Bitdedender မှ AV-Comparatives ၏ ‘Product of the Year’ ဆု ဆွတ်ခူးရရှိခြင်း

ထုတ်ဝေသည့်ရက်: ၂၀၂၀ ဖေ ၂၆ · သတင်းခန်း · 1 မိနစ်ဖတ်ရန်

Bitdedender မှ AV-Comparatives ၏ ‘Product of the Year’ ဆု ဆွတ်ခူးရရှိခြင်း

နောက်ဆုံးအောင်မြင်မှု ဆိုသည်မှာ Bitdefender သည် လွန်ခဲ့သောဆယ်စုနှစ်အတွင်း AV-Comparatives ၏ အများဆုံး ဆုချီးမြှင့်ခံရသည့် ရောင်းချသူ ဖြစ်ခြင်း ဖြစ်သည်။

Bitdefender သည် ကမ္ဘာတဝှမ်း စနစ်ပေါင်း ၅၀၀ မီလီယံကျော်အား ကာကွယ်ပေးနေသည့် ရှေ့ဆောင်နိုင်ငံတကာဆိုက်ဘာလုံခြုံရေးကုမ္ပဏီ တစ်ခုဖြစ်ပြီး ၂၀၁၉ ခုနှစ်အတွက် AV-Comparatives  ၏ထိပ်ဆုံးဆု ချီးမြှင့်ခြင်းခံရကာ  Bitdefender ၏ရပ်တည်မှုအား ဤသို့ နာမည်ကြီး independent Analysis ကုမ္ပဏီထံမှ ‘Product of the Year’ ဆု အများဆုံးဆွတ်ခူးသော firm တစ်ခုအဖြစ် ခိုင်မြဲစေသည်။

Bitdefender သည် AV-Comparatives ၏ စွဲမက်ဖွယ် ‘Product of the Year’ ဆုအား ယမန်နှစ်အတွင်း လေးကြိမ်မြောက်အဖြစ် ရရှိခဲ့ကာ လွန်ခဲ့သော ဆယ်နှစ်တာအတွင်း အခြားသော firm များထက်ကျော်လွန်ဆွတ်ခူးနိုင်ခဲ့သည်။ နောက်ဆုံးရရှိသောဆုကို Bitdefender မှ ၂၀၁၉ ခုနှစ်တလျှောက် Malware Protection, Performance, Advance Threat Protection နှင့် အခြားကဏ္ဍများတွင်လုပ်ဆောင်သောစမ်းသပ်စစ်ဆေးချက်များ၌ Advance+ rating များ အမြင့်ဆုံးရရှိခဲ့သောကြောင့် ဆွတ်ခူးခဲ့ခြင်းဖြစ်သည်။

AV-Comparatives မှ CEO Andreas Clementi က “Bitdefender သည် millennium၏ဒုတိယဆယ်စုနှစ်အား ‌အလွန်ပြောင်မြောက်သည့်အောင်မြင်မှုတစ်ခုနှင့် အပြီးသတ်ပေးခဲ့ပြီ” ဟု ပြောဆိုခဲ့သည်။ “AV-Comparatives ၌ မိမိတို့လုပ်ဆောင်သမျှစမ်းသပ်စစ်ဆေးချက်တိုင်းတွင် Bitdefender မှအကောင်းဆုံးရလဒ်များကိုသာမျှော်လင့်လာတော့ကြောင်း‌၊ ၂၀၁၉ ခုနှစ်တွင် ၎င်းမှ brand-new Advanced Threat Protection Test အပါအဝင် မိမိတို့၏ Consumer Main Test Series မှ စမ်းသပ်စစ်ဆေးမှုတစ်ခုစီတိုင်းတွင် အမြင့်ဆုံးအဆင့် ရောက်ရှိအောင် လုပ်နိုင်ခဲ့ကြောင်း” လည်းပြောဆိုခဲ့သည်။

အမြင့်ဆုံးဂုဏ်ပြုဆုအပြင် Bitdefender သည် Real-World Protection နှင့် Malware Protection တို့အတွက် ငွေတံဆိပ်ဆု နှင့် Advanced Threat Protection အတွက် ကြေးတံဆိပ်ဆု တို့ကိုပါ ထပ်မံရရှိခဲ့သည်။

“Bitdefender သည် စီးပွားရေးစျေးကွက်တွင် အလျင်အမြန်တိုးတက်လာခြင်း၊ သိသိသာသာြကီးမားလာြခင်း၊ နည်းပညာသစ်များနှင့် ထိုးဖောက်ခြင်း အပြင် ၎င်း၏ထုတ်ကုန်အားလုံးအပေါ်အရည်အသွေးအမြင့်မားဆုံးထိန်းသိမ်းထားနိုင်ခြင်း တို့ဖြင့် အောင်မြင်သောဆယ်စုနှစ်တစ်ခုကိုပိုင်ဆိုင်ခဲ့ခြင်း ဖြစ်သည်” ဟု Bitdefender ၏ Consumer Solutions ဒုတိယဥက္ကဌဖြစ်သူ Ciprian Istrate က ပြောြကားခဲ့သည်။ “Bitdefender ၏အောင်မြင်မှုများအား လုပ်ငန်းကဏ္ဍ၏ထိပ်တန်းဆုများ နှင့်အတူအသိအမှတ်ပြုခံရခြင်းအပေါ် မိမိတို့အနေနှင့် အလွန်ပင် အားရကျေနပ်မိကြောင်း” လည်း ပြောဆိုခဲ့သည်။

၂၀၁၉ ခုနှစ်တွင် အခြား နာမည်ကြီး independent စစ်ဆေးရေးအသင်းအဖွဲ့တစ်ခု ဖြစ်သော AV-TEST ထံမှလည်း Best Protection, Best Performance နှင့် Best Repair တို့အတွက် ထိပ်တန်းဆုတံဆိပ် သုံးခု ချီးမြှင့်ခြင်းခံရသည်။ တဆက်တည်းမှာပင် Bitdefender မှာ AV-Comparatives’ Outstanding Product Award ဆု ကိုလည်းပေးအပ်ခြင်းခံခဲ့ရသည်။

လွန်ခဲ့သောလ၌ပင် Bitdefender သည် independent သုတေသန နှင့် အကြံပေးဆိုင်ရာ firm တစ်ခုဖြစ်သော Forrester ၏ “ The Forrester Wave™: Cloud Workload Security (CWS), Q4 2019” အစီရင်ခံစာတွင် ရှေ့ဆောင်လမ်းပြသူတစ်ဦး အဖြစ် အမည်ပေးခံရသည်။ အောက်တိုဘာလတွင် independent သုတေသန နှင့် အကြံပေးဆိုင်ရာ firm တစ်ခုဖြစ်သော Ovum ၏ တိုးချဲ့လာသော smart home လုံခြုံရေးစျေးကွက်တွင်လည်း ဦးဆောင်သူတစ်ဦး အနေဖြင့် သတ်မှတ်ခံရသည်။

Bitdefender ကို ရက် 30 အခမဲ့စမ်းသုံးပါ

သင့်စက်ပစ္စည်းအားလုံးအတွက် ဆုရ ကာကွယ်မှု

ယခုရယူပါ

အကူအညီလိုပါသလား။

ကျွန်ုပ်တို့၏ နည်းပညာရှင်များသည် 24/7 အသင့်ရှိပါသည်။

အကူအညီစာမျက်နှာသို့သွားပါ

ဆက်စပ်ဆောင်းပါးများ

Bitdedender မှ AV-Comparatives ၏ ‘Product of the Year’ ဆု ဆွတ်ခူးရရှိခြင်း