ကိုဗစ်-၁၉ အတွက် ဆေးဝါးများ ဖြန့်နေသော မှောင်ခိုဝက်ဘ်ဆိုဒ်များအား သတိပြုကြပါ
ထုတ်ဝေသည့်ရက်: ၂၀၂၀ ဧ ၁၃ · သတင်းခန်း · 1 မိနစ်ဖတ်ရန်

သုတေသီများမှ ကိုဗစ်-၁၉ ကုထုံးတစ်ခုအတွက်မေးခွန်းအပေါ် အမြတ်ထုတ်ရန် အားထုတ်နေကြသော မှောင်ခိုအရောင်းသမားအများအပြားအား ဖော်ထုတ်နိုင်ခဲ့သည်။ ကြောက်လန့်နေကြသောဝယ်သူများအနေနှင့်လည်း ဤဝက်ဘ်ဆိုဒ်များမှာ ၎င်းတို့အား လိမ်ညာလှည့်ဖျားရန် ၎င်းတို့၏အာရုံကို ဖမ်းစားရန်ကြိုစားနေကြခြင်းသာဖြစ်ကြောင်း သတိပြုသင့်သည်။
NormShield မှ သုတေသီများသည် မကြာသေးခင် လများအတွင်း အများစုဆွေးနွေးဖြစ်ခဲ့သော ဆေးဝါး ၁၀ မျိုး၏အမည်များကို အသုံးပြုထားသည့် ဝက်ဘ်ဆိုဒ်များကို ရှာဖွေခဲ့ကြသည်။ ထိုအဖွဲ့သည် ကပ်ရောဂါဆိုးကြောင့် ဖြစ်နေကြသောစိတ်ပူပန်နေကြမှုအပေါ် အမြတ်ထုတ်ရန် စီစဉ်ထားသော ဝက်ဘ်ဆိုဒ်များ၏ အရေအတွက်မှာ “သိသာသော အချက်တစ်ခု” ဖြစ်နေကြောင်းတွေ့ရှိခဲ့ရသည်ဟုဆိုသည်။
သုတေသနပြုချက် အရ ၂၀၂၀ ခုနှစ် ပထမ သုံးလအတွင်းမှာပင် ကိုရိုနာဗိုင်းရပ်စ်သစ်အား တိုက်ထုတ်နိုင်စွမ်းရှိသည်ဟုဆိုသော ဆေးဝါး ၁၀ မျိုး၏ နာမည်များ အတိအကျပါသော သို့မဟုတ် ညွှန်းထားသော ဖြစ်နိုင်ချေ အလိမ်အညာ domain အသစ် ၃၆၂ ခု ပေါ်ထွက်လာမှုကို တွေ့ရှိခဲ့ကြသည်။ ထိုဆေးဝါးများတွင် remdesivir, chloroquine (and hydroxychloroquine), Plaquenil, azithromycin, metformin, favipiravir, interferon, lopinavir, ritonavir နှင့် arbitol တို့ ပါဝင်သည်။
ဝက်ဘ်ဆိုဒ်ပေါင်း ၃၆၂ ထဲမှ ၂၂၁ ခုမှာ ထိုသူတို့၏ domain နာမည်များတွင် chloroquine သို့မဟုတ် azithromycin တို့ပါကြောင်း အစီရင်ခံချက်မှ ပြောဆိုထားသည်။
“အလိမ်အညာ domain အရေအတွက်များမှာ အထူးသဖြင့် chloroquine နှင့် azithromycin အတွက် အများစုဖြစ်နေချိန် အခြားဆေးဝါး ရှစ်မျိုး ပါသော domain အမည်များသည်လည်း တိုးများလာနေသည်” ဟု သုတေသီများမှ ပြောကြားခဲ့သည်။
ပုံမှန်စည်းမျဉ်းတစ်ခုအနေနှင့် ဆေးဝါးများအတွက် အွန်လိုင်းပေါ်တွင် ရှာဖွေရာတွင် သတိထားသင့်ပြီး ဆေးမဝယ်ခင် အမှန်အကန်ဆေးဝါးကျွမ်းကျင်သူတစ်ဦးတစ်ယောက်နှင့် ပြောဆိုနိုင်သော စိတ်ချရသည့် ဆေးဆိုင်များသို့သာ သွားသင့်သည်။ “ထူးဆန်း ကုထုံးများ” သည် အမြဲတစေ အလိမ်အညာ သို့မဟုတ် လှည့်စားခြင်း အားထုတ်မှုတစ်ခု၏ သင်္ကေတအမှတ်အသားတစ်ခု ဖြစ်သောကြောင့် မှန်နိုင်ချေကောင်းလွန်းပုံပေါ်သည့် မည်သည့်ကြေငြာများကိုမဆို ရှင်းရှင်းလင်းလင်း ဖယ်ရှင်းသင့်သည်။ လက်ရှိအနေအထားတွင် ကိုဗစ်-၁၉ ကူးစက်မှုတစ်ခုကို ကာကွယ်နိုင်သည့် ဆေးဝါးများ သို့မဟုတ် ကာကွယ်ဆေးများ မပေါ်သေးပေ။
Bitdefender မှလည်း ဤနေရာတွင် မျိုးစုံသော အန္တရာယ်ရှိသည့်လုပ်ရပ် နှင့် ခြိမ်းခြောက်မှုများထံမှ သင့်စက်များအား ကာကွယ်ပေးခြင်းအပေါ် အာရုံထားသည်။ ယခုတွင် သင်၏ အင်တာနက်သုံးစက်ပစ္စည်းများမှတဆင့် သင် ကမ္ဘာနှင့်ဆက်သွယ်ရာတွင် သင့်အနေနှင့် ကိုယ်ပိုင်ထိန်းချုပ်ခွင့် နှင့် လုံခြုံရေး လိုအပ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့ဖက်မှ ကျွန်ုပ်တို့၏ အကောင်းဆုံး လုံခြုံရေး suite အတွက်အစမ်းသုံးခွင့်အား အချိန်ထပ်မံတိုးမြှင့်ပေးထားပြီး သင့်အနေနှင့် သင်၏မိသားစု စက်များအားလုံးကို ရက်ပေါင်း ၉၀ ကြာ ကာကွယ်ပေး စေနိုင်မည်ဖြစ်သည်။ အကယ်၍ သင် စိတ်ဆုံးဖြတ်ပြီးပြီဆိုလျှင် ဆိုက်ဘာခြိမ်းခြောက်မှုများမြှင့်တက်နေခြင်းအပေါ် သတိမမူသည့် သင်ချစ်ရသူများအား မမျှော်လင့်ထားသောလက်ဆောင်တစ်ခုကို ပေးလိုက်ပါစို့လား ?
ဆက်စပ်ဆောင်းပါးများ

Scam Alert: Fraudsters Impersonate Bitdefender in Fake Job Interviews
ထုတ်ဝေသည့်ရက်: ၂၀၂၅ နို ၂၅
ဆောင်းပါးဖတ်ရန်
CyberSec Vietnam Conference 2024
ထုတ်ဝေသည့်ရက်: ၂၀၂၄ အောက် ၁၈
ဆောင်းပါးဖတ်ရန်
VPN အသုံးပြုခြင်း၏ အရေးကြီးမှု: ကိုယ်ပိုင်စရိတ္တနှင့် လုံခြုံမှုတိုးတက်အောင်အကောင်းမြင်ရန်
ထုတ်ဝေသည့်ရက်: ၂၀၂၄ ဩ ၂၀
ဆောင်းပါးဖတ်ရန်
Bitdefender သည် ဘန်ကောက်တွင် ကျင်းပသည့် SIS Technology Showcase 2024 တွင် ရောင်ပြန်လင်းနေသည်
ထုတ်ဝေသည့်ရက်: ၂၀၂၄ ဩ ၁၅
ဆောင်းပါးဖတ်ရန်