Android စက်များ တိုက်ခိုက်ခံရခြင်း - အက်ပလီကေးရှင်း အတုအယောင်များ နှင့် SMS မက်ဆေ့ချ်များမှ အချက်အလက်-ခိုးယူသော malware ထံ ဦးတည်နေခြင်း
ထုတ်ဝေသည့်ရက်: ၂၀၂၁ ဇွန် ၁၃ · သတင်းခန်း · 1 မိနစ်ဖတ်ရန်

Android စက်များအား ကူးစက်ပြီး ကိုယ်ရေးကိုယ်တာ အသေးစိတ်အချက်အလက်များအား ခိုးယူသည့် တိုက်ခိုက်မှုများ၏ ဂယက်အသစ်တစ်ခုအကြောင်း Bitdefender သုတေသီများမှ သတိပေးထားသည်။
နာမည်ကြီး အက်ပလီကေးရှင်း အများအပြားမှာ အယောင်ဆောင်ခံရပြီး Teabot အမည်ရ malware နှင့်အတူ ထုပ်ပိုးခြင်းခံရကြောင်း နောက်ဆုံးရ Bitdefender Lab အစီရင်ခံချက်များမှ ပြသထားသည်။ ဆိုက်ဘာဒုစရိုက်သမားများသည် အသုံးပြုသူများအား ဤအက်ပလီကေးရှင်းများကို တရားဝင် စတိုးအပြင်ဖက်တွင် install လုပ်ရန် လှည့်ဖျားကြသည်။ အကယ်၍ ၎င်းအား ဒေါင်းလုတ်လုပ်လိုက်သည့် မိုဘိုင်းစက်ပေါ်တွင် လုံခြုံရေး solution ကို install မလုပ်ထားလျှင် malware မှာ လွတ်လပ်စွာ သွားလာပေမည်။

တိုက်ခိုက်သူများမှ malware အတွက် dropper အဖြစ်ပြုမူသည့် Ad Blocker အက်ပလီကေးရှင်း အတုအယောင်တစ်ခု အသုံးပြုခြင်း နှင့်အတူ ထူးဆန်းသော ဖြန့်ကျက်သည့်နည်းလမ်း တစ်ခုကိုလည်း Bitdefender သုတေသီများမှ ပိုင်းခြားသတ်မှတ်ခဲ့သည်။ ၎င်းတို့မှ အခြား အက်ပလီကေးရှင်း အတုအယောင် အများအပြားမှာ အသုံးပြုခြင်းခံရပြီး ဖြစ်ကြောင်း သံသယရှိကြသော်လည်း လက်ရှိအချိန်တွင် အမည်မသိ အဖြစ် ရှိနေသေးသည်။ ဤခြိမ်းခြောက်မှုများထံမှ လုံခြုံစွာရှိနေရန် အားအထားရဆုံးနည်းလမ်းမှာ သင့် Android စက်များပေါ်တွင် လုံခြုံရေး solution တစ်ခုအား install လုပ်ရန်ဖြစ်သည်။ သင် လက်ခံရကောင်းရနိုင်သည့် အလားအလာရှိ အန္တရာယ်ပြု မည်သည့် လင့်ခ်မဆို တားမြစ်ပိတ်ရန် နှင့် သင့်ကိုယ်တိုင်အား သံသယဖြစ်ဖွယ် မည်သည့် အက်ပလီကေးရှင်းထံမှ ကာကွယ်ရန် Bitdefender Mobile Security ရယူခြင်းအပေါ် ထည့်သွင်းစဉ်းစားပါ။
သတိပြုရမည့် အခြားခြိမ်းခြောက်မှုမှာ စာ မက်ဆေ့ချ် အလိမ်အညာ ဖြစ်သည်။ ၎င်းသည် လက်ရှိတွင် ဂျာမနီ၊ စပိန်၊ အီတလီနှင့် ယူကေနိုင်ငံတလျှောက် အရှိန်ဟုန်ပြင်းစွာ ပျံ့နှံ့လျှက်ရှိသည်။
ပို့ဆောင်ရေး ကုမ္ပဏီတစ်ခု ထံမှဟု ဟန်ဆောင်ထားသည့် မက်ဆေ့ချ်တွင် Flubot ဟုခေါ်သော အမှန်တကယ်တွင် အန္တရာယ်ရှိ malware အစိတ်အပိုင်းတစ်ခုဖြစ်သည့် လင့်ခ်တစ်ခု ပါဝင်သည်။
FluBot သည် အခြားအရာများ အကြား အောက်ပါ အက်ပလီကေးရှင်းများကို အတုခိုးထားသည် -

ဒေါင်းလုတ်လုပ်မိသည်နှင့် အွန်လိုင်း ဘဏ်ဝန်ဆောင်မှု အသေးစိတ်များ အပါအဝင် အရေးကြီး အချက်အလက်များအား စုဆောင်းရန် စက်များကို သိမ်းပိုက်ပြီး ဖုန်းများပေါ်တွင် လှို့ဝှက်ထောက်လှမ်းသည်။ ၎င်းသည် အသုံးပြုသူ၏ အဆက်အသွယ်များထံ ကူးစက်ခံ စာ မက်ဆေ့ချ်များ ထပ်မံ ပေးပို့ရန် အစွမ်းအစလည်း ရှိသည်။
အကယ်၍ သင်မှ သတင်းဆိုးများ ကြားရသည်မှာ လုံလောက်ပြီဟု ခံစားရပြီး အဖြေတစ်ခု ရှာဖွေကြည့်ချင်လျှင် ဤနေရာတွင် ရှိသည် - Bitdefender Mobile Security ။ ၎င်းသည် သင် လက်ခံရကောင်းရနိုင်သည့် အလားအလာရှိ အန္တရာယ်ပြု မည်သည့် လင့်ခ်မဆို နှင့် သံသယဖြစ်ဖွယ် မည်သည့် အက်ပလီကေးရှင်းထံမှ သင့်အား ကာကွယ်ပေးလိမ့်မည်။
ဆက်စပ်ဆောင်းပါးများ

Scam Alert: Fraudsters Impersonate Bitdefender in Fake Job Interviews
ထုတ်ဝေသည့်ရက်: ၂၀၂၅ နို ၂၅
ဆောင်းပါးဖတ်ရန်
CyberSec Vietnam Conference 2024
ထုတ်ဝေသည့်ရက်: ၂၀၂၄ အောက် ၁၈
ဆောင်းပါးဖတ်ရန်
VPN အသုံးပြုခြင်း၏ အရေးကြီးမှု: ကိုယ်ပိုင်စရိတ္တနှင့် လုံခြုံမှုတိုးတက်အောင်အကောင်းမြင်ရန်
ထုတ်ဝေသည့်ရက်: ၂၀၂၄ ဩ ၂၀
ဆောင်းပါးဖတ်ရန်
Bitdefender သည် ဘန်ကောက်တွင် ကျင်းပသည့် SIS Technology Showcase 2024 တွင် ရောင်ပြန်လင်းနေသည်
ထုတ်ဝေသည့်ရက်: ၂၀၂၄ ဩ ၁၅
ဆောင်းပါးဖတ်ရန်