Adware ဆိုတာ ဘာလဲ ?

ထုတ်ဝေသည့်ရက်: ၂၀၂၆ ဇူ ၂၃ · အကူအညီ · 7 မိနစ်ဖတ်ရန်

Adware ဆိုတာ ဘာလဲ ?
မာတိကာ

အကြောင်းအရာများ

  1. Adware သမိုင်းကြောင်း
  2. Adware နှင့် အန္တရာယ်ရှိသောအသုံးပြုမှု
  3. သင် ဘယ်လို ကူးစက်ခံရနိုင်သလဲ
  4. Adware အမျိုးအစားများ
  5. မိုဘိုင်းစက်များပေါ်တွင်ရှိသော Adware
  6. သင် ကူးစက်ခံရကြောင်းပြသော လက္ခဏာရပ်များ
  7. Adware ကို ဘယ်လိုဖယ်ရှင်းရမလဲ
  8. Adware ရရှိခြင်းကနေ ဘယ်လိုရှောင်ရှားမလဲ
  9. နိဂုံးချုပ်

လုံခြုံစွာ နေပါ

GravityZone Business Security

Bitdefedner for home users

Adware ဆိုတာ ဘာလဲ ?

ကြော်ငြာများ၊ pop-up များ၊ pop-over များ နှင့် ဗီဒီယို overlay များ ၏ ခေတ်တစ်ခုတွင် ကျွန်ုပ်တို့မှာ ကြော်ငြာခြင်းများဖြင့် ဗုံးကြဲခံရသည့်အလား ကြုံတွေ့ရမှုအပေါ်နေသာကျလုနီးပါးဖြစ်နေပါြပီ။ သို့သော် ဤအရာမှာ ထိုးဖောက်ခံရခြင်းနှင့် စိတ်ရှုပ်ရခြင်းတို့ကိုတော့ လျော့နည်းသွားအောင် မလုပ်ပါ။ Adware အကြောင်း ပိုမိုလေ့လာရန် ဆက်လက်ဖတ်ရှုပါ။

Adware သည် ပရိုဂရမ် run နေစဉ်အတောအတွင်း ကြော်ငြာခေါင်းစီးတန်းများပြပေးသည့် မည်သည့် ဆော့ဖ်ဝဲ အက်ပလီကေးရှင်းမဆို ဖြစ်သည်။ ဤအက်ပလီကေးရှင်းများအား ရေးဆွဲသူများသည် ကွန်ပျူတာဖန်သားပြင်တစ်ခုပေါ်တွင်ပေါ်သည့် အတန်းတစ်တန်းဖြတ်သွားခြင်းဖြင့် သို့မဟုတ် pop-up window များအားဖြင့် မြင်တွေ့နိုင်သည့် ကြော်ငြာများကို လွှတ်ပေးသော ထပ်ဆင့် ကုဒ်အား ထည့်ထားသည်။ Adware သည် ဆော့ဖ်ဝဲ၏ အသုံးပြုသူ interface သို့မဟုတ် install လုပ်နေစဉ်အတောအတွင်း အသုံးပြုသူအား ပြသနေသည့် ဖန်သားပြင်တစ်ခုပေါ်တွင် အွန်လိုင်းကြော်ငြာများ အလိုအလျောက် ထုတ်လွှတ်ပေးခြင်းအားဖြင့် ၎င်း၏ ပရိုဂရမ်ရေးဆွဲသူအတွက် ဝင်ငွေကိုရှာပေးသည်။

အကြောင်းအရာများ

  1. Adware သမိုင်းကြောင်း
  2. Adware နှင့် အန္တရာယ်ရှိသောအသုံးပြုမှု
  3. သင် ဘယ်လို ကူးစက်ခံရနိုင်သလဲ
  4. Adware အမျိုးအစားများ
  5. မိုဘိုင်းစက်များပေါ်တွင်ရှိသော Adware
  6. သင် ကူးစက်ခံရကြောင်းပြသော လက္ခဏာရပ်များ
  7. Adware ကို ဘယ်လိုဖယ်ရှင်းရမလဲ
  8. Adware ရရှိခြင်းကနေ ဘယ်လိုရှောင်ရှားမလဲ
  9. နိဂုံးချုပ်

Adware သမိုင်းကြောင်း – ၎င်း အစပြုခဲ့သည့်အချိန်

Adware အသုံးပြုမှု စတင်ခဲ့ချိန် အကြမ်းဖျဉ်း ၁၉၉၅ ခုနှစ်ခန့်က အချို့ လုပ်ငန်းနယ်ပယ်ကျွမ်းကျင်သူများသည် Adware အားလုံးအား အသုံးပြုသူ၏အသိ မပါဘဲ အသုံးပြုသူ၏ ကွန်ပျူတာတစ်လုံးထံမှ လှို့ဝှက်သတင်းအချက်အလက်များကို စုဆောင်းရန် တစ်စုံတစ်ဦးအား တတ်စွမ်းစေနိုင်သည့် ဆော့ဖ်ဝဲဖြစ်သော Spyware ဖြစ်ရန် သတ်မှတ်ခဲ့ကြသည်။ နောက်ပိုင်းတွင် adware ၏ တရားဝင်မှု ကြီးထွားလာသည့်အလျောက် ၎င်းသည် “အလားအလာရှိ မလိုချင်သော ပရိုဂရမ်” တစ်ခု အဖြစ်သာ ထင်ခြင်းခံရတော့သည်။

သို့ကြောင့်ပင် ၎င်း၏အသုံးပြုမှုမှာ အရှိန်မြှင့်တိုးပွားလာခဲ့ပြီး ၎င်း၏တရားဝင်မှုအပေါ် စောင့်ကြပ်ကြည့်ရှုရန် လုပ်ဆောင်ခြင်းမှာလည်း များများစားစားမရှိခဲ့ပေ။ ထိုသို့မရှိခဲ့ခြင်းမှာ Adware ရောင်းချသူများမှ မေးခွန်းထုတ်စရာ လုပ်ရပ်များအား စောင့်ကြပ်ကြည့်ရန် နှင့် ပိတ်ရန် အစပြုခဲ့ကြချိန် ၂၀၀၅-၂၀၀၈ Adware ၏ ထိပ်ဆုံးရောက်နှစ်များ မတိုင်ခင်အထိပေ။

Adware နှင့် အန္တရာယ်ရှိအသုံးပြုမှု

Adware အား ကွန်ပျူတာ သို့မဟုတ် ကွန်ယက်တစ်ခုအပေါ် ပျက်ဆီးမှုဖြစ်စေရန်ရည်ရွယ်သည့် အန္တရာယ်ရှိ ဆော့ဖ်ဝဲဖြစ်သော malware နှင့် ဆင်တူယိုးမှားအဖြစ် အများမှ သတ်မှတ်ထားကြသည်။ Malware အမျိုးအစားများတွင် ဗိုင်းရပ်စ်များ၊ worm များ၊ spyware ၊ trojans များ နှင့် adware တို့ပါဝင်ကြသည်။ အန္တရာယ်ရှိ Adware သည် pop-up ကြော်ငြာများ၊ ပိတ်၍မရသော window များ နှင့် like မှတဆင့် ကွန်ပျူတာများပေါ်သို့ ၎င်း၏လမ်းကြောင်းအား ရှာနိုင်သည်။

အန္တရာယ်ရှိ Adware ကွန်ပျူတာတစ်ခုပေါ်တွင် ရှိသည်နှင့်တပြိုင်နက် ၎င်းသည် အသုံးပြုသူတစ်ဦး၏တည်နေရာ၊ ရှာဖွေမှုလုပ်ရပ် နှင့် ဝက်ဘ်စာမျက်နှာကြည့်ရှုမှုသမိုင်းတို့အား ခြေရာခံအစရှိသည့် မလိုလားသောလုပ်ရပ်မျိုးစုံအား လုပ်ကောင်းလုပ်နိုင်သည်။ ထို့နောက် malware ရေးဆွဲသူမှ ဤသတင်းအချက်အလက်များအား အခြားသူများထံ ရောင်းချနိုင်သည်။ Adware အား စုံစမ်းထောက်လှမ်း၊ ကြိုတင်ကာကွယ်ပြီး ဖယ်ရှားနိုင်သော ပရိုဂရမ်များကို ရရှိနိုင်သည်။ များသောအားဖြင့် ထိုအရာတို့မှာ အခမဲ့ သော်လည်းကောင်း၊ antivirus ဆော့ဖ်ဝဲ ၏ တစ်စိတ်တစ်ဒေသအဖြစ်သော်လည်းကောင်း လာကြသည်။ 

သင် Adware နှင့် ဘယ်လို ကူးစက်ခံရနိုင်သလဲ

Mac များ နှင့် ကိုယ်ပိုင်ကွန်ပျူတာများ Adware နှင့် ကူးစက်ခံရလာနိုင်သည့် အဓိက နည်းလမ်း နှစ်ရပ်ရှိသည်။

မလုံခြုံသော ဝက်ဘ်ဆိုဒ်

သင်သည် မလုံခြုံသော ဝက်ဘ်ဆိုဒ်တစ်ခု သို့မဟုတ် ၎င်းကိုယ်တိုင် ကူးစက်ခံထားရသည့် ဝက်ဘ်ဆိုဒ်တစ်ခုအား ဝင်ရောက်ကြည့်ရှုခဲ့သည်။ ထို့နောက် Adware မှ ၎င်းကိုယ်တိုင်အား သင့်ကွန်ပျူတာပေါ်တွင် ဒေါင်းလုတ်လုပ်ပြီး install လုပ်ရန် သင့် ဝက်ဘ် browser တွင် အားနည်းချက်တစ်ခုအား အသုံးပြုခဲ့မည်။

သင်မှ ၎င်းအား သင်ကိုယ်တိုင် install လုပ်ခဲ့ခြင်း

အကယ်၍ သင်သည် အခမဲ့ဆော့ဖ်ဝဲတစ်ခု သို့မဟုတ် shareware ပရိုဂရမ်တစ်ခုအား မကြာသေးမီကပင် ဒေါင်းလုတ်လုပ်ခဲ့လျှင် ဤအရာများမှာ install လုပ်ခြင်းနှင့်တွဲပါလာသည့် Adware အားဖြင့်ရှာပေးသည့်ဝင်ငွေ နှင့်အတူ လှို့ဝှက်စွာ ပိုက်ဆံရှာပြီးသားဖြစ်သည်။

သင်မှ Adware အကြောင်းရှင်းပြထားသည့် ဆော့ဖ်ဝဲ၏ အသုံးပြုသူသဘောတူညီချက်ထဲတွင် မြှုပ်ထားသော စာတစ်ပိုဒ်အား တွေ့ကောင်းတွေ့နိုင်မည်၊ သို့မဟုတ် ၎င်းမှာ လုံးလုံးလျားလျား ပုံးကွယ်မြှုပ်ကောင်းမြှုပ်နေမည်။ မည်သို့ပင်ဖြစ်စေကာမူ အင်တာနက်ပေါ်မှ ဒေါင်းလုတ်လုပ်သည့်ပရိုဂရမ်များမှာ မကြာခဏ သင့်စက်ပေါ်တွင် မြှုပ်ကွယ်နေသော Adware နောက်ကွယ်မှ တရားခံ ဖြစ်သည်။

Adware အမျိုးအစားများ နှင့် ဥပမာများ

Adware ပါနိုင်သည့် အချို့သော freeware ဥပမာများမှာ –

  • အဆင့်မြင့် search engine များ
  • လက်ငင်း သတင်းများ နှင့် ရာသီဥတု သတင်း update များ
  • ကွန်ပျူတာ ဂိမ်းများ
  • Peer-to-peer (P2P) ဖိုင်မျှဝေသောပရိုဂရမ်များ
  • အပျော် mouse pointer များ၊ desktop theme များ နှင့် နောက်ခံများ
  • အီးမေးလ်တွင် သုံးသည့် Emoticon များ နှင့် smiley များ
  • သင့်ကွန်ပျူတာ ထိရောက်မှုအား တိုးမြှင့်ပေးလိမ့်မည်ဟု ဆိုသည့် အက်ပလီကေးရှင်းများ

Adware ဥပမာများအကြောင်း ပိုမိုသိရှိရန် ဆက်လက်ဖတ်ရှုပါ

1. Fireball

အစ္စရေး ဆော့ဖ်ဝဲ ကုမ္ပဏီတစ်ခုမှ စေခိုင်းသည့် လေ့လာမှုတစ်ခုမှ ကွန်ပျူတာပေါင်း ၂၅၀ မီလီယံကျော် နှင့် ကမ္ဘာတဝှမ်းရှိ ကော်ပိုရိတ်ကွန်ယက်များ၏ ၅ ပုံ ၁ ပုံ တို့မှာ Fireball ကူးစက်ခြင်းခံရကြောင်း ရှာဖွေတွေ့ခဲ့သည့်အချိန် ၂၀၁၇ ခုနှစ်၌ Fireball မှာ သတင်းထွက်လာခဲ့တော့သည်။

 တရုတ် ဒစ်ဂျစ်တယ် မားကတ်တင်း အေဂျင်စီတစ်ခုဖြစ်သော Rafotech မှ ပရိုဂရမ်ရေးဆွဲခဲ့သည့် Fireball သည် browser ပြန်ပေးဆွဲသည့်အရာတစ်ခုဖြစ်သည်။ ၎င်းအား Mustang Browser နှင့် Deal Wifi တို့ပါဝင်သည့် Rafotech မှဖန်တီးထားသော အခြားဆော့ဖ်ဝဲ နှင့်အတူ ပေါင်းစည်းထည့်သွင်းထားပြီး အသုံးပြုသူအား မသိစေသည့် ဤပရိုဂရမ်များနှင့်အတူ install လုပ်စေသည်။ ၎င်းမှ သင့်ကွန်ပျူတာအား ကူးစက်ချိန် ၎င်းသည် သင့် browser အားအပိုင်သိမ်းလိုက်သည်။ ၎င်းသည် သင့် homepage အား search engine (Trotux) အတုတစ်ခုအဖြစ် ပြောင်းလိုက်ပြီးနောက် သင်ဝင်ရောက်ကြည့်ရှုသည့် မည်သည့် ဝက်ဘ်စာမျက်နှာတွင်မဆို ကျူးကျော်ကြော်ငြာများ ထည့်သွင်းလေတော့သည်။ အခြေအနေပိုဆိုးစေရန် ၎င်းသည် သင့် browser setting များအား ပြုပြင်ခြင်းအပေါ် တားဆီးသည်။

2. Appearch

Appearch သည် browser ပြန်ပေးဆွဲသည့်အရာတစ်ခုအဖြစ် လုပ်ဆောင်သည့် အလွန် အများသုံးဖြစ်သော အခြား adware ပရိုဂရမ်ဖြစ်သည်။ များသောအားဖြင့် အခြားသော အခမဲ့ ဆော့ဖ်ဝဲနှင့်အတူ ပေါင်းစည်းပါရှိပြီး ၎င်းသည် browser ထဲတွင် ကြော်ငြာအများအပြားထည့်သွင်းခြင်းကြောင့် ဝက်ဘ်ကြည့်ရန် မဖြစ်နိုင်တော့သည့်အခြေအနေဖြစ်စေသည်။

သင်မှ ဝက်ဘ်ဆိုဒ်တစ်ခုအား ဝင်ကြည့်ရန်ကြိုးစားချိန်တိုင်း သင့်အား Appearch.info ထံသို့ခေါ်သွားလိမ့်မည်။ သင်မှ ဝက်ဘ်စာမျက်နှာတစ်ခု ဖွင့်နိုင်ခဲ့လျှင်ပင် Appearch သည် ၎င်းပေါ်တွင် ကြုံရာ စာကြောင်း block များအား လင့်ခ်များအသွင် ပြောင်းလဲလိမ့်မည်ဖြစ်သောကြောင့် သင် စာကြောင်းရွေးချယ်သည့်အခါတိုင်း ဆော့ဖ်ဝဲ update များ ဒေါင်းလုတ်လုပ်ရန် ပေးသည့် pop-up တစ်ခုပေါ်လာလိမ့်မည်။

ကြော်ငြာများအပြင် Appearch သည် တခါတရံ သင့်အား သင် ဝင်ကြည့်ချင်သည့် ဝက်ဘ်ဆိုဒ်ဝင်ရောက်ခွင့်မှာ ကန့်သတ်ထားကြောင်းပြောသည့် မက်ဆေ့ချ်တစ်ခုကို ပြနေလိမ့်မည်။

3. DollarRevenue

ယခုတွင် အချိန်အတန်ကြာ မသုံးတော့သော်လည်း DollarRevenue သည် စိတ်ဝင်စားဖွယ်ကောင်းသည်မှာ ၎င်းသည် ကမ္ဘာတဝှမ်း ကွန်ပျူတာပေါင်း မီလီယံချီ ကူးစက်သည့် ပထမဆုံး အဓိက adware ပရိုဂရမ်များထဲမှ တစ်ခုဖြစ်သည်။ ၎င်းသည် ကွန်ပျူတာပေါ်တွင်လုပ်ဆောင်သော အင်တာနက်ရှာဖွေမှုများအား ခြေရာခံရန် ကူးစက်ခံရသည့်ကွန်ပျူတာပေါ်တွင် browser toolbar တစ်ခုအား install လုပ်လိမ့်မည်။ ထို့အပြင် ပရိုဂရမ်မှ စာမျက်နှာပေါ်နှင့် pop-up window များအသွင်ဖြင့် လှည့်စားသည့် ကြော်ငြာများကိုလည်း ပြလိမ့်မည်။

 နယ်သာလန်နိုင်ငံတွင် ၂၀၀၅ ခုနှစ်၌ ပရိုဂရမ်ရေးဆွဲခဲ့သည့် ၎င်းသည် ၂၀၀၇ ခုနှစ်နှောင်းပိုင်းတွင် ကမ္ဘာတဝှမ်း ကွန်ပျူတာပေါင်း ၂၂ မီလီယံကျော်အား ကူးစက်ခဲ့သည်။ ၎င်းအပြင် ဒက်ရှ် ကြေးနန်းဆက်သွယ်ရေး စောင့်ကြည့်အဖွဲ့မှ ဦးစီးသည့် စုံစမ်းစစ်ဆေးမှုတစ်ရပ်တွင် DollarRevenue သည် ကွန်ပျူတာပေါင်း ထောင်ချီကူးစက်ခံရသည့် botnet တိုက်ခိုက်မှုများတွင် အသုံးပြုတန်ဆာ ဖြစ်ခဲ့သည်။

4. DeskAd

DeskAd သည် သင့်အင်တာနက် browser အတွင်း လှည့်စားသည့် ကြော်ငြာများပြပြီး သင့် traffic အား သံသယရှိဖွယ်ဝက်ဘ်ဆိုဒ်များထံ လမ်းလွှဲကာ pop-up ကြော်ငြာများပြသည့် အခြား အများသုံး Adware ပရိုဂရမ်ဖြစ်သည်။ အခြားအလားတူပရိုဂရမ်များ နှင့် မတူသည်မှာ DeskAd သည် အလွန်သိုသိပ်စွာအစပြုပြီးသည့်နောက်မှသာလျှင် သင့် browser ၏ထိန်းချုပ်မှုအပြည့်အား တဖြည်းဖြည်းရယူသည်။ ထို့အတွက်ကြောင့်ပင် ၎င်းမှာ သတိပြုမိခြင်းမခံရဘဲ ပြဿနာအလွန်ကြီးလာသည့်အခါမှသာ operating စနစ်တစ်ခုအား reinstall လုပ်ခြင်းဖြင့်သာလျှင် ၎င်းအားဖြေရှင်းနိုင်သည်။

5. Gator

ယခုတွင် မသုံးတော့သော အခြား Adware ပရိုဂရမ်ဖြစ်သော Gator မှာ အပြုအမူပိုင်းဆိုင်ရာ မားကတ်တင်း၏ သဘောတရားအား အငြင်းပွားစေရန် ဦးဆောင်ခဲ့သည်။ Kazaa နှင့် Go!Zilla ကဲ့သို့ နာမည်ကြီး အခမဲ့ဆော့ဖ်ဝဲ နှင့်အတူပေါင်းစည်းပါရှိသော Gator သည် ဝက်ဘ်ဆိုဒ်များထံမှ ကြေငြာခြင်းအား ဖယ်ရှားလိမ့်မည်ဖြစ်ပြီး ၎င်း၏ကိုယ်ပိုင်ကြော်ငြာများဖြင့် အစားထိုးလိမ့်မည်။ ဆိုလိုသည်မှာ အကယ်၍ ဝက်ဘ်ဆိုဒ်တစ်ခု၏ ကြည့်သူများမှ ကြော်ငြာတစ်ခုအား နှိပ်ခဲ့လျှင် အကျိုးအမြတ်အားလုံးမှာ အကြောင်းအရာဖန်တီးသူထံအစား Gator ထံသို့ တိုက်ရိုက်သွားလိမ့်မည်။

မိုဘိုင်းစက်များပေါ်တွင်ရှိသော Adware

ကြော်ငြာထောက်ပံ့သောဆော့ဖ်ဝဲမှာ ဘီလီယံဒေါ်လာ စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်လာပြီး အခမဲ့ဆော့ဖ်ဝဲပေးသည့် ရေးဆွဲသူများအပေါ် ၎င်းတို့အား တိုးတက်မှုဆက်လက်လုပ်ဆောင်ရန် အခွင့်ပေးသည့် သို့မဟုတ် တိုးတက်မှုကုန်ကျစရိတ်အချို့အား ကာပေးသည့် ဝင်ငွေအချို့ကို ရှာပေးနိုင်သည်။ များသောအားဖြင့် အခြား ဆော့ဖ်ဝဲ ပက်ကေ့ချ်များနှင့် ပေါင်းစည်းပါရှိပြီး Adware သည် အသုံးပြုသူခြေရာခံမှုအပေါ်မူတည်၍ ကိုယ်ပိုင်ကြော်ငြာများအတွက် ခွင့်ပြုခြင်းဖြင့် ယနေ့ခေတ်၏ အခမဲ့ဆော့ဖ်ဝဲ အများစုတွင် အသုံးများသည်။

Android မှာ Adware နှင့် မစိမ်းတော့ပေ။

အကျိုးဆက်အနေဖြင့် Android အက်ပလီကေးရှင်းရေးဆွဲသူများသည် ထို framework များမှ ကိုယ်ရေးကိုယ်တာ အသုံးပြုသူအချက်အလက်အား မည်မျှခြေရာခံသည့်အပေါ် အပြည့်အဝမနားလည်ဘဲ ၎င်းတို့၏ အခမဲ့အက်ပလီကေးရှင်းများအတွင်း Adware framework များကို မကြာခဏ ပေါင်းစည်းထည့်တတ်ကြသည်။

ကိုယ်တိုင် အန္တရာယ်မပြုချိန် Adware မှာ အထူးသဖြင့် browser traffic မှာ စဉ်ဆက်မပြတ် လမ်းလွှဲခံရစဉ်၊ popup များ နှင့် အနှောင့်အယှက် ဖန်သားပြင်များမှ တရားဝင်ဝက်ဘ်စာမျက်နှာများအား ပိတ်ဆို့စဉ် နှင့် အက်ပလီကေးရှင်းများမှ သင့်အား အခြားအက်ပလီကေးရှင်းများ install လုပ်ခြင်းအကြောင်း အကြောင်းကြားမှုများနှင့်အတူ စတင်နှောင့်ယှက်စဉ် တော်တော်လေး အနှောင့်အယှက်တစ်ခုဖြစ်နိုင်သည်။

ပရိုဂရမ်ရေးဆွဲသူများက ဘာကြောင့် Adware ကို ပေါင်းထည့်ထားရတာလဲ ?

သင်မှ Android အက်ပလီကေးရှင်းတစ်ခုအား အခမဲ့ဒေါင်းလုတ်လုပ်ပြီး ၎င်း၏သွင်ပြင်လက္ခဏာရပ်များအားလုံးအား အသုံးပြုနိုင်သည့်အတွက်ကြောင့်တော့ သင် ၎င်းအတွက် အဖိုးခမပေးရဟု မဆိုလိုပါ၊ ဤအနေအထားတွင် သင်မှ သင့်နေ့စဉ်လုပ်ရပ်အား ခြေရာခံရန် ၎င်းအားအခွင့်ပေးခြင်းဖြင့် သင်ပေးနေသောကြောင့်ပေ။ Adware SDKs ဟုလည်းအမည်ရသော Adware framework များသည် များသောအားဖြင့် ကုဒ်အပိုင်းအစများဖြစ်ကြပြီး ရေးဆွဲသူများမှ ကတိပြုခြင်းနှင့်အတူ ၎င်းတို့၏ အက်ပလီကေးရှင်းများအတွင်းတွင် copy-paste လုပ်ခြင်းဖြင့် အသုံးပြုသူများမှ အက်ပလီကေးရှင်းအတွင်းရှိ ကြော်ငြာများအပေါ် နှိပ်သည့်အကြိမ်အရေအတွက်အပေါ် ဝင်ငွေအချို့နှင့်အတူ ထိုသူတို့မှာ အထိုက်အလျောက်ရရှိမည်ဖြစ်သည်။

ထို Adware framework များမှတဆင့် အတိအကျမည်မျှ သတင်းအချက်အလက် စုဆောင်းရမိခြင်း၊ ၎င်းတို့မှာ မည်မျှကျူးကျော်မှုရှိနေခြင်း၊ သို့မဟုတ် ထိုခေါင်းစည်းတန်းများမှတဆင့် မည်သည့်ကြော်ငြာအမျိုးအစားများ ဖြစ်နိုင်ခြင်းတို့အပေါ် ပရိုဂရမ်ရေးဆွဲသူများအတွက် သတိမမူမိရန်မှာ အဆန်းမဟုတ်ပေ။

ဘယ်အရာကို ခြေရာခံပြီး အချက်အလက်တွေကို ဘယ်သူက ရသလဲ

Adware နှင့်အတူ Android အက်ပလီကေးရှင်းများ ပေါင်းစည်းခြင်းမှာ မသေချာသော တရားဝင်အလေ့အထတစ်ခုဖြစ်ပြီး အက်ပလီကေးရှင်းအားလုံး၏ စည်းကမ်းနှင့်သတ်မှတ်ချက်များတွင် များသောအားဖြင့် အားလုံးရေးမှတ်ထားသည်။ သို့သော် မည်သည့်အရာအတွက် အတိအကျ သင့်ခြေရာခံရမည်နှင့် ထိုအချက်အလက်အား မည်သူမှလက်ခံရရှိမည်အကြောင်း ရှင်းပြထားသော်လည်း အမှန်စင်စစ် မည်သူမျှ စာမျက်နှာ ဒါဇင်လိုက်အား ဖတ်ရန်စိတ်မဝင်စားပေ။

သင့် browsing သမိုင်းကြောင်း၊ ဝက်ဘ်ရှာဖွေမှုများ နှင့် အသုံးပြုသည့် အက်ပလီကေးရှင်းများအားလုံးမှာ များသောအားဖြင့် Adware framework များအားဖြင့် ခြေရာခံမိသည်။ ဤသတင်းအချက်အလက်မှာ များသောအားဖြင့် အသုံးပြုသူ၏ ဈေးဝယ်ပြုမူပုံ၊ စိတ်ဝင်စားမှုများ နှင့် ဈေးကွက်ရှာဖွေသူများအတွက် ၎င်းတို့၏ ဈေးကွက်ရှာဖွေရေး ကမ်ပိန်းများ မည်သို့တည်ဆောက်ရာတွင် နားလည်ဖို့ အလုံးစုံ ဖုန်းအသုံးပြုမှု ပုံစံများအား နားလည်ရန်ကြိုးစားမှုတစ်ခုတွင် အသုံးပြုသူတစ်ဦးချင်းစီ၏ virtual ပြုမှုပိုင်းဆိုင်ရာ ပရိုဖိုင်တစ်ခု တည်ဆောက်ရန်အသုံးပြုသည်။

ထိုအချက်အလက်များတွင် အမည် သို့မဟုတ် IP လိပ်စာ အစရှိသော တစ်ဦးချင်းစီသတ်မှတ်နိုင်သည့် သတင်းအချက်အလက် မပါရှိသော်လည်း ၎င်းအား အသုံးပြုသူတစ်ဦးချင်းစီအတွက် အတော်လေးသင့်လျော်သည့် ပြုမှုပိုင်းဆိုင်ရာပရိုဖိုင်တစ်ခု တည်ဆောက်ရန် အသုံးပြုနိုင်သည်။ ဤသတင်းအချက်အလက်များသည် တခါတရံ ဈေးကွက်ရှာဖွေသူတစ်ဦးထက်ပို၍ ၎င်းတို့အကြား ဖြန့်ဝေခြင်းခံရသဖြင့် အသုံးသူများမှာ တခါတရံ လုံးလုံးလျားလျား ဆက်စပ်မှုမရှိသော ကုန်ပစ္စည်းများ နှင့် ဝန်ဆောင်မှုများထံ ဝက်ဘ်ဆိုဒ်ကြော်ငြာများ သို့မဟုတ် အီးမေးလ်မှ တဆင့် “ကိုယ်ပိုင်” ကမ်းလှမ်းမှုများ နှင့်အတူ တိုက်ခိုက်ခံရခြင်းဖြင့် အဆုံးသတ်ကြရသည်။

Adware သည် အမြဲတမ်း မညှာတာပေ

ကြော်ငြာအများစုမှာ စိတ်အနှောင့်အယှက်ဖြစ်စေနိုင်ချိန် ဆိုက်ဘာဒုစရိုက်သမားများသည် အသုံးပြုသူများအား malware လုပ်ဆောင်သော သို့မဟုတ် လိမ်လည်သည့်ဝက်ဘ်ဆိုဒ်များထံ ဝင်ရောက်ကြည့်ရှုမိစေရန် လှည့်ဖျားရာတွင် ကြော်ငြာများအား တခါတရံ အသုံးပြုတတ်ကြသည်။ အဘယ်ကြောင့်ဆိုသော် ရေးဆွဲသူများမှာ ၎င်းတို့၏ အက်ပလီကေးရှင်းများအတွင်း အမှန်စင်စစ် မည်သူက ကြော်ငြာသည့်အပေါ် ထိန်းချုပ်မှုမရှိသောကြောင့်ပေ၊ ထိုအရာအတွက် တာဝန်ရှိသည့် Adware ကုမ္ပဏီမှာ တခါတရံ အန္တရာယ်ရှိ ဝက်ဘ်ဆိုဒ်များ ပြသမိခြင်းတွင် ဆိုက်ဘာဒုစရိုက်သမားများအားဖြင့် လှည့်စားခံရကြသည်။

နည်းစနစ်အား သာမန်အားဖြင့် “malvertising” ဟုရည်ညွှန်းနိုင်သည်။ ၎င်းတွင် ခံရသူများအား ဆိုက်ဘာဒုစရိုက်သမားများမှ ထိန်းချုပ်သည့် ဝက်ဘ်ဆိုဒ်များထံ ဖျားယောင်းခေါ်ရန် တရားဝင် Adware ဝန်ဆောင်မှုများ၏ ခြယ်လှယ်မှု ပါဝင်သည်။ ဤကမ်ပိန်းများအား များသောအားဖြင့် နာရီပိုင်း သို့မဟုတ် ရက်ပိုင်းအတွင်း တွေ့ရှိနိုင်စဉ် ၎င်းတို့မှာ သိသိသာသာပျက်စီးမှု ကျရောက်စေနိုင်သည်။

Adware ထံမှ လုံခြုံစွာနေထိုင်ခြင်း

Adware ပေါင်းစည်းပါသည့် အက်ပလီကေးရှင်းများအား ရှင်းလင်းရန် ဦးတည်ရာတွင် လှည့်ကွက်အနည်းငယ်ရှိသည်။ တစ်ခုမှာ Android မိုဘိုင်း လုံခြုံရေး solution တစ်ခု install လုပ်ခြင်းသည် အန္တရာယ်ရှိ အက်ပလီကေးရှင်းများ နှင့် adware ကူးစက်ခံရသည့် အက်ပလီကေးရှင်းများအား စုံစမ်းစစ်ဆေးရန် အထိရောက်ဆုံး နည်းလမ်းများထဲမှ တစ်ခုဖြစ်သည်။ မည်သည့်အက်ပလီကေးရှင်းများ၌ အသေးအဖွဲ Adware ရှိကြောင်း ရှာဖွေရန် ခက်ခဲသော်လည်း လုံခြုံရေး ကုမ္ပဏီများသည် အက်ပလီကေးရှင်းအားလုံး၏ လုံခြုံရေးအနေအထားအား စဉ်ဆက်မပြတ် ရယူပြီး သုံးသပ်ပေးကာ သင့်အား install လုပ်ထားသော အက်ပလီကေးရှင်းအားလုံး၏ လုံခြုံရေး အနေအထားကို တင်ပြပေးပြီး လုံခြုံစွာထားရှိပေးသည်။

အက်ပလီကေးရှင်းများ install မလုပ်ခင် တောင်းဆိုသည့် ခွင့်ပြုချက်များ၏ အမျိုးအစားအား စီစစ်ရန်လည်း အရေးကြီးသည်မှာ ဤအရာသည် များသောအားဖြင့် ၎င်းတို့ မည်မျှ ခြေရာခံ လုပ်ဆောင်ခြင်း တတ်စွမ်းမှု၏ ကောင်းသောညွှန်ပြချက်တစ်ရပ် ဖြစ်သည်။

သင့် ကွန်ပျူတာ Adware ဖြင့် ကူးစက်ခံရကြောင်း လက္ခဏာရပ်များ

Adware သည် သင့်ကွန်ပျူတာပေါ်တွင် သင် ပရိုဂရမ်တစ်ခု (ဂိမ်း သို့မဟုတ် tool တစ်ခုကဲ့သို့) run စဉ် တခါတရံ ကြော်ငြာများအား သင့် ဖန်သားပြင်ပေါ်သို့ အဓ္ဓမတွန်းပို့နိုင်သည်၊ သို့သော် များသောအားဖြင့် ၎င်းသည် “browser-ပြန်ပေးဆွဲသည့်အရာ” တစ်ခုအသွင် ယူပြီး သင် သင့် ဝက်ဘ် browser အသုံးပြုမှုအပေါ် အထူး အာရုံစိုက်သည်။

သတိထားရမည့် ထူးခြားသည့် အပြုအမူများမှာ

  • သင့် browser ၏ home page မှာ မမျှော်လင့်ဘဲ ပြောင်းလဲသွားခြင်း
  • သင့် browser မှာ သိသိသာသာ နှေးကွေးသွားပြီး ပျက်သွားခြင်း
  • သင် မကြာခဏ ဝင်ကြည့်သော ယုံကြည်ရသည့်ဝက်ဘ်ဆိုဒ်များမှာ သင့်အား ထူးဆန်းသောဆိုဒ်များထံ လမ်းလွှဲခြင်း သို့မဟုတ် ရုတ်တရက် ကျူးကျော်ဝင်ရောက်သည့် ကြော်ငြာအများအပြား စတင်ပြသခြင်း
  • ရှာဖွေမှုများမှ သင့်အား မရင်းနှီးသည့် search engine results စာမျက်နှာတစ်ခု ထံ ခေါ်သွားခြင်း
  • သင့် browser toolbar ပေါ်တွင် extension အသစ်များ နှင့် icon အသစ်များ ပေါ်လာခြင်း
  • ပုံမှန်-ထင်ရသည့် pop up ကြော်ငြာများမှာ ပိတ်၍မရနိုင်တော့ခြင်း
  • Pop-up ကြော်ငြာများမှ သင့်ကွန်ပျူတာမှာ ဗိုင်းရပ်စ်တစ်ခုရှိကြောင်းနှင့် အရေးပေါ် update တစ်ခုလိုအပ်ကြောင်း သတိပေးခြင်းe

သင့်အနေနှင့် သင် တွေ့မြင်နေကျ ကြော်ငြာများမှာ သာမန်ထက် ပို၍အန္တရာယ်ရှိပြီး ကျူးကျော်မှုရှိကြောင်း ပုံမှန်အားဖြင့် ပြောဆိုနိုင်လိမ့်မည်။

ဘလော့တစ်ခုအား ဝင်ကြည့်ခြင်း နှင့် သင်မှတ်မိသည့် တံဆိပ်များအတွက် ကြော်ငြာအနည်းငယ်အား မြင်ရခြင်းမှာ ပုံမှန်အားဖြင့် adware လက္ခဏာရပ်တစ်ခု မဟုတ်ပေ။

ထိုကြော်ငြာများ ဆထက်တိုးများလာပြီး သင့်ဖန်သားပြင်အား ပြည့်သွားစေကာ ပိတ်၍မရနိုင်တော့ဘဲ သင့်အား ဖုံးကွယ်ထားသော ဝက်ဘ်ဆိုဒ်များ သို့မဟုတ် NSFW အကြောင်းအရာထံ တိုက်တွန်း လမ်းလွှဲလျှင် သင့်ကွန်ပျူတာမှာ Adware install လုပ်ခြင်းခံရပြီဖြစ်ကြောင်း သံသယရှိသင့်သည်။

Adware ကို ဘယ်လို ဖယ်ရှင်းရမလဲ

သင့်ကွန်ပျူတာပေါ်မှ Adware အား ဖယ်ရှင်းရန် ဘုံနည်းလမ်း မရှိပေ။ Adware အမျိုးအစားအချို့အား ဖယ်ရှင်းခြင်းမှာ browser extension တစ်ခု uninstall လုပ်ခြင်း နှင့် သင့် browser ပြန်အစပြုခြင်း ကဲ့သို့ လွယ်ကူနိုင်သည်။ အခြား Adware အမျိုးအစားများအတွက် ၎င်းတို့အား စုံစမ်းထောက်လှမ်းရန် နှင့် အောင်မြင်စွာ ဖယ်ရှင်းရန် Adware ဖယ်ရှင်းသည့် tool များ အသုံးပြုရန် သင်လိုအပ်ပေမည်။

သို့သော်လည်း အကောင်းဆုံး နည်းလမ်းမှာ Adware ကူးစက်မှုအား ကြိုတင်ကာကွယ်ရန် ဖြစ်သည်။

BITDEFENDER ရယူရန်

၁။ Antivirus ဆော့ဖ်ဝဲအား install လုပ်ပြီးလျှင် ၎င်းအား နောက်ဆုံးပေါ်ဖြစ်နေစေရန် သေချာအောင်လုပ်ပါ

Bitdefender Antivirus က သင့်ကို Adware ထံမှ ဘယ်လို အကာအကွယ်ပေးလဲ ?

Bitdefender ၏ အလွှာ မျိုးစုံဖြင့် ကာကွယ်မှု သည် သင့်မှတ်တမ်းများ၊ ရုပ်ပုံများ နှင့် ဗီဒီယိုများအား Adware, Malware နှင့် များစွာ အပါအဝင် သိပြီးသား နှင့် ဆက်လက်ထွက်ပေါ်လျက်ရှိသော ခြိမ်းခြောက်မှုများ အားလုံးထံမှ လုံခြုံအောင် သိမ်းပေးသည်။ ၎င်းသည် install လုပ်ရန် နှင့် အသုံးပြုရန် လွယ်ကူသည်။ Install လုပ်ပြီးချိန်တွင် scan အပြည့်ဖတ်ခြင်း လုပ်ဆောင်ပေးပြီး သင့်အစီရင်ခံချက်အား ကြည့်ပေးသည်။ အန္တရာယ်ရှိသော Adware မှာ ဖယ်ရှင်းခံရသင့်သည်။

Adware ရရှိခြင်းကနေ ဘယ်လို ရှောင်ရှားမလဲ

Adware အား ကိုင်တွယ်ဖြေရှင်းရန် အလွယ်ကူဆုံးနည်းလမ်းမှာ အစကနဦး၌ကပင် ၎င်းအား ရှောင်ရှားရန် ဖြစ်သည်။

တခါတရံ Adware ဒေါင်းလုတ်တစ်ခုမှာ သင့်ထိန်းချုပ်မှု ပြင်ပတွင် ရှိနေလိမ့်မည် – ဥပမာ အကယ်၍ သင်မကြာခဏ ဝင်ကြည့်သော ယုံကြည်ရသည့် ဝက်ဘ်ဆိုဒ်တစ်ခုမှာ hack ခံရခြင်း သို့မဟုတ် ကူးစက်ခံရခြင်း

သို့သော် သင်ကိုယ်တိုင်နှင့် သင့်ကွန်ပျူတာ ကာကွယ်ရန် အွန်လိုင်း ယူသင့်သည့် ကြိုတင်သတိထားရမည့် အချက်များ အနည်းငယ်ရှိသည် –

  • သင် ဒေါင်းလုတ်လုပ်သည့်အရာအား သတိထားပါ (Freeware သို့မဟုတ် shareware ဒေါင်းလုတ်လုပ်စဉ် အကယ်၍ adware သို့မဟုတ် အချက်အလက်-စုဆောင်းသည့် ဆော့ဖ်ဝဲ ဖော်ပြခြင်း ရှိမရှိ ကြည့်ရန် အသုံးပြုသူ သဘောတူညီချက်များ ဖတ်ရန် သေချာစေပါ)
  • အန္တရာယ်ရှိသော သို့မဟုတ် NSFW ကြော်ငြာများ သုတ်သင်ရှင်းလင်းရန် Pop-up blocker သုံးပါ (သင့်အနေနှင့် Google Chrome တွင် ဤအရာအား အလွယ်တကူ လုပ်နိုင်သည် Preferences -> Privacy -> Content Settings)
  • ဖုံးကွယ်ထားသော သို့မဟုတ် အန္တရာယ်ရှိပုံရသည့် ကြော်ငြာများအား မနှိပ်ပါနှင့်
  • မယုံကြည်ရသော သို့မဟုတ် မရင်းနှီးသော ဝက်ဘ်ဆိုဒ်များအား မဝင်ကြည့်ပါနှင့်
  • ပုံမှန် Antivirus နှင့် Adware scan များကို run ပေးပါ
  • စုံစမ်းထောက်လှမ်းခြင်းအား ပိုမိုလွယ်ကူစွာ ပြုလုပ်ရန် anti-spyware ဆော့ဖ်ဝဲ အား install လုပ်ပါ

နိဂုံးချုပ်

Adware နှင့် ၎င်း၏ ပါဝင်သောအစိတ်အပိုင်းများအား ဖျက်ဆီးခံရသည့်စက်များထံမှ ဖယ်ရှားရန် အားအထားရဆုံးနည်းလမ်းမှာ တရားဝင် anti-virus ပရိုဂရမ် တစ်ခုအား သုံးခြင်းဖြစ်သည်။ မှတ်သားထားရမည်မှာ နာမည်ကောင်းရှိပြီး အသိအမှတ်ပြုခံရသော anti-malware ဆော့ဖ်ဝဲ သာလျှင် နောက်ဆုံးပေါ် malware ကူးစက်မှုများကို စုံစမ်းထောက်လှမ်းပြီး သုတ်တင်ဖယ်ရှင်းရန် ၎င်းတို့အား ခွင့်ပြုသည့် ပုံမှန် update ဖြစ်နေသည့် ဗိုင်းရပ်စ် database များ ရှိသည်။ ထို့အပြင် ထိုသို့သော tool များအပေါ် ရင်းနှီးမြှုပ်နှံခြင်းသည် ၎င်းတို့မှ malware တိုက်ခိုက်မှုများအား ကြိုတင်ကာကွယ်ပေးလိမ့်မည်ဖြစ်သည့်အတွက် အနာဂတ်တွင် အကျိုးအမြတ်ပြန်ပေးလိမ့်မည်။ 

Bitdefender အကြောင်း မည်သည့်မေးခွန်း သို့မဟုတ် အကြံဉာဏ်မဆို ကျေးဇူးပြု၍ ကျွန်ုပ်တို့အဖွဲ့အား ဆက်သွယ်ပါ၊ ကျွန်ုပ်တို့မှ ကူညီရန် အတိုင်းထက်အလွန် နှစ်သက်ပါသည်။

ယနေ့ပင် ကျွန်ုပ်တို့ထံ ဆက်သွယ်လိုက်ပါ

Bitdefender ကို ရက် 30 အခမဲ့စမ်းသုံးပါ

သင့်စက်ပစ္စည်းအားလုံးအတွက် ဆုရ ကာကွယ်မှု

ယခုရယူပါ

အကူအညီလိုပါသလား။

ကျွန်ုပ်တို့၏ နည်းပညာရှင်များသည် 24/7 အသင့်ရှိပါသည်။

အကူအညီစာမျက်နှာသို့သွားပါ

ဆက်စပ်ဆောင်းပါးများ

Adware ဆိုတာ ဘာလဲ ?