ္တနှင့် လုံခြုံမှုတိုးတက်အောင်အကောင်းမြင်ရန်
ထုတ်ဝေသည့်ရက်: ၂၀၂၄ ဩ ၂၀
ဆောင်းပါးဖတ်ရန်
Bitdefender သည် ဘန်ကောက်တွင် ကျင်းပသည့် SIS Technology Showcase 2024 တွင် ရောင်ပြန်လင်းနေသည်
ထုတ်ဝေသည့်ရက်: ၂၀၂၄ ဩ ၁၅
ဆောင်းပါးဖတ်ရန်