၂၀၂၀ နှစ်ဝက်ကာလတိုင် AV-Test ရလဒ်များတွင် အဆင့် #၁ နေရာ၌ ရပ်တည်နေသော Bitdefender
ထုတ်ဝေသည့်ရက်: ၂၀၂၀ ဩ ၅ · သတင်းခန်း · 3 မိနစ်ဖတ်ရန်

မာတိကာ
၆ နှစ်တိုင် ၎င်း၏ ဆဌမမြောက် AV-Test ဆုတံဆိပ် ဆွတ်ခူးထားသူ Bitdefender သည် ကပ်ရောဂါဆိုးကာလအတွင်း စုံစမ်းထောက်လှမ်းခြင်း တိကျမှန်ကန်မှု အမြင့်ဆုံး အဖြစ် ဆက်လက်ရပ်တည်လျက်ရှိသည်။
‘အသစ်သော’ လုပ်ရိုးလုပ်စဉ် သည် လုပ်ငန်းလည်ပတ်မှုများ နှင့် ကိုယ်ပိုင် အွန်လိုင်း အလေ့အထများတွင် ပြောင်းလဲမှုအသွင်တစ်ခုကို အစပြုစေခဲ့ပြီး ၎င်းသည် ဆိုက်ဘာခြိမ်းခြောက်မှုနယ်ပယ်တွင်လည်း ပြောင်းလဲမှုတစ်ခုကို ဖြစ်စေခဲ့သည်။ ဝန်ထမ်းများသည် ရုံး နှင့် ကိုယ်ပိုင် ရည်ရွယ်ချက်များအတွက် တူညီသော စက်အား အသုံးပြုလာကြသည်။ ၎င်းတို့၏လုပ်ငန်းကွန်ယက် လုံခြုံမှု ပြင်ပတွင် အသုံးပြုသော လက်ပ်တော့များသည် ဟက်ကာများအတွက် အခွင့်အလမ်းအသစ်များ နှင့် လုံခြုံရေး ရောင်းချသူများအတွက် စိန်ခေါ်မှုအသစ်များကို ဖြစ်စေသည်။
နှစ်ပေါင်း ၆ နှစ်အတွင်း ကျွန်ုပ်တို့၏ ဆဌမမြောက် AV-Test ဆုတံဆိပ်နှင့်အတူ ယခုနှစ်အား အစပြုခဲ့ပြီးနောက် Bitdefender သုတေသီများသည် ကျွန်ုပ်တို့၏ စုံစမ်းထောက်လှမ်းခြင်းတွင် တိကျမှန်ကန်မှု အမြင့် တစ်နေရာတွင် ဆက်လက်ရပ်တည်ရန် လုံခြုံရေး ထိန်းချုပ်မှုများအား ထိန်းညှိခြင်းအပေါ် ဆက်လက် အလေးပေးအာရုံစိုက်ခဲ့ကြသည်မှာ ဆိုက်ဘာဒုစရိုက်သမားများသည် အိမ်မှအလုပ်လုပ်ရန်ဟူသည့် ရုတ်တရက်ပြောင်းရွှေ့မှုကြောင့် ဖြစ်ရသော အရှုပ်အထွေးအပေါ် အခွင့်ကောင်းယူရန် နည်းစနစ်များကို ပြောင်းခဲ့သောကြောင့်ဖြစ်သည်။ Bitdefender သည် ကပ်ရောဂါဆိုး စတင်ဖြစ်ပွားခဲ့သည့်အချိန်မှစ၍ လုပ်ဆောင်ခဲ့သော စမ်းသပ်မှုများ၏ အဆင့် ၃ ဆင့်စလုံးတွင် ၆/၆ စုံစမ်းထောက်လှမ်းနိုင်မှု ရမှတ် အကောင်းဆုံးတစ်ခု ကိုရယူပြီး ၂၀၂၀ ခုနှစ်တလျှောက် လွတ်လပ်သော စစ်ဆေး စမ်းသပ်မှုများတွင် ရှေ့ဆောင်တစ်ဦးအနေဖြင့် ရပ်တည်နေသည်။
AV-Test လွတ်လပ်သော စစ်ဆေးမှုတွင် အားလုံးလက်ခံထားသည့် ဦးဆောင်သူ - ၆ နှစ်အတွင်း ဆုတံဆိပ် ၆ ဆု
၂၀၁၄ ခုနှစ်မှစ၍ Bitdefender သည် ၎င်း၏ စဉ်ဆက်မပြတ် တိုးတက်မှုအတွက် ဆုတံဆိပ်များ ဆက်တိုက် ဆွတ်ခူးရရှိလျက်ရှိသည်။ တစ်နှစ်ပြီးတစ်နှစ် ကျွန်ုပ်တို့၏ solution များသည် စက် လုပ်ဆောင်မှု နှင့် သုံးစွဲသူအတွေ့အကြုံတို့အား ထိခိုက်မှုမရှိစေရန် သေချာစေခြင်းဖြင့် အမြင့်ဆုံး စုံစမ်းထောက်လှမ်းခြင်းအဆင့် နှင့် ထိရောက်သော ခုခံကာကွယ်မှုတစ်ခု တို့ကို ဆက်လက်ထိန်းပေးနေကြောင်း သက်သေပြခဲ့ကြသည်။
ဂျူလိုင်လ ၂၀၂၀ တွင် ထုတ်ပြန်ခဲ့သည့် နောက်ဆုံးရလဒ်များမှာ ၂၀၂၀ ပထမနှစ်ဝက်တလျှောက် တူညီသော လုပ်ဆောင်မှု ထိန်းသိမ်းရန် နှင့် ခြိမ်းခြောက်မှုများအား စုံစမ်းထောက်လှမ်းရန် Bitdefender ၏ စွမ်းဆောင်နိုင်မှုအပေါ် သက်သေထူပေးခဲ့သည်။ အထူးသဖြင့် ဝက်ဘ် နှင့် အီးမေးလ် ခြိမ်းခြောက်မှုများ (အချိန်နှင့်တပြေးညီ စစ်ဆေးမှု) အပါအဝင် 0-day malware တိုက်ခိုက်မှုများရန်မှ ကာကွယ်ရာတွင် နောက်ဆုံး စမ်းသပ်မှုများမှနေ၍ Bitdefender သည် စုံစမ်းထောက်လှမ်းခြင်းတွင် လုပ်ငန်းခွင် ပျမ်းမျှအထက်၌ ရပ်တည်လျက်ရှိကြောင်း ပြသနေသည်။ ဤအရာမှာ ကပ်ရောဂါဆိုးကာလအတွင်း အထူးသဖြင့် သင့်လျော်မှုရှိနေသည်မှာ ဆိုက်ဘာဒုစရိုက်သမားများသည် ယခုအခါ ဝန်ထမ်းများ ၎င်းတို့၏ လုပ်ငန်းကွန်ယက်များ ပြင်ပတွင် ပိုမိုရှိလာကြသည့် ထိုသူတို့၏ စက်များအား ချိုးဖောက်ရန် ဝက်ဘ် နှင့် အီးမေးလ် ခြိမ်းခြောက်မှုများအပေါ် အာရုံစိုက်မှုမှာ ပိုမိုတိုးမြှင့်လာနေသည်။
Bitdefender ၌ AV-Test စမ်းသပ်စစ်ဆေးမှုများတွင် နှစ်ပေါင်း ၁၀ နှစ်ကျော် ပါဝင်ပူးပေါင်းလာခဲ့သည့် သမိုင်းကြောင်းတစ်ခု ရှိနေပြီးဖြစ်သည်။ ကျွန်ုပ်တို့မှ ဆိုက်ဘာြခိမ်းခြောက်မှုများ နှင့် လုံခြုံရေး စိန်ခေါ်မှု အသစ်များကို ထိန်းညှိရန် နည်းစနစ်ပြောင်းလဲလာမှု အား စောင့်ကြည့်လာခဲ့သည်။ AV-Test သည် အန္တရာယ်ရှိ URL များ၏ စစ်ဆေးမှုအား အချိန်နှင့်တပြေးညီ ကာကွယ်မှုကို ထည့်သွင်းရန် ၎င်းတို့၏နည်းစနစ်အား ထိန်းညှိလာခဲ့သည်။
လွတ်လပ်သော စစ်ဆေးမှုတွင် ယှဉ်ပြိုင်မှုထဲ၌ မည်သည့်အရာသည် Bitdefender အား ထူးခြားနေစေသနည်း။
Bitdefender သည် အဆင့်အမြင့်ဆုံး နည်းပညာများ နှင့် ကမ္ဘာ့ အကြီးမားဆုံး ထောက်လှမ်းရေးကိရိယာ ကွန်ယက်များထဲမှ တစ်ခု အားဖြင့် စုံစမ်းထောက်လှမ်းခြင်း တိကျမှန်ကန်မှု အမြင့်တစ်နေရာတွင် ရပ်တည်နေသည်။ ကျွန်ုပ်တို့၏ နည်းပညာများအား လက်ရှိတွင် ကမ္ဘာတဝှမ်းမှ ဆိုက်ဘာလုံခြုံရေး ရောင်းချသူများ၏ ၃၈% သည် အသုံးပြုနေကြပြီး မြင့်မားသောတိကျမှန်ကန်မှု နှင့် ဒေသအလိုက် မျှသော စုံစမ်းထောက်လှမ်းခြင်းတို့ကို တတ်နိုင်သည့် ကမ္ဘာအနှံ့ ထောက်လှမ်းရေးကိရိယာ မီလီယံပေါင်း ရာချီအထိရှိသည်။ Bitdefender သည် ၎င်း၏ ဝန်ထမ်း ၅၀% အား သုတေသနလုပ်ငန်းတွင် ဆက်လက်ရှိနေစေရန် ကတိပြုပြီး ၎င်း၏အကျိုးအမြတ်ထဲမှ အစိတ်အပိုင်းကြီးတစ်ခုအား သုတေသနလုပ်ငန်းတွင် ပြန်လည်ရင်းနှီးမြှုပ်နှံထားသည်။
Bitdefender မှ machine learning ဦးဆောင်လမ်းပြသူတစ်ဦး အနေဖြင့် ၎င်း၏ ပထမဆုံး machine learning စုံစမ်းထောက်လှမ်းခြင်းအား ၂၀၀၈ ခုနှစ်တွင် မိတ်ဆက်ပေးခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် WannaCry မှ တိုက်ခိုက်ချိန် Bitdefender သည် ၂ နှစ်ကြာရှိနေပြီဖြစ်သော machine learning algorithm တစ်ခုအားဖြင့် ကူးစက်တိုက်ခိုက်မှုကို ကာကွယ်နိုင်ခဲ့သည်။
Agent အဆင့်တွင် Bitdefender သည် ကာကွယ်ခြင်း၊ စုံစမ်းထောက်လှမ်းခြင်း နှင့် တုံပြန်မှု အလွှာပေါင်း ၃၀ ကျော် ပါဝင်သည်။ ၎င်းတို့၏ လုပ်ငန်းကွန်ယက်များမှ ပံ့ပိုးထားသော လုံခြုံမှုထံမှ ဖယ်ထုတ်ခံထားရသည့် စက်များအတွက် ဤ စွမ်းအားမြင့် agent-အခြေပြု လုံခြုံရေးအဆင့်မှာ ထိပ်တန်းဖြစ်လာသည်။ လုံခြုံရေး အလွှာထပ် ကာကွယ်မှု နည်းပညာများတွင် လိုအပ်သော သွင်ပြင်လက္ခဏာများမှာ machine learning အခြေပြု antimalware, URL စီစစ်ခြင်း၊ anti-phishing နှင့် antispyware တို့ပါဝင်သည့် ဝက်ဘ် ခြိမ်းခြောက်မှု ခုခံကာကွယ်ခြင်းများ၊ အချိန်နှင့်တပြေးညီ အဆင့်မြင့် ခြိမ်းခြောက်မှု ထိန်းချုပ်ခြင်း တို့ဖြစ်သည်။
လုံခြုံရေးတင်းကြပ်ခြင်း နည်းပညာများ နှင့် အန္တရာယ် ခွဲခြမ်းစိတ်ဖြာခြင်း အစရှိသည့် ထပ်ဆင့်အလွှာများမှနေ၍ တိုက်ခိုက်မှုမျက်နှာပြင်အား ပိုမိုလျော့နည်းစေပြီး တိုက်ခိုက်မှုများရန်မှ ကာကွယ်ပေးသည်။ တစ်ချိန်တည်းမှာပင် အိုင်တီအုပ်ချုပ်သူများမှ လုပ်ငန်းကာကွယ်မှုအတိုင်းအတာအပေါ် ပြန်လည်ပုံဖော်ပြီး အသစ်သော အိမ်မှအလုပ်လုပ်ခြင်း ဟူသည့် ပုံစံနှင့် ကိုက်ညီရန် စည်းမျဉ်းများကို update လုပ်ပေးသည်။
ဤ လုံခြုံရေးအလွှာများ ပေါင်းစည်းထားမှုမှာ အထူးသဖြင့် ထူးခြားမှုရှိနေသည်မှာ ၎င်းတို့၏ ၉၀% အား Bitdefender စမ်းသပ်ခန်းများတွင် အခြေခံမှ စတင်တည်ဆောက်ခဲ့ပြီး အတူတကွ အဆင်ပြေချောမွေ့စွာ လုပ်ဆောင်နိုင်ရန် ပုံဖော်ထားခဲ့သောကြောင့်ဖြစ်သည်။ ပေါင်းစည်းထားသော လုံခြုံရေးအတွက် ဤချဉ်းကပ်မှုသည် အထူးသဖြင့် ထိရောက်မှုရှိနေရခြင်းမှာ တိုက်ခိုက်မှုများမှ လုပ်ငန်းတစ်ခုအား အပေးအယူမလုပ်နိုင်ခင်မှာပင် ၎င်းတို့အား ရပ်တန့်ရန် နည်းပညာအားလုံးသည် အတူတကွ လုပ်ဆောင်ကြသောကြောင့်ဖြစ်သည်။
အဆင့်မြင့် တိုက်ခိုက်မှုများအား ဆန့်ကျင်လျက် လွတ်လပ်သော စမ်းသပ်မှုတွင် ဦးဆောင်နေသူ
ယနေ့အခါတွင် အရှုပ်ထွေးဆုံးသော သို့မဟုတ် အသစ်ဆုံးသော တိုက်ခိုက်မှုများကို အံတုလျက် အမြင့်ဆုံးသော လုံခြုံရေးအဆင့်များကို ဆက်လက်ထိန်းထားရန် Bitdefender ၏အားထုတ်မှုများအား AV-Test ရလဒ်များတွင်သာမက အဓိက လွတ်လပ်သော လုပ်ငန်းခွင် စမ်းသပ်မှု အားလုံးတွင် တွေ့မြင်နိုင်သည်။
Bitdefender သည် ဇန်နဝါရီလ ၂၀၁၈ မှစ၍ ပြုလုပ်လာခဲ့သော စစ်ဆေးမှုအားလုံး၏ ၆၃% တွင် အဆင့် #၁ နေရာ၌ ရပ်တည်ပြီး၊ ၎င်းတို့၏ ပထမဆုံး တိုးချဲ့ခဲ့သည့် အချိန်နှင့်တပြေးညီ စုံစမ်းထောက်လှမ်းခြင်း စစ်ဆေးမှုတွင် ၁၀၀% အမှတ်ပြည့်တစ်ခု အောင်မြင်စွာရရှိပြီးနောက် AV-Comparatives မှ စစ်ဆေးမှုတွင် မှတ်တမ်းတစ်ခုအား ရယူထားသည်။ Bitdefender သည် မကြာသေးမှီကလည်း လက်တွေ့ သတိပေးချက်များအပါအဝင် ပြီးပြည့်စုံပြီး အဓိပ္ပါယ်အရှိဆုံး အဆင့် ၁၉ ဆင့်ပါ တိုက်ခိုက်မှုအတွဲလိုက် လွှမ်းခြုံမှုကို ပေးနိုင်ခဲ့ပြီး MITRE ATT&CK Evaluation of APT29 တွင် သာလွန်သောရလဒ်တစ်ခု ကို အောင်မြင်စွာရရှိထားသည်။ နောက်ဆုံးအနေနှင့် Bitdefender သည် ဖိုင်မပါ တိုက်ခိုက်မှုများအား အံတုပြီး စုံစမ်းထောက်လှမ်းခြင်း ၁၀၀% အမှတ်ပြည့်တစ်ခုအပါအဝင် မကြာသေးမှီက MRG Effitas တွင် အဆင့် ၁ အသိအမှတ်ပြုလက်မှတ် ဆွတ်ခူးရရှိခဲ့သည့် ရောင်းချသူ သုံးဦးထဲမှ တစ်ဦး ဖြစ်ခဲ့သည်။
Endpoint လုံခြုံရေးအား ခုခံကာကွယ်မှု၏ နောက်ဆုံးစည်းအဖြစ် သတ်မှတ်ထားခဲ့ကြသည်။ ယခုတွင် ၎င်းမှာ ပထမဆုံး ဖြစ်လာသည်။ သင့်ဝန်ထမ်း စက်များအတွက် ယုံကြည်စိတ်ချရသော စောင့်ကြပ်သူတစ်ဦး ရွေးချယ်ခြင်းသည် သင့်ခုခံကာကွယ်မှုများကို ကျော်ဖြတ်ထိုးဖောက်ရန် ကြိုးပမ်းလာသည့် တိုက်ခိုက်မှုတစ်ခုရန်မှ အနှောင့်အယှက်ပေးခြင်း မရှိစေဘဲ သင့်အား ဤခက်ခဲသောကာလများအတွင်း သင့်လုပ်ငန်းအပေါ် အလေးပေးအာရုံစိုက်ရန် လိုအပ်သည့် တန်ဖိုးရှိအချိန်ကို ပေးပေလိမ့်မည်။
ယနေ့ပင် အကန့်အသတ်မဲ့ သုံးစွဲမှုကာလ သုံးလ အထိဖြင့် သင့် အဖွဲ့အစည်းအား လုံခြုံစေပါ၊ သို့မဟုတ် ကျွန်ုပ်တို့၏ အချိန်ကန့်သတ်ရှိသော အကောင်းဆုံး လုံခြုံရေး ကမ်းလှမ်းချက် ကို ရှာဖွေကြည့်ပါ။
ဆက်စပ်ဆောင်းပါးများ

Scam Alert: Fraudsters Impersonate Bitdefender in Fake Job Interviews
ထုတ်ဝေသည့်ရက်: ၂၀၂၅ နို ၂၅
ဆောင်းပါးဖတ်ရန်
CyberSec Vietnam Conference 2024
ထုတ်ဝေသည့်ရက်: ၂၀၂၄ အောက် ၁၈
ဆောင်းပါးဖတ်ရန်
VPN အသုံးပြုခြင်း၏ အရေးကြီးမှု: ကိုယ်ပိုင်စရိတ္တနှင့် လုံခြုံမှုတိုးတက်အောင်အကောင်းမြင်ရန်
ထုတ်ဝေသည့်ရက်: ၂၀၂၄ ဩ ၂၀
ဆောင်းပါးဖတ်ရန်
Bitdefender သည် ဘန်ကောက်တွင် ကျင်းပသည့် SIS Technology Showcase 2024 တွင် ရောင်ပြန်လင်းနေသည်
ထုတ်ဝေသည့်ရက်: ၂၀၂၄ ဩ ၁၅
ဆောင်းပါးဖတ်ရန်