လုံခြုံမှုမရှိသော Database အားဖြင့် YouTube, TikTok နှင့် Instagram ပရိုဖိုင်ပေါင်း ၂၃၅ မီလီယံ နီးပါး အွန်လိုင်းပေါ်တွင် မြင်သာသွားခြင်း
ထုတ်ဝေသည့်ရက်: ၂၀၂၀ ဩ ၂၆ · သတင်းခန်း · 1 မိနစ်ဖတ်ရန်

Social Data မှ ပိုင်ဆိုင်ထားပုံရပြီး အင်တာနက်မှတဆင့် ကူးယူခြင်းခံရသော လူမှု မီဒီယာ ပရိုဖိုင်ပေါင်း ၂၃၅ မီလီယံနီးပါး နှင့်အတူ database တစ်ခုအား လုံခြုံရေးသုတေသီတစ်ဦးမှ ရှာဖွေတွေ့ရှိခဲ့သည်။
အများပိုင် သုံးစွဲသူ အချက်အလက်မှာ အဖိုးတန်ပြီး ကုမ္ပဏီများသည် ၎င်းအား စုဆောင်းပြီး ရောင်းချချင်ကြသည်။ လူမှု မီဒီယာ ကွန်ယက်များမှာ ဤအချက်အလက်၏ အကောင်းဆုံးသော အရင်းအမြစ်များထဲမှာ တစ်ခုကို ကိုယ်စားပြုသည်။ သုံးစွဲသူများမှာ ၎င်းတို့၏ ပရိုဖိုင်များကို ဖွင့်ပြထားလေ့ရှိပြီး Deep Social ကဲ့သို့သော ကုမ္ပဏီများအား ထိုအချက်အလက်ကို စုဆောင်းရန် နှင့် ဆက်လက် ပေါင်းစည်းရန် ခွင့်ပြုပေးနေသည်။
Comparitech မှ Bob Diachenko သည် YouTube, TikTok နှင့် Instagram မှယူထားသော ပရိုဖိုင်များနှင့်အတူ အွန်လိုင်းတွင် database ၏ ပုံစံတူ ကော်ပီ ၃ ခုအား တွေ့ရှိခဲ့သည်။ Database အား Social Data မှ ပိုင်ဆိုင်ထားစဉ် သက်သေမှာ အွန်လိုင်းအရင်းအမြစ်များထံမှ အချက်အလက်များအား ကူးယူပြီးနောက် အစဖျောက်လေ့ရှိသည့် အခြားကုမ္ပဏီတစ်ခုဖြစ်သော Deep Social အား ညွှန်ပြနေသည်။
လူမှု မီဒီယာ ကွန်ယက်များမှ Deep Social ၏ လုပ်ရပ်များအား တွေ့ရှိပြီးနောက် ထိုသူတို့သည် ၎င်းတို့၏ API များကို အချက်အလက် စုဆောင်းခြင်းထံမှ တားမြစ်ပိတ်ပင်ခဲ့သော်လည်း အခြား ကုမ္ပဏီများစွာမှာ ဤလုပ်ရပ်မျိုးအား ဆက်လက်လုပ်ဆောင်နေကြသည်။
Comparitech အဆိုအရ အချက်အလက်တွင် နာမည်များ၊ ဆက်သွယ်ရန် သတင်းအချက်အလက်၊ ကိုယ်ရေးကိုယ်တာအချက်အလက်၊ ရုပ်ပုံများ နှင့် စာရင်းအင်းများ ပါဝင်ခဲ့သည်။ ဖြစ်ပျက်မှုအား အစီရင်ခံပြီးနောက် နာရီအနည်းငယ်အကြာတွင် Social Data မှ database များအား ရုတ်သိမ်းသွားခဲ့သည်။
သုံးစွဲသူ တစ်ဦးသည် လူမှု မီဒီယာ ပရိုဖိုင်တစ်ခုတွင် ထိခိုက်လွယ်သတင်းအချက်အလက် မရှိနိုင်ဟု ယူဆရန် လွယ်ကူသော်လည်း ကူးယူခြင်းမှာ လူတစ်ဦးအတွက် အရင်းအမြစ်များစွာကို ဖော်ပြပေးသည်။ ကွဲပြားခြားနားသော အရင်းအမြစ်များထံမှ အချက်အလက်အား ပေါင်းစည်းခြင်းသည် ဒစ်ဂျစ်တယ် ကိုယ်ရေးအကျဉ်း၏ ပိုမိုရှင်းလင်းသော ရုပ်ပုံတစ်ခုကို ဖန်တီးပေးပြီး ခေတ်ရေစီးကြောင်းများ၊ အကြိုက်များ၊ သုံးစွဲမှုအလေ့အထများ၊ နိုင်ငံရေးပိုင်း အကြိုက်များ၊ တည်နေရာ နှင့် အခြားသတင်းအချက်အလက်များကို ပြသပေးသည်။
ဥပဒေရှုထောင့်အပြင် အကြီးမားဆုံး ပြဿနာမှာ လူမှု မီဒီယာ ကွန်ယက်များသည် ဤအချက်အလက်စုဆောင်းမှုမျိုးကို တားမြစ်ပိတ်ပင်ကြသည်မှာ ထိုအရာသည် ၎င်းတို့၏ သုံးစွဲသူ ပေါ်လစီများကို ချိုးဖောက်ရာကျသောကြောင့်ဖြစ်သည်။ ဤအရာမှာ ကုမ္ပဏီများ အချက်အလက်စုဆောင်းခြင်းအပေါ် မရပ်တန့်နိုင်သော်လည်း Social Data ကဲ့သို့သော အဖွဲ့အစည်းများထံမှ traffic အား သတ်မှတ်ရန် စိန်ခေါ်နေသည်။
Social Data မှ အွန်လိုင်းပေါ်တွင် မရရှိနိုင်တော့သော အချက်အလက် စုဆောင်းခြင်းအပေါ် ငြင်းဆိုစဉ် အများပိုင် အချက်အလက်အား ကူးယူခြင်း နှင့် တွဲခြင်း တို့၏ ရိုးရှင်းသောလုပ်ရပ်အား မခွင့်ပြုထားပေ။
“လူမှု ကွန်ယက် ပရိုဖိုင် ဖော်ပြချက်မှ တယ်လီဖုန်း နှင့် အီးမေးလ် ပြထားသည့် မည်သည့်လူပုဂ္ဂိုလ်ကို မဆို အလားတူပင် database တည်ရှိမှု မပါဘဲ တစ်စုံတစ်ယောက်မှ phish သို့မဟုတ် ဆက်သွယ်နိုင်တယ်” ဟု Social Data ၏ ပြောဆိုခွင့်ရှိသူ မှ Comparitech ထံသို့ပို့သော အီးမေးလ်တစ်စောင်တွင် ပြောဆိုခဲ့သည်။ "လူမှု ကွန်ယက်များမှာ ၎င်းတို့ကိုယ်တိုင် အချက်အလက်များအား ပြင်ပသူများထံ ဖော်ပြထားနေတာဘဲ - ထိုအရာက ၎င်းတို့ရဲ့ စီးပွားရေးဘဲ - ဖွင့်ထားပေးသော အများပိုင် ကွန်ယက်များ နှင့် ပရိုဖိုင်များ။ အချက်အလက်များကို ပေးချင်တဲ့ ဆန္ဒမရှိသော သုံးစွဲသူများကတော့ ၎င်းတို့ရဲ့ အကောင့်ကို သီးသန့် လုပ်ထားကြတာဘဲ။”
ဆက်စပ်ဆောင်းပါးများ

Scam Alert: Fraudsters Impersonate Bitdefender in Fake Job Interviews
ထုတ်ဝေသည့်ရက်: ၂၀၂၅ နို ၂၅
ဆောင်းပါးဖတ်ရန်
CyberSec Vietnam Conference 2024
ထုတ်ဝေသည့်ရက်: ၂၀၂၄ အောက် ၁၈
ဆောင်းပါးဖတ်ရန်
VPN အသုံးပြုခြင်း၏ အရေးကြီးမှု: ကိုယ်ပိုင်စရိတ္တနှင့် လုံခြုံမှုတိုးတက်အောင်အကောင်းမြင်ရန်
ထုတ်ဝေသည့်ရက်: ၂၀၂၄ ဩ ၂၀
ဆောင်းပါးဖတ်ရန်
Bitdefender သည် ဘန်ကောက်တွင် ကျင်းပသည့် SIS Technology Showcase 2024 တွင် ရောင်ပြန်လင်းနေသည်
ထုတ်ဝေသည့်ရက်: ၂၀၂၄ ဩ ၁၅
ဆောင်းပါးဖတ်ရန်